သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 20, 2020 . 2 mins read
Share now

ဒီကင်ဆာ အမျိုးအစားက အမျိုးသမီးတွေမှာ ဖြစ်တဲ့ ကင်ဆာပါ။ အဖြစ်များတဲ့ ကင်ဆာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ လေဒီတွေအနေနဲ့ သတိထားလို့ရအောင် သားဥအိမ်ကင်ဆာအကြောင်းလေး ပြောပြပေးပါရစေ။

သားဥအိမ်ကင်ဆာဆိုတာ ဘာလဲ

သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။ များသောအားဖြင့် ဆီးစပ်နဲ့ဝမ်းဗိုက်ဆီ ကင်ဆာဆဲလ်တွေပျံ့နှံ့ပြီး ကုသရခက်ခဲတဲ့အခြေအနေ၊ အသက်အန္တရာယ်ရှိတဲ့ အခြေအနေရောက်မှ သားဥအိမ်ကင်ဆာ ဖြစ်နေတယ်ဆိုတာကို သိကြတာ များပါတယ်။

သားဥအိမ်ကင်ဆာ လက္ခဏာများ

သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ လက္ခဏာ ပြခဲ့ရင်လည်း ဝမ်းချုပ်တာလိုမျိုး စိုးရိမ်စရာမကောင်းတဲ့ အခြေအနေတွေသာ ဖြစ်နေတတ်ပါတယ်။ သားဥအိမ်ကင်ဆာကြောင့် ဖြစ်လေ့ဖြစ်ထအများဆုံး လက္ခဏာတွေကတော့

  • လေပွခြင်း
  • ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း
  • အစာနည်းနည်းစားပဲစားပြီး ဗိုက်ဝခြင်း
  • ကိုယ်အလေးချိန် ကျခြင်း
  • ဆီးစပ်နာကျင်ကိုက်ခဲခြင်း
  • ဝမ်းမမှန်ခြင်း
  • ဆီးခဏခဏသွားခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ အထက်ပါလက္ခဏာတစ်ခုခုကို ခံစားရရင်ဖြစ်ဖြစ် မိသားစုဝင်တွေထဲမှာ သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ ရာဇဝင်ရှိခဲ့မယ်ဆိုရင် လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့ လိုပါမယ်။

သားဥအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ

သားဥအိမ်ကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေက အများကြီးပါ။

  • အသက်အရွယ် ကြီးရင့်တာ (ဥပမာ အသက် ၅၀ နဲ့အထက်ဖြစ်နေတာ)
  • မျိုးဗီဇပြောင်းလဲတာ
  • မျိုးရိုးရှိတာ
  • အက်စထရိုဂျင်ဟော်မုန်း အစားထိုးကုသမှုခံယူထားဖူးတာတွေက သားဥအိမ်ကင်ဆာ ခံစားရနိုင်ခြေကို တိုးစေပါတယ်။

သားဥအိမ်ကင်ဆာကို ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ

သားဥအိမ်ကင်ဆာရှိနေလားဆိုတာကို စစ်ဆေးအတည်ပြုနိုင်ဖို့

Pelvic exam – ဒီစစ်ဆေးမှုမှာ ဆရာဝန်က လက်အိတ်စွပ်ထားတဲ့ လက်ချောင်းတွေနဲ့ မိန်းမကိုယ်အတွင်းကို စမ်းသပ်မှာပါ။ လက်တစ်ဖက်ကလည်း ဝမ်းဗိုက်ကို ဖိနှိပ်ရင်းပေါ့။

ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging tests) – ဒီစစ်ဆေးမှုမှာဆီးခုံနဲ့ ဝမ်းဗိုက်ပိုင်းကို ultrasound ၊CT scan တို့နဲ့ ပုံရိပ်ရယူပြီး သားဥအိမ်တွေရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစားနဲ့ တည်ဆောက်ပုံကို လေ့လာမှာ ဖြစ်ပါတယ်။

သွေးစစ်ခြင်း – သွေးကနေ ရောဂါအမျိုးမျိုးကို စစ်ဆေးသိရှိနိုင်တာ​ကြောင့် သားဥအိမ်ကင်ဆာဖြစ်နေလားဆိုတာကိုလည်း သွေးဖောက်စစ်ဆေးတဲ့ နည်းလမ်းပါ။ သွေးထဲမှာ cancer antigenတွေ များနေလားဆိုတာကို စစ်ဆေးတာပါ။

ခွဲစိတ်စစ်ဆေးနည်း – အခြားစစ်ဆေးနည်းတွေနဲ့ စစ်ဆေးပေမယ့် အဖြေတိတိကျကျ မသိရတဲ့အခါမျိုးမှာ ခွဲစိတ်ပြီး သားဥအိမ်ကို ဖယ်ထုတ်လိုပ ကင်ဆရှိနေတာလားဆိုတာကို စစ်ဆေးတာပါ။

သားဥအိမ်ကင်ဆာအဆင့်များ

သားဥအိမ်ကင်ဆာက ကင်ဆာဆဲလ်တွေ ပြန့်တဲ့အခြေအနေကို လိုက်ပြီး အဆင့်တွေ ကွာခြားနိုင်ပါတယ်။ သားဥအိမ်ကင်ဆာကို အဆင့် ၄မျိုး ပိုင်းခြားသတ်မှတ်နိုင်ပါတယ်။

