ကလိုရင်းကြောင့် မဟုတ်ဘဲ အတူကူးတဲ့သူရဲ့ ချွေးတွေ၊ ဆီးတွေကြောင့််လည်း မျက်လုံးရဲတတ်ပါတယ်။ ရေကူးကန် မသန့်တာပေါ့။ ဒါကို ကာကွယ်ဖို့ ရေကူးမျက်မှန်တပ်နိုင်ပါတယ်။ အထိုက်အလျောက်တော့ သက်သာမှာပါ။
မျက်နှာပေါ် စီးကျလာတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာတွေနဲ့ မတည့်တဲ့အခါ မျက်လုံးနီတတ်ပါတယ်။
တချို့က ရေချိုးရင်း မျက်နှာသစ်တဲ့အခါ လိုတာထက် ပိုပြီး ပွတ်သပ်မိတတ်ပါတယ်။ ဒါကြောင့်လည်း မျက်လုံးနီနိုင်ပါတယ်။
ရိုးရိုးသာမန်ရေနဲ့ မျက်လုံးနဲ့ ထိတွေ့ပါ များရင်လည်း နီလာတတ်ပါတယ်။
အထူးသဖြင့် ဆောင်းတွင်းမှာ ပြင်ပအပူချိန်က အေးလို့ သွေးကြောတွေ ကျုံ့နေချိန်မှာ ရေနွေးနဲ့ ရေချိုးချလိုက်တဲ့အခါ မျက်သားက သွေးကြောတွေ ကျယ်လာပြီး နီတတ်ပါတယ်။
ဘယ်လိုကုသကြမလဲ။
အရင်ဆုံး အိမ်မှာလုပ်လို့ရတဲ့ နည်းတွေ ပြောပြပါ့မယ်။
သဘက်ကို ရေနွေးစိမ်ပြီး မျက်လုံးပေါ် ၁၀မိနစ်လောက် အုပ်ထားပါ။ ခံနိုင်လောက်တဲ့ အပူချိန်ပဲ ဖြစ်ပါစေ။ ရေနွေးဝတ်က မျက်လုံးကို သွေးလည်ပတ်မှုကောင်းစေပြီး အဆီတွေ ထွက်စေတာကြောင့် စိုစွတ်ပြီး နီတာသက်သာပါလိမ့်မယ်။
ရေနွေးကပ်တာ မကြိုက်ရင် ဒါမှမဟုတ် မသက်သာရင် ရေခဲဝတ်ပြောင်းကပ်ပါ။ ခပ်သန့်သန့်အဝတ်စကို ရေခဲရေထဲစိမ်ပြီး ခြောက်အောင်ညှစ်ပါ။ ခံနိုင်လောက်အောင် အအေးဓာတ်ရပြီဆိုရင် မျက်လုံးပေါ် အသာအယာ ကပ်ထားပါ။ အထူးသဖြင့် ဓာတ်မတည့်လို့ မျက်လုံးနီတာဆိုရင် နီရဲတာအပြင် ရောင်ရမ်းတာကိုပါ သက်သာစေပါတယ်။
တစ်ခါတလေ အထဲမှာ တစ်ခုခုဝင်နေလို့ ကလိကလိဖြစ်ပြီး မျက်လုံးရဲနေတယ်ဆိုရင်တော့ ရေကြက်သီးနွေးလေးနဲ့ မျက်လုံးကို ဆေးပေးနိုင်ပါတယ်။ ရေခွက်ထဲကို ရေကြက်သီးနွေးထည့်ပြီး မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ပေးပါ။
ရေကြောင့်မဟုတ်ဘဲ မျက်ကပ်မှန် မသန့်ရှင်းတာကြောင့်လည်း မျက်စိရဲနိုင်တာမို့လို့ မျက်ကပ်မှန်ကိုလည်း လဲကြည့်ပေးပါ။
ဘယ်လိုအချိန်မှာ ဆေးရုံသွားသင့်လဲ။
ရေချိုးပြီးလို့ မျက်လုံးရဲတာက အန္တရာယ်ရှိတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီတိုင်းထားလိုက်ရင်တောင် နာရီပိုင်းလောက်ဆို သက်သာသွားပါတယ်။ ဒါမှမဟုတ် အပေါ်က နည်းလမ်းတွေနဲ့ အလွယ်တကူသက်သာသွားနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ
- တစ်ရက် နှစ်ရက်နဲ့ မသက်သာဘူး။
- မျက်လုံးတွေ အောင့်လာမယ်။
- မျက်ရည်ပူတွေ ကျလာမယ်။
- မျက်လုံးထဲမှာ တစ်ခုခုဝင်နေပြီး ပြန်ထွက်မသွားဘူး။ ကလိကလိ ဖြစ်နေတယ်။
- ပြည်လိုမျိုးတွေပါ ထွက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားပြဖို့ အကြံပေးချင်ပါတယ်။
ရေချိုးပြီး မျက်လုံးရဲတာ သက်သက်ကတော့ ဘာမှမဖြစ်လို့ စိတ်မပူဖို့ ပြောပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။