မျက်စိအသားအတွင်း ပြင်ပအရာတခုခု ဝင်ရောက် နေခြင်း
မှန်ကွဲစ၊ အချွန်အတက် စတာတွေဟာ မျက်စိထဲကို ထိုးဖောက်ဝင်ရောက်သွားနိုင်ပါတယ်။ မျက်ကြည်လွှာကိုပါ ထိခိုက်နိုင်ပါတယ်။
မျက်စိရောင်ခြင်း
မတော်တဆ တစ်ခုခုကြောင့် (ဘောလုံးမှန်ခြင်း) မျက်လုံးကို ထိခိုက်မိတာ၊ ရန်ဖြစ်ရင်း လက်သီးနဲ့ ထိုးမိတာ စတာတွေကြောင့် သွေးကြောနဲ့ တစ်သျှူးတွေကို ထိခိုက်စေနိုင်ပြီး မျက်လုံးအိမ်ဟာ အညိုအမဲစွဲ ရောင်ရမ်းလာနိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် ရေခဲအိတ်ကပ်တာမျိုးနဲ့ ကုသနိုင်ပေမယ့် အတွင်းပိုင်း ထိခိုက်မှုရှိမရှိ သိရအောင် ဆေးရုံဆေးခန်း ပြသတာ အကောင်းဆုံးပါပဲ။ (Hyphema ဆိုတဲ့ အခြေအနေဟာ မျက်လုံးရှေ့ပိုင်းသွေးယိုတာကြောင့် မျက်လုံးအတွင်း ဖိအားမြင့်တက်ကာ စနစ်တကျမကုသရင် ရေတိမ်ဖြစ်ပြီး မျက်လုံး ကွယ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။
မျက်သားသွေးထွက်ခြင်း
မျက်စိသွေးခြေဥခြင်းနဲ့အတူ ဖြစ်လာနိုင်တာကတော့ မျက်လုံးအိမ်ထဲမှာပါ သွေးထွက်ပြီး သွေးခြေဥလာတာ ဖြစ်ပါတယ်။ မျက်ခွံအတွင်းသားနဲ့ မျက်သားနေရာကြား တည်ရှိတဲ့ သွေးကြောလေးတွေ ပေါက်ပြဲရင် ဖြစ်တတ်ပါတယ်။ မြင်ရတာဆိုးပေမယ့် တစ်ခါတလေ ဆေးကုသဖို့တောင် မလိုဘဲ ရက်ပေါင်းများစွာကြာရင် အလိုလိုပျောက်သွားတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။