Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 7, 2018 . 4 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကဘာလဲ။

ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်း တဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်ပါတယ်။ ကျောက်ကပ်က အညစ်အကြေးနဲ့ပိုလျှံနေတဲ့အရည်တွေကို သွေးထဲမှစစ်ထုတ်ပေးပြိး ဆီးထဲမှာစွန့်စေပါတယ်။ ရောဂါကျွမ်းလာတာတဲ့အခါမှာ အရည်တွေ၊ ပုံဆောင်ခဲတွေ၊ နဲ့အညစ်အကြေးတွေက ကိုယ်ထဲမှာအန္တရာယ်ပေးနိုင်လောက်တဲ့အထိ စုပုံလာပါတယ်။

Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာတာရှည်ကျောက်ကပ်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-

  • မူးဝေခြင်း
  • အော့အန်ခြင်း
  • အစားစားချင်စိတ်မရှိဖြင်း
  • မောပန်းအားနည်းခြင်း
  • အိပ်စက်ခြင်းဆိုင်ရာပြဿနာများ
  • ဆီးပမာဏအပြောင်းအလဲ
  • စိတ်အာရုံစူးရှမှုကျသွားခြင်း
  • ကြွက်သားများတောင့်တင်းခြင်းတွန့်ခြင်း
  • ခြေထောက်ခြေချင်းဝတ်များရောင်ခြင်း
  • နာတာရှည်ယားယံခြင်း
  • ရင်ဘတ်အောင့်ခြင်း( နှလုံးတစ်ဝိုက်အရည်တွေပုံလာခြင်းေကြေင့်)
  • အသက်ရှူမဝခြင်း( အဆုတ်အတွင်းအရည်များပုံလာခြင်းကြေင့်)
  • သွေးတိုးခြင်း

အစောပိုင်းဆင့်မှာ လက္ခဏာတွေကရေရေရာရာမရှိပါဘူး။ ကျောက်ကပ်လုပ်ဆောင်ရည်သိသိသာသာမကျသွားမခြင်း လက္ခဏာတွေက သိသာမှာမဟုတ်ပါဘူး။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ရောဂါတစ်ခုကြောင့် ကျောက်ကပ်လုပ်ဆောင်ရည်တွေ ကျသွားပြီး လပေါင်းများစွာနှစ်ပေါင်းများစွာ ကျောက်ကပ်ကိုထိခိုက်စေတဲ့အခါမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာဆိုရင် ကျောက်ကပ်က အညစ်အကြေးနဲ့ပိုလျှံနေတဲ့အရည်တွေကို ဖယ်ရှားပေးနိုင်စွမ်းလုံးစမရှိတော့ပါဘူး။ ဒီအချိန်မှာ သွေးလှယ်ခြင်းသို့ကျောက်ကပ်အစားထိုးကုသငြခ်းကို လိုပါလိမ့်မယ်။ နာတာရှညကျေက်ကပ်ရောဂါဖြစ်စေတဲ့ ရောဂါတွေကတော့-

  • ဆီးချို
  • သွေးတိုး
  • ကျောက်ကပ်စစ်ချပေးသည့်တစ်ရှူးရောင်ရမ်းခြင်း
  • ကျောက်ကပ်တစ်ရှူးရောင်ရမ်းခြင်း
  • ကျောက်ကပ်ရေအိတ်များတည်ခြင်းရောဂါ
  • ဆီးလမ်းကြောင်းအချိန်ကြာပိတ်ဆို့နေခြင်း ( ဆီးကျိတ်ကြိးခြင်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ နဲ့ အချို့သောကင်ဆာများ)
  • ဆီးအိတ်ဆီးပို့ပြွန်ပြဿနာ
  • ကျောက်ကပ်မကြာခဏပိုးဝင်ခြင်း

ဖြစ်နိုင်ခြေများ

Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-

  • ဆီးချို
  • သွေးတိုး
  • နှလုံးသွေးကြောရောဂါများ
  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ခြင်း
  • အာဖရိက-အမေရိကန်ကပြား၊ အမေရိကန်၊ အာရှ-အမေရိကန်ကပြား
  • ကျောက်ကပ်ရောဂါမိသားစုထဲတွင်ဖြစ်ဖူးခြင်း
  • ကျောက်ကပ်ပုံစံမမှန်ခြင်း
  • အသက်ကြီးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးတိုးရှိမရှိ

