backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lymphogranuloma Venereum ()


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/07/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lymphogranuloma Venereum () ကဘာလဲ။

Lymphogranuloma venereum ဆိုသည်မှာ လိင်မှ ကူး စက်သောရောဂါ တစ်မျိုးဖြစ်ပါသည်။ ၎င်းသည် Chlamydia trachomatis ဘတ်တီးရီးယားကြောင့် ဖြစ်ပွားပါသည်။ ဘတ်တီးရီးယားသည် အရေပြားကို ဖြတ်သွားပြီး ပြန်ရည် ကြော အဖုများသို့ ရောက်ကာ အဖုပတ်လည်တွင် ပြွတ်ကျပ် ခြင်းကို ဖြစ်စေပါသည်။ ရောဂါသည် ပြန်ရည်ကြော အဖုများ၊ အပြင်ဘက် လိင်အင်္ဂါများ၊ ပါးစပ်နှင့် စအိုဝများကို ထိခိုက်စေ ပါသည်။

Lymphogranuloma Venereum () က ဘယ်လောက်အဖြစ်များသလဲ

Lymphogranuloma venereum သည် အဖြစ်မများပါ။ ရောဂါသည် အပူပိုင်းဒေသများ နှင့် အပူပိုင်းဒေသအနီးများ တွင် အဖြစ်များပါသည်။ ရောဂါသည် အမျိုးသမီးများထက် အမျိုးသားများတွင် ပိုဖြစ်ပါသည်။ အသက် ၂၀-၄၀ တွင်ဖြစ် ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Lymphogranuloma Venereum () ရဲ့လက္ခဏာတွေကဘာတွေလဲ

Lymphogranuloma venereum ၏ ရောဂါလက္ခဏာ များမှာ ရောဂါပိုးဝင်ပြီး ၁-၄ပတ် အတွင်း စတင်ပါသည်။ အပြင်ဘက် လိင်အင်္ဂါများတွင် အနာများ ဖြစ်ပေါ်သော်လည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်ပါသည်။ ပေါင်ခြံရှိ ပြန် ရည်ကြော အဖုများ ရောင်ခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်းတို့ ဖြစ် လာပါသည်။ ပြည်တည်နာများ၊ ပြည်များ စီးကျခြင်း တို့ဖြစ်နိုင် ပါသည်။ အဖျားတက်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း၊ ခေါင်း ကိုက်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ အော့အန်ခြင်း နှင့် အ ဆစ်များနာခြင်းတို့ ဖြစ်နိုင်ပါသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးလိုသည်များ ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ Lymphogranuloma venereum ကုသမှု ခံယူနေစဉ်တွင် အောက်ပါတို့ ဖြစ်ပွားပါ က ဆရာဝန်ကို အကြောင်းကြားပါ။

  • ပုံမှန်မဟုတ်စွာ ခန္ဓါကိုယ်အပူချိန် မြင့်တက်ခြင်း
  • သက်သာအောင် လုပ်၍မရဘဲ ပြင်းထန်စွာ နာကျင် ခြင်း
  • ပဋိဇီဝဆေးများ သောက်နေစဉ် ဝမ်းလျှောခြင်း
  • ဆေးသောက်၍ မရခြင်း

တစ်ယောက်နှင့် တစ်ယောက် ရောဂါအခြေအနေနှင့် စနစ်သည် မတူညီပါ။ ထို့ကြောင့် သင့်တော်သော ရောဂါ အဖြေရှာခြင်း နှင့် ကုသမှုရရှိရန် ဆရာဝန်နှင့် တိုင်ပင် ဆွေး နွေးပါ။

PasteTextHere

အကြောင်းရင်းများ

Lymphogranuloma Venereum () ကိုဘာတွေကဖြစ်စေသလဲ

ရောဂါဖြစ်စေသော အကြောင်းရင်းမှာ Chlamydia trachomatis ကြောင့်ဖြစ်ပါသည်။ ဘတ်တီးရီးယားသည် အ ရေပြားအား ဖြတ်သွားပြီး ပတ်ဝန်းကျင် ရှိ ပြန်ရည်ကြော အဖု များတွင် ပြွတ်ကျပ်ခြင်းကို ဖြစ်စေပါသည်။ ရောဂါသည် ပြန် ရည်ကြော အဖုများ၊ အပြင်ဘက် လိင်အင်္ဂါများ၊ ပါးစပ် နှင့် စ အိုကို ထိခိုက်စေပါသည်။

ရောဂါဖြစ်စေသော အခြားအကြောင်းရင်းများလည်း ရှိပါ သည်။ ဥပမာ Chlamydia trachomatis ဘတ်တီးရီးယား media ဖြင့် ထိတွေ့ခြင်း၊ လူနာနှင့် လိင်ဆက်ဆံခြင်း တို့ဖြစ် သည်။

