ဆီးချိုရောဂါကို ဘယ်လိုရင်ဆိုင်မလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အားလပ်ရက်တွေမှာ စားစရာတွေ များနေတဲ့အတွက် ဆီးချိုရောဂါရှိတဲ့ သူတွေအတွက်တော့ ဝမ်းနည်းဖို့ ကောင်းနေနိုင်ပါတယ်။ ဘယ်ကိုစားသင့်လဲ၊ ဘယ်လောက်စားသင့်လဲ ဆိုတဲ့ မေးခွန်းတွေ သိချင်နေမှာပါ။ ဒီရက်တွေမှာ ကိုယ်လည်းပျော်ရွှင်ရအောင် ဆီးချိုလည်း ထိန်းတဲ့သဘော ဖြစ်အောင် ကြိုတင်ပြီး အစီအစဉ်ချထားသင့်ပါတယ်။

အချိန်ကိုက်စားပါ။

တချို့မိသားစုတွေက အားလပ်ရက်မှာ အချိန်မခါ မဟုတ်ဘဲ အစားတွေစားတတ်ကြပါတယ်။ ဥပမာအားဖြင့် ကျေးဇူးတော်ချီးမွန်းတဲ့ ညစာစားပွဲတွေဆိုရင် နေ့လည်လောက်ကနေ ညအထိ စားသောက်ကြပါတယ်။ ဒီလို ပုံမှန်စားနေကျမဟုတ်တဲ့ အခြေအနေတွေအတွက် ကြိုတင်စီစဉ်ထားသင့်ပါတယ်။

သွေးတွင်း သကြားဓါတ်ကျစေတဲ့ ထိုးဆေးတွေ သောက်ဆေးတွေ သုံးနေရတဲ့ ဆီးချိုသမားတွေအတွက် ပုံမှန်ထမင်းစားချိန်မှာ သွေးတွင်းသကြားဓါတ်ကျဆင်းမှု ကာကွယ်နိုင်ဖို့ အဆာပြေတစ်ခုခု စားသင့်ပါတယ်။ ဒီအတွက် သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ပါ။

ကိုယ်လက်တက်ကြွစွာနေထိုင်ပါ

အစာကျေဖို့အတွက် မိသားစုနဲ့လမ်းလျှောက်ခြင်း၊ ဝါသနာပါရာ အားကစားတစ်ခုခုလုပ်ခြင်း စသဖြင့် ပြုလုပ်နိုင်ပါတယ်။
သင်ကြိုက်တဲ့အစားတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် ပြင်ဆင်ပါ။
အသီးစားရင် သကြားမထည့်ပါနှင့်။ သဘာဝ အချိုဓါတ်ရှိပြီးဖြစ်လို့ သကြားထပ်မလိုပါဘူး။

အမယ်တွေကို စစ်ဆေးပါ

ကျေးဇူးတော်ချီးမွန်းတဲ့ ညစာစားပွဲတွေမှာ ကစီဓါတ်ပါဝင်မှု များတဲ့ အစားအသောက်တွေ ရှိပါတယ်။ (ဖရုံသီးပီဇာ၊ အာလူးထောင်း၊ ဘယ်ရီသီချဉ်ရည် စသည်ဖြင့်)။
ကိုယ်က အားလုံးစားဖြစ်တယ်ဆိုရင်တောင် နည်းနည်းချင်းစီ စားပါ။

အသေးဆုံးရွေးစားပါ

ဘာလို့လဲဆိုတော့ ရိုးရာကျေးဇူးတော် ချီးမွန်းတဲ့ ညစာစားပွဲတွေမှာ တည်ခင်းတဲ့ အစားအသောက်တွေက ကဒီဓါတ် အရမ်းများပါတဲ့အတွက် အသေးဆုံးကို ရွေးစားပါ။ ဘယ်အစားအစာက ကစီဓါတ်နည်းသလဲ မသိရင် အသေးဆုံး အစိတ်အပိုင်းသာ စားပါ။ အစားအသောက် အမယ်တွေရဲ့ အမြည်းသာ စားပါ။

ဟင်းသီးဟင်းရွက်စားပါ

လူတိုင်းအသီးအရွက်စားဖို့ အရေးကြီးပါတယ်။ သို့သော် အားလက်ရက် စားသောက်ဖွယ် အမယ်တွေထဲမှာတော့ ဟင်းသီးဟင်းရွက်က နည်းပါတယ်။ ကျွန်တော်တို့ဟာ စားသောက်ပွဲကို အမယ်စုံအောင် ကြိုးစားတတ်ကြပါတယ်။ ဘာဖြစ်လို့ အရောင်စုံတဲ့ အသီးအရွက်တွေ ထည့်ဖို့ မစဉ်းစားကြတာပါလဲ။ အသီးအရွက်တွေကလည်း အလွန်အားဖြစ်စေပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။