- ယခင်က မျက်လုံးကို ထိခိုက်ဒဏ်ရာရဖူးခြင်း၊ ပိုးဝင်ဖူးခြင်း
- ဓါတုပစ္စည်းများနှင့် မျက်လုံးကို မတော်တဆ ထိမိခြင်း
- အခြားသော ဖြစ်နိုင်ချေများစေသော အချက်များမှာ မျက်ကပ်မှန်သုံးစွဲခြင်း၊ လေ့ကျင့်မှုများလုပ်ခြင်း၊ အလေးများကို တွန်းခြင်း၊ မခြင်း ၊ သွေးပေါင်ချိန်များခြင်း နှင့် ကျန်းမာရေးပြသနာများရှိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ
မျက်စ်နီရဲခြင်းဖြစ်လျှင် အမြင်အာရုံကို စမ်းသပ်ရန်အတွက် ဘောပင်အရွယ်ရှိသော ဓါတ်မီးအသေးစားဖြင့် စမ်းသပ်စစ်ဆေးပါသည်။
ထိုသို့ စစ်ဆေးမှုရလဒ်အဖြများနှင့် လူနာ၏ရာဇဝင် ကိုပေါင်းစပ်ကာ ဆရာဝန်ကလိုအပ်သည်များကို ဆက်လက်ကုသပါလိမ့်မည်။
မျက်စိနီရဲခြင်းသည် မျက်ကြည်လွှာအောက်ရှိသွေးကြောများပေါက်ခြင်းကြောင့် သွေးထွက်ခြင်းဖြစ်ပါက ထိုသွေးများသည် ၁ ပတ် ၂ ပတ်အတွင်း အလိုလိုခြောက်သွားမည်ဖြစ်ပြီး မည်သည့်ဆိုးရွားသည့် လက္ခဏာများကိုမှ ခံစားရမည်မဟုတ်ပါ။
သို့သော် အမြင်လွှာတွင်သွေးထွက်ခြင်း နှင့် မကြာခဏ မျက်စိနီခြင်းများဖြစ်လာလျှင်သွေးမတိတ်ရသည့် အကြောင်းများကို စနစ်တကျစစ်ဆေးရန်လိုအပ်လာနိုင်သည်။
Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) ကို ဘယ်လိုကုသပါသလဲ
မျက်စိနီသူများကို ဆရာဝန်က ပဏာမကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကုသနိုင်သော်လည်း အချို့လူနာများကို မျက်စိဆရာဝန်ထံသို့ ချက်ချင်းလွှဲရန် လိုအပ်ပါသည်။
ဖြစ်သောအကြောင်းရင်းများ အပေါ်မူတည်ပြီး ကုသမှုများကွာခြားပါသည်။ မျက်စိအပြင်ပိုင်းတွင်ဖြစ်ပါက ၁ ပတ်မှ ၃ ပတ်ကြာလျှင် ပျောက်ကင်းသွားမည်ဖြစ်သည်။
မကြာခဏ သွေးထွက်နေပါက ဗီတာမင် C ၅၀၀ မီလီဂရမ် တနေ့ ၂ကြိမ်သောက်ခြင်း နှင့် အခြားသောကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်သလိုလုပ်ရပါမည်။
ဥပမာ- မျက်စိအနာဒဏ်ရာဖြစ်ခြင်းနှင့် အခြားသော မျက်စိရောဂါများကို စစ်ဆေးခြင်း တို့ဖြစ်ပါသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
- မျက်စိကိုရေအေးဖြင့် ဆေးခြင်း သို့မဟုတ် ရေခဲရေစိမ်ထားသော ပုဝါဖြင့် မျက်စိကို ကပ်ပေးခြင်း ဖြင့် မျက်စိနီရဲမှုကို သက်သာစေပါသည်။
- သင့်တင့်မျှတသော အစာများကို စားခြင်းဖြင့် သင့်သွေးဖိအားကို မျှတစေကာ မျက်လုံးရှိသွေးကြောများကို ကျန်းမာစေပါသည်။
- မျက်လုံးကို ထိခိုက်မှုမှ ကာကွယ်ရန် မျက်မှန်တပ်ပါ။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