Risk factors

ငါ့ဆီမှာ Lymphogranuloma Venereum () ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်များသည် Lymphogranuloma venereum ဖြစ်နိုင်ချေကို မြင့်စေပါသည်။

  • ကိုယ်ခံအားစနစ် အားနည်းခြင်း
  • HIV ကူးစက်ခြင်း
  • အခြား လိင်မှကူးစက်သော ရောဂါများ ရှိခြင်း

အကာအကွယ်မရှိဘဲ လိင်ဆက်ဆံခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lymphogranuloma Venereum () ကို ဘယ်လိုအတည်ပြုပါသလဲ

ယခု ဖော်ပြထားသည့် အချက်အလက် များမှာ ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေးချက်များ နေရာ တွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိ လိုသော အချက်အလက် များအတွက် သင့်၏ ဆရာဝန် နှင့် အမြဲတိုင်ပင် ဆွေးနွေးပါ။

Lymphogranuloma Venereum () ကို ဘယ်လိုကုသပါသလဲ

Lymphogranuloma venereum အတွက် ကုသမှု ရွေးချယ် ခြင်းတွေက ဘာလဲ။

Lymphogranuloma venereum ကုသရန် အသုံးများ သောနည်းလမ်းများမှာ-

ပဋိဇီဝဆေးများသည် ရောဂါပိုးကူးစက်မှုကို တိုက်ထုတ်နိုင် ပြီး ၃ပတ်အတွင်း သောက်သုံးနိုင်ပါသည်။

Acetaminophen, ibuprofen စသော အကိုက်အခဲ ပျောက်ဆေးများနှင့် အပူကပ်ခြင်းသည် အနည်းငယ် အနှောင့်အယှက်ပေးသော ရောဂါလက္ခဏာများ ကို ကုသရန် အသုံးပြုနိုင်သည်။

လူနာသည် အနာကျက်ခြင်း မြန်ရန် အာဟာရကြွယ်ဝ သည်များကို စားသင့်ပါသည်။

အချို့ဖြစ်ပွားမှုများတွင် ပြန်ရည်ကြောအဖု ရောင်ခြင်းကို စစ်ထုတ်ရန် ပြည်တည်နာကို ခွဲရန် ခွဲစိတ်ကုသမှု လုပ်နိုင်ပါ သည်။ ဆိုးကျိုးများမှာ နာတာရှည်ရောင်ရမ်းခြင်း၊ ခွန်အား နည်းခြင်း၊ ဆီးနှင့် ဝမ်းသွားရာတွင် ပြဿနာဖြစ်ခြင်းတို့ ပါဝင် ပါသည်။

Lymphogranuloma venereum အတွက် အသုံးအများဆုံး စစ်ဆေးမှုတွေက ဘာလဲ။

ဆရာဝန်သည် မကြာမီကယူထားသော ဆေးမှတ်တမ်း များ၊ ခန္ဓါကိုယ် စစ်ဆေးမှု နှင့် သွေးစစ်မှုများအပေါ် အခြေခံ ၍ ရောဂါအဖြေရှာခြင်းကို ပြုလုပ်ပါသည်။ လိင်မှကူးစက်မှု များ အတွက် စစ်ဆေးခြင်းလည်း ပါဝင်ပါသည်။ Chlamydia သို့မဟုတ် ဘတ်တီးရီးယားကို တိုက်သော ပဋိပစ္စည်းသည် သင့်တွင် ရောဂါရှိကြောင်း ပြပါက ဆရာဝန် သည် ဘတ်တီးရီးယားမွေးမြူခြင်း (ပိုးသတ်ဆေးနှင့် နိုင်မနိုင် သိစေရန်) အတွက် နမူနာကို ယူနိုင်ပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Lymphogranuloma venereum ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Lymphogranuloma venereum ကို ထိန်းချုပ်နိုင် ပါသည်။

  • လိင်ဆက်ဆံရာတွင် အကာအကွယ်သုံးပါ။
  • ရောဂါမပျောက်မချင်း ဆရာဝန်ညွှန်ကြားသည့် အတိုင်း ဆေးသောက်ပါ။
  • ရောဂါပြန်ဖြစ်ပါက ချိန်းဆို၍ ပုံမှန် ပြန်လည် စစ်ဆေး မှု ပြုလုပ်ပါ။
  • သင့်၏ ကြင်ဖော်အား ရောဂါအကြောင်းပြောပြပါ။ ထို မှသာ လိုအပ်ပါက လာရောက်ပြီး ကုသမှု ခံယူနိုင် သည်။
  • ရောဂါဖြစ်နေစဉ်တွင် အနားယူပါ။ ထို့နောက်မှ တ ဖြည်းဖြည်းနှင့် သင်၏ ပုံမှန် လှုပ်ရှားမှုများကို ပြန် လည်ပြုလုပ်ပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/07/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement