Routine LASIK သို့မဟုတ် အတွင်းတိမ်ခွဲစိတ်မှုကြောင့်လဲ တစ်ခါတစ်ရံ မျက်ခွံတွဲကျခြင်းဖြစ်နိုင်သည်။ ခွဲစိတ်စဉ် ကြွက်သားနှင့် ရွတ်ကို ဆွဲဆန့်မိသောကြောင့် ဖြစ်ရခြင်းဖြစ်သည်။
ပြင်းထန်သော အခြေအနေများ –
တစ်ချို့ဖြစ်ရပ်များတွင် မျက်ခွံတွဲကျခြင်းသည် လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ် သို့မဟုတ် ကြွက်သားနှင့် အာရုံကြောတို့လို ပြင်းထန်သည့် အခြေအနေများကြောင့် ဖြစ်နိုင်၏။ Myasthenia Gravis လို မျက်ခွံ၏ အာရုံကြောနှင့် ကြွက်သားများအား ထိခိုက်စေသော အာရုံကြောရောဂါများသည်လည်း မျက်ခွံတွဲကျခြင်းကို ဦးတည်နိုင်သည်။
မျက်ခွံတွဲကျခြင်းကို ဖြစ်စေနိုင်သည့် တခြားသော ရောဂါများမှာ –
မျက်လုံးနောက်ဖက် သို့မဟုတ် တစ်ဝိုက်ရှိ အကျိတ်များ
ဆီးချို
Horner Syndrome
Stye နှင့်တွဲသော မျက်ခွံရောင်ခြင်း
ဖြစ်နိုင်ခြေများ
Eyelid Ptosis (မျက်ခွံတွဲကျခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
မျက်ခွံတွဲကျခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။
ဥပမာအားဖြင့်-
အသက်အရွယ်ကြီးခြင်း
ဆီးချို
လေဖြတ်ခြင်း
Horner Syndrome
ဦးနှောက်အကျိတ်
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Eyelid Ptosis (မျက်ခွံတွဲကျခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်မှ စမ်းသပ်ကြည့်ရှု့ခြင်း ရောဂါရာဇဝင်မေးခြင်းများ ပြုလုပ်ပါလိမ့်မည်။ ဘယ်နှခါ တွဲကျကြောင်း တစ်ခါလျှင် ဘယ်လောက်ကြာကြောင်း သင်ရှင်းပြပြီးနောက် ဆရာဝန်မှ အကြောင်းရင်းကို ရှာရန် အောက်ပါတို့ကို စစ်ဆေးခိုင်းနိုင်ပါသည်။
Slit-lamp ဖြင့် စစ်ဆေးခြင်း – အလင်းပြင်းအားကောင်းသည့် slit-lamp ဖြင့် ဆရာဝန်မှ မျက်လုံးကို အနီးကပ် စစ်ဆေးနိုင်မည်ဖြစ်သည်။ ဒီစမ်းသပ်မှုတွင် သင့်မျက်လုံးများ ကျယ်သွားပြီး အလင်းစူးရှမှုကြောင့် မသက်မသာဖြစ်နိုင်ပါသည်။
Tensilon test – ဆရာဝန်မှ Tensilon (edrophonium) ဟုခေါ်သော ဆေးကို အကြောမှ ထိုးပါလိမ့်မည်။ မျက်လုံးကြွက်သားများကို လှုပ်ရှားစေမည့် မျက်လုံးအလယ်သို့ စုကြည့်ခိုင်းတာမျိုး ပြုလုပ်ခိုင်းပါလိမ့်မည်။ Tensilon ဆေးမှ မျက်လုံးကြွက်သားများကို အားကောင်းအောင် လုပ်နိုင်မနိုင် ဆရာဝန်မှ စောင့်ကြည့်မည်ဖြစ်သည်။