အဆင့် ၁ – သားဥအိမ် ၂လုံးတွင်သာ ကင်ဆာဆဲလ်များရှိသည့်အဆင့်

အဆင့် ၂ – ဆီးစပ်ပိုင်းရှိ အခြားနေရာများဆီ ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်

အဆင့် ၃ – ဝမ်းဗိုက်ပိုင်းဆီ ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်

အဆင့် ၄ – ဆီးစပ်နှင့်ဝမ်းဗိုက်ပိုင်းကို ကျော်လွန်ပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်ဆိုပြီး ရှိပါတယ်။

သားဥအိမ်ကင်ဆာ ကုသမှု နည်းလမ်းများ

သားဥအိမ်ကင်ဆာကို အဆင့်ကိုလိုက်ပြီး ကုသမှုတွေ ကွာခြားနိုင်ပါတယ်။။

ခွဲစိတ်ကုထုံး – ကင်ဆာပျံ့နှံ့နေတဲ့ အခြေအနေတွေမှာ သားဥအိမ်နဲ့ သားဥပြွန်နှစ်ဖက်၊ သားအိမ်နဲ့ အနီးအနားက ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။

ကင်ဆာအစောပိုင်းအဆင့်မှာ ရောဂါရှာဖွေသိရှိခဲ့ရင်တော့ ကင်ဆာဆဲလ်တွေရှိနေတဲ့ သားဥအိမ်နဲ့ သားဥပြွန်တစ်ဖက်ကိုသာ ဖယ်ထုတ်ဖို့ လိုအပ်မှာဖြစ်ပြီး ကလေးရနိုင်တဲ့ အခွင့်အလမ်းကိုပါ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ကင်ဆာဆေးသွင်းကုထုံး – ခွဲစိတ်ပြီး ကျန်ရှိနေတဲ့ကင်ဆာဆဲလ်တွေကို ကင်ဆာဆေးသွင်းကုထုံး အကူအညီနဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ကင်ဆာဆေးကို အကြောထဲသွင်းပြီးဖြစ်စေ၊ ဝမ်းဗိုက်ထဲတိုက်ရိုက်သွင်းပြီးဖြစ်စေ၊ နည်းလမ်း ၂မျိုးလုံးနဲ့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကင်ဆာအဆင့်မြင့်တဲ့ လူနာတွေမှာတော့ ကင်ဆာဆေးသွင်းကုထုံးကို ကနဦးကုသမှုအဖြစ် အသုံးပြုဖို့ လိုအပ်နိုင်ပါတယ်။

Targeted therapies (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး) – ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။

သားဥအိမ်ကင်ဆာ ကာကွယ်နည်း

သားဥအိမ်ကင်ဆာ ကာကွယ်နိုင်မယ့်နည်းလမ်းက တိတိကျကျ မရှိသေးပါဘူး။ ဒါပေမယ့် အကောင်းဆုံးကာကွယ်စေဖို့ဆိုရင်

  • သန္ဓေတားဆေးတွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ သောက်ပါ။
  • သားဥအိမ်ကင်ဆာ ခံစားရနိုင်တဲ့ လက္ခဏာတစ်ခုခုတွေ့ရပြီဆိုရင် အမြန်ဆုံး လိုအပ်တဲ့ စစ်ဆေးကုသမှုကို အမြန်ဆုံး ခံယူပါ။

သားဥအိမ်ကင်ဆာကို ရင်ဆိုင်ခြင်း

သားဥအိမ်ကင်ဆာရှိနေပြီလို့ အဖြေထွက်လာတာာက အတော်လေးတော့ စိတ်ဓာတ်ကျစရာကောင်းပါတယ်။ ဒီလိုအချိန်မှာ တစ်ယော်ကတည်း ကြိတ်မခံစားပါနဲ့ ယုံကြည်ရသူကို ရင်ဖွင့်ပါ။

ကင်ဆာ အပါအဝင် ရောဂါတွေကို တစ်ယောက်တည်း ရင်ဆိုင်ရတာက အတော်ပင်ပန်းပါတယ်။ ဒါ​ကြောင့် မိသားစုဝင်တွေရဲ့ ဖေးမမှုနဲ့အတူ ဖြတ်သန်းပါ။ ကင်ဆာကုထုံးတွေကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ပြီး လုံလုံလောက်လောက် အနားယူအားဖြည့်ခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

အဆုတ်သွေးကြောသွေးခဲပိတ်ဆို့ခြင်း ဟာ ခြေထောက်ပိုင်းက သွေးကြောတွေထဲမှာ စတင်ဖြစ်ပေါ်လာတဲ့ သွေးခဲများ အဆုတ်ဆီကို ရောက်လာရာကနေ ဖြစ်ပွားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေတုန်း သွားရည်ကျတာက လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ မေမေတိုင်းသတိထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဆစ်အတွင်း သွေးယိုခြင်း

အဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေကို (Hemarthrosis) လို့ခေါ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်နိုင်သလို သွေးမတိတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 29, 2020 . 2 mins read
အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 1 min read