backup og meta

အိပ်ရေးဝပါလျက် မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးဝပါလျက် မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ!

    ညဘက်တွေကိုလည်း အိပ်ချိန် ၈ နာရီ ကနေ ၉ နာရီ ရှိပါတယ်။ အိပ်ရေးလည်း ဝပါတယ်။ ဒါပေမယ့် အိပ်ရာနိုးလာချိန်မှာတော့ မျက်လုံးတွေက ပင်ပန်းနေပြီး မျက်အိတ်ကလည်း ဖောင်း မျက်ကွင်းကလည်း ညိုနေတယ်။ ဒီလိုမျိုး အိပ်ရေးဝပါလျက် မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ ဆိုတာကို သိချင်နေပြီလား ….. ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါ။

    အိပ်ရေးဝပါလျက် မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ!

    မျက်ကွင်းညိုတာက တစ်ခါတလေမှာ အိပ်ရေးမဝတာကြောင့် မဟုတ်ပါဘူး။ စိတ်ဖိစီးတာ၊ စိတ်ရှုပ်ထွေးတာတွေ အပါအဝင် အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့်လည်း မျက်ကွင်းတွေ ညိုတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အိပ်ရေးဝပါလျက် မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    • ဓာတ်မတည့်တာ

    မျက်လုံး ဓာတ်မတည့်မှုကလည်း မျက်လုံးတွေကို ပင်ပန်းပြီး မျက်အိတ်ဖောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ မျက်လုံးထဲကို ဝတ်မှုန် အပါအဝင် အမှုန်လေးတွေ ဝင်တာ၊ ကြောင်မွေးတွေနဲ့ ထိတွေ့မိတာတွေကြောင့်လည်း ခန္ဓာကိုယ်မှာ histamine လို့ခေါ်တဲ့ ဓာတုပစ္စည်း ထွက်ရှိစေပြီး မျက်လုံးအောက်က သွေးကြောလေးတွေထဲမှာ သွေးစီးဆင်းမှု တိုးစေပြီး ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။

  • ရေဓာတ်ခမ်းခြောက်တာ
  • ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တာက ခန္ဓာကိုယ်ကို ပင်ပန်းစေပြီး မျက်လုံးတွေကို ရောင်ရမ်းတာ၊ မျက်ကွင်းညိုတာတွေကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ မျက်စိတဝိုက်က အသားအရေက ထိခိုက်လွယ်တာကြောင့် ရေဓာတ်ခမ်းခြောက်တဲ့အခါ မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၇ နာရီ ကနေ ၈ နာရီအထိ အိပ်စက်ပြီး ရေအပါအဝင် ရေဓာတ်ပြည့်ဝစေမယ့် သောက်စရာတွေကို များများ သောက်ပေးပါ။

    • ဆား အစားများတာ
    ဆားတွေ၊ အငန်ကဲတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးတာက ခန္ဓာကိုယ်မှာ အရည်တွေစုပြီး ဖောရောင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အရည်တွေစုတာက မျက်လုံးတွေကို ပင်ပန်းသလိုမျိုး ဖြစ်စေပြီး မျက်ကွင်းညိုတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆားနဲ့ အငန်ကဲတာတွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။
    • ကဖင်းတွေ အများကြီးသောက်တာ

    မနက်ခင်းမှာ ကော်ဖီ တစ်ခွက်လောက် သောက်တာက ကိစ္စ မရှိပေမယ့် တစ်နေ့တာကို ကော်ဖီ ၄ ခွက် ကနေ ၅ ခွက်လောက်အထိ သောက်သုံးတာက ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေပြီး မျက်ကွင်းညိုတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ချောကလက်၊ အားဖြည့်အချိုရည်၊ ကိုလာ စတာမျိုးတွေကို အလွန်အကျွံ စားသုံးတာမျိုး မလုပ်ပါနဲ့။

  • မျက်စိညောင်းတာ
  • တစ်နေကုန် ဖုန်းတွေ၊ ကွန်ပျူတာတွေ အသုံးပြုတာကို တစ်ချိန်လုံး အသုံးပြုမယ်ဆိုရင်တော့ မျက်လုံးတဝိုက်က သွေးကြောလေးတွေ ကျယ်လာပြီး မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် စခရင်မ်တွေကို  မိနစ် ၂၀ ကြည့်ပြီးတိုင်း မျက်လုံးကို အနားပေးဖို့ မမေ့ပါနဲ့။ တကယ်လို့ လိုအပ်မယ်ဆိုရင်တော့ မျက်မှန်တပ်တာမျိုး လုပ်ပေးပါ။

    • စိတ်ဖိစီးတာ 

    နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေကလည်း မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝပါရက် မျက်ကွင်းတွေ ညိုနေပြီဆိုရင်တော့ စိတ်ဖိစီးနေပြီလား ဆိုတာကို ဆန်းစစ်ကြည့်ပါ။

    • အရက်တွေ အလွန်အကျွံ သောက်တာ

    အရက်တွေ၊ အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေကို အလွန်အကျွံ သောက်တာကလည်း ကိုယ်တွင်းမှာ ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်စေပြီး မျက်ကွင်းညိုတာကို ဖြစ်စေနိုင်ပါတယ်။

    • မျိုးဗီဇ

    တချို့‌တွေက ခုပြောခဲ့တဲ့ အချက်တွေ ဘာမှမရှိပါဘဲနဲ့ မျက်ကွင်းညိုနေတာပါ။ Eye creamတွေ လိမ်းလည်း မသက်သာကြပါဘူး။ ဒါဆိုရင်တော့ မျိုးဗီဇကြောင့် ဖြစ်နိုင်ပြီး ဒါကတော့ ဘာမှလုပ်လို့ မရပါဘူး။

    အခုလောက်ဆိုရင် အိပ်ရေးပျက်တာအပြင် ဘယ်လိုအချက်တွေက မျက်ကွင်းညိုစေနိုင်လဲဆိုတာကို သိသွားပြီ ဟုတ် …..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement