မျက်တွင်းချိုင့်ခြင်းနဲ့ မျက်ကွင်းညိုခြင်း ဘာလို့ဖြစ်သလဲ။
မျက်တွင်းချိုင့်ခြင်းနဲ့ မျက်ကွင်းညိုခြင်း ကို ဖြစ်စေတဲ့ အချို့သော အကြောင်းရင်းတွေက
· အိုမင်းရင့်ရော်ခြင်းကြောင့် မျက်လုံးတဝိုက်မှာရှိတဲ့ အဆီတွေ ကျုံ့သွားခြင်း။
· စိတ်ဖိစီးမှုများပြားခြင်း၊အိပ်ရေးပျက်ခြင်း သို့မဟုတ် နောက်ကျမှ အိပ်သောအလေ့အထရှိခြင်း။
· မျက်လုံးရဲ့အပေါ်ရောအောက်ပါ ချိုင့်သွားတဲ့အတွက် မျက်လုံးအိမ်ဟာ အတွင်းထဲပိုမိုဝင်နေသလို ထင်ရခြင်း စတာတွေပဲ ဖြစ်ပါတယ်။
filler ဘယ်လို ထိုးသလဲ။
filler မထိုးခင်မှာ ဆရာဝန်အနေနဲ့ လိုအပ်တဲ့ စမ်းသပ်မှုတွေကို ဦးစွာ ပြုလုပ်ပါမယ်။ မျက်တွင်းချိုင့်တဲ့ အခြေအနေပမာဏအတိုင်းအတာကို ကြည့်ရှုစစ်ဆေးမှာဖြစ်ပြီး အဆိုပါ အချက်ပေါ်အခြေခံကာ သုံးစွဲရမယ့် filler ပမာဏနဲ့ ထိုးရမယ့်နေရာတို့ကို ရွေးချယ်ပါလိမ့်မယ်။filler ထိုးတဲ့အခါ ရောင်ရမ်းခြင်းတွေ မဖြစ်ပေါ်စေဖို့အတွက် မျက်လုံးတဝိုက်အရေပြားကို သန့်စင်ရှင်းလင်းပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။