ကျောက်ကပ်လုပ်ငန်းကို ထိခိုက်စေမယ့်ဆေးတစ်ခုခု မှီဝဲနေခြင်းရှိမရှီ ၊ ဆီးသွားခြင်းအလေ့အထပြောင်းလဲမှုတွေဖြစ်ခြင်းရှိမရှီ ကျောက်ကပ်ရောဂါမိသားစုထဲမှာဖြစ်ဖူးခြင်းရှိမရီ မေးပါလိမ့မယ်။ ပြီးတာနဲ့ ကိုယ်ခန္ဓါစစ်ဆေးမှုတွေပြုလုပ်ပြီး နှလုံးသွေးကြောရောဂါ၊ အာရုံကြောဆိုင်ရာစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။

ကျောက်ကပ်ရောဂါအတည်ပြုဖို့အတွက် အောက်ပါစစ်ဆေးခြင်းတွေလိုနိုင်ပါတယ်။

သွေးစစ်ခြင်း- ကျောက်ကပ်လုပ်ဆောင်ရည်စစ်ဆေးခြင်းက သွေးတွင်းခရီယတ်တနင်း၊ ယူရီယာကဲ့သို့သော အညစ်အကြေးတွေစစ်ျေဆးခြင်းဖြစ်ပါတယ်။

ဆီးစစ်ခြင်း– ဆီးနမူနာကိုစစ်ဆေးခြင်းက နာတာရှည်ကျောက်ကပ်ရောဂါကိုရည်ညွှန်းတဲ့ ပုံမမှန်မှုများကိုဖော်ပြပြီး အကြောင်းရင်းကိုရှာနိုင်ပါတယ်။

ပုံရိပ်ဖော်စစ်ဆေးခြင်း– ကျောက်ကပ်ပုံစံနဲ့အရွယ်အစားကိုသိဖို့ ဓါတ်မှန်ရိုက်ခြင်းဖြစ်ပါတယ်။ အခြားပုံရိပ်ဖော်နည်းတွေလည်း သုံးနိုင်ပါတယ်။

ကျောက်ကပ်တစ်ရှူးနမူနာယူခြင်း– ဆရာဝန်က ကျောက်ကပ်တစ်ရှူးနမူနာယူပါလိမ့မယ်။ အရေပြားကိုဖောက်ပြီးကျောက်ကပ်ထဲကို အပ်သေးသေးရှည်ရှည်ကိုထည့်ပြီးတော့ ထုံဆေးပေးကာ ပြုလုပ်လေ့ရှိပါတယ်။ ကျောက်ကပ်ပြဿနာအကြောင်းရင်းကို သိဖို့အတွက် ဓါတ်ခွဲခန်းပို့ပါတယ်။

Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

အကြောင်းရင်ေးပါ်မူတည်ပြီး အချို့အမျိုးအစားတွေက ကုသနိုင်ပါတယ်။ ကုသမှုတွေကတော့-

သွေးတိုးကျဆေးများ

Angiotensin-converting enzyme (ACE) inhibitors or angiotensin receptor blockers (ARBs) ပေးလေ့ရှိပါတယ်။ သွေးပေါင်ချိန်ကို 130/80 mm Hgအောက် ထိန်းထားနိုင်ဖို့ဖြစ်ပါတယ်။

ကိုလက်စထရောကျစေသည့်ဆေးများ

နှလုံးရောဂါဖြစ်နိုင်ချေကို ကာကွယ်ဖို့ ကိုလက်စထရောကျစေသည့် စတာတင်ကဲ့သို့သောဆေးတွေပေးပါလိမ့်မယ်။

သွေးအားနည်းရောဂါကိုကုသသည့်ဆေးများ

အချို့အခြေအနေတွေမှာ သံဓါတ်ဖြည့်ထားတဲ့ဟော်မုန်းဖြည့်စွက်စာတွေ ညွှန်းပါလိမ့်မယ်။

ဖောရောင်ခြင်းကိုသက်သာစေသည့်ဆေးများ

ဝေဒနာသည်တွေမှာ အရည်တွေပုံပြီး ခြေထောက်ဖောခြင်း၊ သွေးတိုးခြင်းတွေဖြစ်နိုင်ပါတယ်။ ဆီးသွားစေသည့်ဆေးတွေက ခန္ဓါကိုယ်အတွင်းအရည်ဟန်ချက်မျှအောင် ထိန်းပေးပါတယ်။

အရိုးကိုကာကွယ်ဖို့ဆေးများ

ကယ်ဆီယမ်၊ ဗီတာမင်ဒီ၊ နဲ့ဖော့စဖိတ်တွေ ညွှန်းပါလိမ့်မယ်။

သွေးတွင်း အညစ်အကြေးများကိုနည်းစေဖို့ ပရိုတိန်းနည်းသည့်အစားများစားခြင်း

ခန္ဓါကိုယ်က အစားအစာကပရိုတိန်းတွေကို ချေဖျက်ပေးပြီး အညစ်အကြေးတွေဖြစ်စေပြီး ကျောက်ကပ်ကနေ စစ်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့အလုပ်ကိုလျှော့ချပေးဖို့ ဆရာဝန်တွေကပရိုတိန်းနည်းနည်းသာစားခိုင်းပါလိမ့်မယ်။ အာဟာရလည်းမျှတအောင် ပရိုတိန်းပမာဏလည်းနည်ေးအာင် နည်းလမ်းတွေသိဖို့ အာဟာရပညာရှင်ဆီ တွေ့ဆုံခိုင်းပါလိမ့မယ်။

