အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 17, 2020 . 2 mins read
Share now

အအေးမိ၊ တုပ်ကွေးရာသီ လို့တောင် ခေါ်ကြတဲ့ မိုးရာသီမှာ ကိုယ်ခံအားနည်းသူတွေ အဖို့ နှာစေး၊ ‌ချောင်းဆိုးနဲ့ မကင်းနိုင်ရှာပါဘူး။ ထစ်ခနဲဆို ဟက်ချိုး ပဲ။ အဲဒီမှာ ပြဿနာ စတော့တာ မဟုတ်လား။

အအေးမိတုပ်ကွေး ဗိုင်းရပ်စ်တွေ ရဲ့ လက္ခဏာ အတိမ်အနက်နဲ့ ဘယ်အချိန် သက်သာ ပျောက်ကင်းမလဲ ဆိုတာက ကာယကံရှင်ရဲ့ ကိုယ်ခံအားစနစ်မှာ အဓိက မူတည်နေတာပါ။ ဥပမာ တချို့ဆို ဖျားတဲ့အဆင့်ထိ မရောက်ဘဲ နှာစေးတဲ့ အဆင့် မှာတင် ပြန်သက်သာသွားတာမျိုး၊ တချို့ကျ နှာစေး၊ ချောင်းဆိုးလည်ချောင်းနာ၊ ကိုယ်ပူတာ အတော်ကြာကြာ ခံစားရတတ်ပါတယ်။

ဒါ့ကြောင့် ရောဂါတွေကို ကာကွယ်နိုင်စွမ်း၊ ခုခံနိုင်စွမ်း သူများထက် ပိုကောင်းချင်တယ်ဆို ကိုယ်ခံအားစနစ် ကို အကောင်းဆုံး ဂရုစိုက်ပြုစုထားဖို့ အရေးကြီးပါတယ်။

ဘာတွေ ဆင်ခြင် ရမလဲ

ကိုယ်ခံအား ကောင်းရင် တော်ရုံ နေမကောင်းမဖြစ်ဘူးဆိုပေမယ့် အခန့်မသင့်လို့ ဖျားနာတဲ့ အခါတောင် ဆင်ခြင်နေထိုင်တတ်မယ် ဆိုရင် အဖျား မြန်မြန် သက်သာစေနိုင်ပါတယ်။ နေမကောင်း ဖြစ်ချိန်မှာ ဆင်ခြင်သင့်တာက –

(၁) မလိုအပ်ဘဲ ထူထူ မဝတ်ပါနဲ့

ရာသီဥတု အေးလို့၊ ချမ်းတုန်နေလို့ ဆို ထားတော့။ လိုအပ်ရင် အနွေးထည်ဝတ်၊ စောင်ခြုံလို့ ရတာပဲကို။ အဝတ်အစားကို ထူထူဝတ်ဖို့ မလိုပါဘူး။ ဖျားနေချိန်မှာ အဝတ်အစားကို ပေါ့ပေါ့ပါးပါး ချည်သားပါတာ ဝတ်ဆင်သင့်တယ်။

လေဝင်လေထွက် ကောင်းဖို့၊ ချွေးစုပ်ဖို့၊ အိုက်လှောင်မနေဖို့ ဖြစ်ပါတယ်။ အဝတ်ထူထူ ဝတ်ထားရာက ချွေးထွက်များပြီး ကိုယ်အပူချိန် ထိုးကျတဲ့အခါ ဆိုးကျိုး ရှိလာနိုင်ပါတယ်။ ချွေးအေးပတ်လို့ ပြန်ဖျားတယ် ဆိုတာ ကြားဖူးတယ် မဟုတ်လား။

(၂) အစာ မစားဘဲ မနေပါနဲ့

တချို့က နေမကောင်းတဲ့အချိန် အစားစားရင် အဖျားပိုတက်တယ် လို့ အစွဲရှိကြပါတယ်။ ဆန်ပြုတ်အရည်ပဲ သောက်ရမယ်၊ ထမင်းမစားရဘူး ဆိုပြီး ကန့်သတ်ထားကြပါသေးတယ်။ တကယ်တမ်းက အစာကြေလွယ်စေမယ့် အစားအစာ ဆိုရင် အရည်ဖြစ်ဖြစ်၊ အဖတ်ဖြစ်ဖြစ် ရပါတယ်။

နေမကောင်းတဲ့ အချိန်မှာ ခန္ဓာကိုယ်က အာဟာရ ပြည့်ဝနေဖို့ ပိုပြီးတောင် လိုအပ်ပါတယ်။ အဲဒီအချိန်မှာ အစားရှောင်ပြီး အားနည်းလာမယ် ဆိုရင် ကိုယ်ခံအားကို ထိခိုက်စေပြီး ရောဂါကို ခုခံနိုင်စွမ်း ပိုနည်းစေပါလိမ့်မယ်။

(၃) မနားဘဲ မနေပါနဲ့

နေမကောင်းတဲ့ အချိန်မှာ အနားမယူဘဲ အလုပ်တွေ ဆက်လုပ်တာ၊ အပင်ပန်းခံတာတွေ မလုပ်သင့်ပါဘူး။ ရောဂါဒဏ် ကို ခုခံနိုင်ဖို့ အားပြန်မွေးရပါမယ်။ နားနားနေနေ နေမှသာ ကိုယ်ခံအားစနစ် ရဲ့ လုပ်ဆောင်ချက်တွေ ပိုကောင်းစေပါလိမ့်မယ်။

