Color blind ဟာ အရောင်တွေကို မမြင်နိုင်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ အချို့အရောင်တွေကို ခွဲခြားနိုင်စွမ်း နည်းပါးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ နောက်တစ်မျိုးပြောရရင် သင့်မှာ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် (သို့) အခြားအရောင်တွေကို မြင်နိုင်ခြင်း မရှိပါဘူး။ Color blind လူနာ တွေမှာ ဘာအရောင်မှ မမြင်ရသူဟာ ရှားပါးပါတယ်။
Color blind ဟာ အဖြစ်နည်းပါတယ်။ ယောက်ျားလေးတွေမှာ မိန်းကလေးတွေမှာထက် ပိုဖြစ်နိုင်ပါတယ်။ အမျိုးသားတွေဟာ အမြင်အာရုံ မကောင်းခြင်းနဲ့ မွေးဖွားလာနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Color blind ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အရောင်အချို့ကို ခွဲခြားနိုင်စွမ်းနည်းပါးတယ်လို့ ထင်ရင် မျက်လုံးစမ်းသပ်မှု ပြုလုပ်နိုင်ပါတယ်။ ကလေးငယ်တွေမှာလည်း ကျောင်းမတက်ခင် အရောင်စစ်ဆေးမှုအပါအဝင် မျက်လုံးစစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။
လူအတော်များများက Color blind ကို မွေးရာပါလို့ ထင်ကြပါတယ်။ ဒါပေမယ့် ဆေးတွေ၊ ရောဂါတွေ၊ အသက်ကြီးခြင်းတွေကလည်း Color blind ကို ဖြစ်စေနိုင်ပါတယ်။ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
Color blind ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်ဆရာဝန်က စစ်ဆေးမှုကို ပြုလုပ်ပြီး သင်ဘယ်လောက် အရောင်ခွဲခြားမှု ရှိသလဲဆိုတာ စစ်ဆေးပြီး Color blind ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ အရောင်အမျိုးမျိုးရှိတဲ့ အစက်လေးတွေကို ကြည့်ပြီး သူတို့မှာ ရှိတဲ့ pattern ကို ရှာရမှာ ဖြစ်ပါတယ်။ ဒါဟာ နံပတ်၊ စကားလုံးတစ်ခုခု ဖြစ်နိုင်ပါတယ်။ သင်မြင်ရတဲ့ အရာကိုကြည့်ပြီး ဆရာဝန်က သင်ဘယ်အရောင်ကို မမြင်နိုင်ဘူးလဲဆိုတာ ပြောမှာ ဖြစ်ပါတယ်။
အခြားစစ်ဆေးမှုတစ်ခုမှာတော့ ရောင်စုံအတန်းလေးတွေကို ဆင်တူတဲ့ အရောင်ပေါ်မူတည်ပြီး စီရမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ Color blind ဆိုရင် အရောင်သေချာစီနိုင်မှာ မဟုတ်ပါဘူး။
ကျွမ်းကျင်သူတွေက ကလေးတွေ အသက် ၃-၅ နှစ်အတွင်း မျက်စိစမ်းသပ်မှု ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ အနည်းဆုံးတော့ ကျောင်းမတက်ခင် မျက်စိစစ်ဆေးမှုပြုလုပ်သင့်ပြီး အကောင်းဆုံးတော့ ၃-၄ နှစ်ကြား ဖြစ်ပါတယ်။
တကယ်တမ်းတော့ color blind အတော်များများကို ကုသလို့ မရပါဘူး။ color blind ဖြစ်ခြင်းဟာ ဆေး၊ အခြားအခြေအနေတွေကြောင့် ဖြစ်တယ်ဆိုရင်တော့ ကုသလို့ရနိုင်ပါတယ်။
အရောင်ပါတဲ့ မျက်မှန်၊ အရောင် မျက်ကပ်မှန်တွေကို တပ်ခြင်းဟာ သင့်ကို contrasts ပိုမြင်ရစေပြီး အရောင်တွေ ကွာခြားမှုကို ခွဲခြားနိုင်စွမ်း မြင့်မားစေပါတယ်။ ဒါဟာ သင့်အမြင်အာရုံးကို ကောင်းမွန်စေပေမယ့် အရောင်ခွဲခြားမှု စွမ်းအင်ကို တိုးတက်စေတာ မဟုတ်ပါဘူး။ block glare ပါတဲ့ မျက်မှန်ဟာ သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ Glare နဲ့ တောက်ပမှုကို လျှော့ချခြင်းဖြင့် အမြင်အာရုံပြဿနာရှိသူတွေဟာ အရောင်တွေကြားက ကွာခြားမှုကို သေချာသိနိုင်မှာဖြစ်ပါတယ်။
ဒါ့ပြင် အရောငတွေအစား တောက်ပမှု၊ တည်နေရာ အစရှိတာတွေကိုလည်း သင်ယူနိုင်ပါတယ်။ ဥပမာ မီးပွိုင့်မှာ အရောင်သုံးရောင်တည်ရှိပုံကို လေ့လာနိုင်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Color blind ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။