နောက်ဆုံးအဆင့်မှာတော့ သွေးသန့်ခြင်းသွေးလှယ်ခြင်းကျောက်ကပ်အစားထိုးကုသခြင်းတွေ လိုအပ်ပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကChronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆားပါတဲ့အစားအစာတွေကိုရှောင်ပါ။
  • အအေးခံထားတဲ့ညစာများ၊ စည်သွတ်ဘူးများ၊ အသင့်အစားအစာများ၊ အငံဓါတ်ပါတဲ့သရေစာများ၊ တာရှည်ခံအောင်လုပ်ထားတဲ့ဟင်းသီးဟင်းရွတ်များ၊ ပြုပြင်ဖန်တီးထားတဲ့အသားများ ထောပတ်များကိုရှောင်ပါ။
  • ပိုတက်ဆီယမ်နည်းသည့်အစားများကိုရွေးပါ။ ပန်းသီး၊ ဂေါ်ဖီ၊ မုန်လာဥ၊ ပဲစိမ်း၊ စပျစ်သီးနဲ့ စတော်ဘယ်ရီသီတွေကိုရွေးပါ။
  • ပရိုတိန်းပမာဏကိုကန့်သတ်ပါ။
  • အဆီမပါသည့်အသားများ၊ ဥများ၊ နို့၊ ထောပတ်၊နဲ့ပဲတွေက ပရိုတိန်းကြွယ်ဝတဲံအစားတွေဖြစ်ပါတယ်။ ပရိုတိန်းနည်းတဲ့အစားတွေကတော့ ဟင်းသီးဟင်းရွက်များ၊အသီးအနှံများ၊ ပေါင်မုန့်နဲ့ ကောက်နှံတွေဖြစ်ပါတယ်။
  • ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း- လေ့ကျင့်ခန်းမပြုလုပ်ခင်ဆရာဝန်နဲ့ ဆွေးနွေးပါ။
  • ဆေးလိပ်မသောက်ပါနဲ့။
  • ကိုယ်အလေးချိန်ကျန်းမာရေးနဲ့အညီထိန်းပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်မှာ ဆီးသွားချင်လျက် အောင့်ထားတတ်တဲ့ အကျင့်ရှိလား

ဆီးအောင့် ဆီးအိမ် ကျောက်ကပ် ဆီးလမ်းကြောင်း အသက်အရွယ် ရေဓာတ် ဆီးသွားချင်စိတ် အိမ်သာ ဘက်တီးရီးယား လေ့ကျင့်ခန်း ဆီးမထိန်းနိုင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဆီးကနေ ကော်ဖီနံ့ ထွက်တာ ဘာကြောင့်လဲ

ဆီးအနံ့ ကော်ဖီ ကဖင်းဓာတ် အညစ်အကြေး အဆိပ်အတောက် ကျောက်ကပ် ဆီးလမ်းကြောင်း ရေဓာတ် ညအိပ်မပျော်ခြင်း နှလုံးခုန်နှုန်း ရင်တုန် လေ့ကျင့်ခန်း မူးဝေအော့အန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား…….

ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်ပါ့မလား ကျောက်ကပ် အစားထိုး ကုသမှု ကိုယ်ဝန်ဆောင် ရင်သွေး လေဒီလေး ကလေးရနိုင်ခြေ အိုဂျီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကလေးကို ဘယ်အချိန်မှာ ဆားစကျွေးမှာလဲ။

ဆား ကလေးတွေဆားစား အသက်တစ်နှစ်အောက်ကလေး မိခင်နို့ Infant formula ဖြည့်စွက်စာ ၆လကျော် ဆိုဒီယမ်ဓာတ် ခေါက်ဆွဲခြောက် ကျောက်ကပ်ပျက်စီးခြင်း အရသာစွဲလမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

တညင်းသီးက အာဟာရဖြစ်လို့လား။

တညင်းသီးက အာဟာရဖြစ်လို့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read
ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 mins read

ဆီးလမ်းကြောင်း ပိုးဝင်ခဲ့ရင် ဆေးအကူအညီမယူဘဲ ဘယ်လိုကုမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read