(၄) အိပ်ရေးဝအောင် အိပ်ပါ

နေမကောင်းရတဲ့ အထဲ အိပ်ရေးပျက်ခံမယ် ဆိုရင် ကိုယ်ခံအား ပိုနည်းပြီး တခြားရောဂါတွေပါ ဝင်လာနိုင်ပါတယ်။ ပြည့်ပြည့်ဝဝအိပ်စက်ခြင်းက ကိုယ်ခံအားစနစ်ရဲ့ကြံ့ခိုင်မှုအတွက် အဓိကသော့ချက်ပါ။

ဒါမှ ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေကို ခုခံတိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ သုတေသနတစ်ခု အရ ဆိုရင် တစ်ညကို အိပ်ချိန် ၇ နာရီမပြည့်တဲ့သူတွေဟာ အအေးမိဝေဒနာ ခံစားရနိုင်ခြေမှာ ထိပ်ဆုံးကနေ ၃ ဆ ပိုများနေတယ် လို့ ဆိုပါတယ်။

(၅) ရေ သို့မဟုတ် အရည် သောက်ပါ

ကိုယ့်ကိုယ်ကိုယ် ရေဓာတ် ပြည့်ဝအောင် ဂရုမစိုက်ရင် ရောဂါဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ နေမကောင်းဖြစ်ချိန်မှာ ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ ဆေးတွေကြောင့် အာခေါင်ခြောက်ခြင်း၊ ချွဲသလိပ်တွေ ထွက်ခြင်းတို့ကြောင့် ခြောက်ခန်းသွားတဲ့ အရည်ဓာတ်ကို ပြန်လည် ဖြည့်တင်းပေးရပါမယ်။ ရေ သို့မဟုတ် အရည် (ဥပမာ ကြက်စွပ်ပြုတ်) များများ သောက်ပေးပါ။

(၆) စပ်ဆေး တွေ အလွယ်မသောက်ပါနဲ့

နေမကောင်းဖြစ်ချင်သလိုလို ရှိလာတာနဲ့ ဖြစ်သလို စပ်ဆေး ဝယ်သောက်လိုက်တာ နည်းလမ်းကောင်း မဟုတ်ပါဘူး။ စပ်ဆေး တွေမှာ ပဋိဇီဝပိုးသတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သင့်တဲ့ဆေးတွေ ပါဝင်နေတတ်လို့ ပါပဲ။

ထစ်ခနဲရှိ ပဋိဇီဝပိုးသတ်ဆေးတွေ သောက်ဖို့ လောနေတာ မကောင်းပါဘူး။ ပဋိဇီဝပိုးသတ်ဆေး ဆိုတာ ဘက်တီးရီးယား ကိုပဲ သေစေတာ ဖြစ်ပြီး အအေးမိတုပ်ကွေး ရောဂါပိုးတွေက ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တာပါ။

ပဋိဇီဝဆေးဝါး တွေကို မလိုအပ်ဘဲ ပိုသောက်သုံးရင် ဘေးထွက်ဆိုးကျိုး ခံစားရတာပဲ အဖတ်တင်နိုင်ပြီး အခန့်မသင့်ရင် ဆေးယဉ်ပါးတဲ့ အနေအထားပါ ဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပိုး တွေသာ ဆေးယဉ်ပါးလာခဲ့ရင် ပဋိဇီဝဆေးတွေ ဘယ်လောက် သောက်သောက် သူတို့ကို မနှိမ်နင်းနိုင်တော့ပါဘူး။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက်အိပ်တဲ့အခါ ပန်ကာလေဖွင့်ပြီး အိပ်တာက ဆိုးကျိုးအနည်းငယ်ရှိပါတယ်။ ဒါကြောင့် ပန်ကာကို ဆက်တိုက်ဖွင့်မယ့်အစား တခြားနည်းလမ်းတွေသုံးပြီး အေးအောင်နေသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ………

ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာထဲမှာ ဆေးယဉ်ပါးတာကလည်း တစ်ခု အပါအဝင်ပေါ့။ ယဉ်ပါးမှုက ကေင်းပေမယ့် ဆေးယဉ်ပါးတာက အသက်အန္တရာယ်ရှိစေနိုင်တဲ့ ကိစ္စတစ်ရပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့စကားတွေဟာ တစ်ဖက်သားကို စိတ်ချမ်းမြေ့စေနိုင်တယ်ပေါ့။ ဒါတင်မကပါဘူး ရိုးသားခြင်းဟာ တဖက်သားကိုသာမက ကိုယ်တိုင်အတွက်လည်း အကျိုးထူးစေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ။ ဆောင်းမနက်ခင်း အေးအေးလေးတွေမှာ ကျန်းမာရေးအတွက် စက်ဘီးစီးပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 1 min read
ငှက်ပျောဖူး ကြိုက်ကြလား..............

ငှက်ပျောဖူး ကြိုက်ကြလား…………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read