ထိုမှ မျက်ခွံတွဲကျခြင်းသည် ကြွက်သားပြဿနာကြောင့် ဟုတ်မဟုတ် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
မြင်ကွင်းပမာဏ စစ်ဆေးခြင်း
Eyelid Ptosis (မျက်ခွံတွဲကျခြင်း) ကို ဘယ်လိုကုသပါသလဲ
မျက်ခွဲတွဲကျခြင်းကို ကုသရာတွင် ဖြစ်ရသည့်အကြောင်းရင်းပေါ် မူတည်ပါသည်။ အသက်ကြီးခြင်း သို့မဟုတ် မွေးရာပါဆိုပါက ကုသရန်မလိုပါ။ ထိုသို့ဆိုပါက ရောဂါသည် အန္တရာယ်မရှိကြောင်း ဘာမှလုပ်ရန်မလိုကြောင်း ဆရာဝန်မှရှင်းပြလိမ့်မည်။
သို့သော် မျက်ခွဲတွဲခြင်းကို လျော့ချလိုလျှင် ပလက်စတစ်ဆာဂျူရီ ပြုလုပ်နိုင်ပါသည်။ မျက်ခွံမှ အမြင်အာရုံကို ပိတ်နေလျှက် ဆေးကုသရန် လိုအပ်ပါသည်။ ဆရာဝန်မှ ခွဲစိတ်ရန် အကြံပြုပါလိမ့်မည်။ မျက်ခွံအား မတင်ထားနိုင်သည့် မျက်မှန်များသည်လည်း ရွေးချယ်စရာတစ်ခုပင်ဖြစ်သည်။
ဒီကုထုံးသည် အမြဲတမ်းမျက်ခွံကျခြင်းမဟုတ်တာကြောင့် အမြဲတမ်း မျက်မှန်တပ်စရာ မလိုသည်မို့ အကျိုးသက်ရောက်မှု ကောင်းပါသည်။ ခွဲစိတ်ရန်မသင့်တော်သူဆိုပါက မျက်မှန်တပ်ဖို့ လမ်းညွှန်နိုင်ပါသည်။
ဆရာဝန်မှ မျက်ခွံတွဲကျခြင်းအား ခွဲစိတ်ဖို့ရန် လမ်းညွှန်နိုင်သည်။ ခွဲစိတ်နေစဉ် လီဗေတာကြွက်သားအား ချည်ပစ်မည်ဖြစ်သည်။ ထို့ကြောင့် မျက်ခွံအား လိုအပ်သည့်အနေအထားထိ မတင့်ထားနိုင်မည်။
နောက်ထပ် ရွေးချယ်ကုသစရာတစ်ခုသည် “Sling” ခွဲစိတ်ခြင်းဖြစ်ပြီး ၎င်းတွင် မျက်ခွံကိုမတင်ရန် နှဖူးကြွက်သားများကို အသုံးချခြင်းဖြစ်သည်။
မျက်ခွံတွဲကျသေ ကလေးများတွင် တစ်ခါတစ်ရံ အမ်ဘလီအိုပီးယား သို့ ပျင်းရိသောမျက်လုံး ရောဂါကို ကာကွယ်ရန် ခွဲစိတ်ကုသဖို့ လမ်းညွှန်နိုင်ပါသည်။
သင့်မျက်ခွံတွဲခြင်းသည် အောက်ခံအကြောင်းရင်း တစ်ခုကြောင့် ဖြစ်ရသည်ကို ဆရာဝန်မှ တွေ့ရှိပါက ထိုဟာကို အရင်ကုသပေးပါလိမ့်မည်။ ထို့မှသာ မျက်ခွံအိကျခြင်းကို တားနိုင်မည်ဖြစ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မျက်ခွံတွဲကျခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ဘယ်အိမ်တွင်းကုထုံးမှ မျက်ခွံတွဲကျခြင်းအား မကုသနိုင်ပါ။ သို့သော် တစ်ခါတစ်ရံ ခွဲစိတ်ကုသမှု ခံယူခြင်းသည် အထောက်အကူပြုပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