backup og meta

ကားမမူးအာင် လေ့ကျင့်လို့ရပါသလား ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကားမမူးအာင် လေ့ကျင့်လို့ရပါသလား ။ ။

    မခံစားဖူးတဲ့သူတွေကတော့ မသိပေမယ့် ခံစားဖူးတဲ့သူတွေအတွက်ကတော့ ကားမူးတယ်ဆိုတာ အတော့်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပဲနော်။ တစ်ချို့ဆို ကားမူးတတ်လွန်းလို့ ခရီးသွားရမှာ ကြောက်ပြီး ကိုယ့်မြို့ကနေ အခြားဘယ်ကိုမှ ခရီးမထွက်တဲ့သူတွေရှိပါတယ်။ အိမ်ထဲမှာပဲနေပြီး အခြားကမ္ဘာကြီးရဲ့ လှပတဲ့နေရာကို မရောက်ဖူးရင်တော့ ဘယ်မှာ သွားပြီး လူဖြစ်ရကျိုးနပ်မလဲနော်။ ကားမူးတဲ့ဝေဒနာကိုလည်း ကြောက်တယ် ခရီးတွေလည်း သွားချင်တယ် ဒီတော့ ကားမမူးတတ်အောင်များ လေ့ကျင့်လို့ရမလား။ ။

    ကားဘာ့ကြောင့် မူးရတာလဲ ။ ။

    ကားမူးတတ်ဆိုတာ ကားရဲ့လှုပ်ရှားမှုနဲ့ လိုက်ပြီး မျက်စိကမြင်ရတဲ့ အချက်ပြစနစ်တွေကို ဦးနှောက်ဆီပေးပို့ချက်နဲ့ ကိုယ်ခန္ဓါရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်တာကြောင့် မူးဝေ အော့အန်တာဖြစ်ပါတယ်။

    ကားမမူးအောင် လေ့ကျင့်လို့ရလား ။ ။

    ကိုယ်ခန္ဓါပေါ်မှာရှိတဲ့ ဘယ်အရာမှ လေ့ကျင့်လို့မရဘူးဆိုတာမရှိပါဘူး။ ဒါ့ကြောင့် မျက်စိအမြင်အာရုံနဲ့ နားအတွင်းအဂါၤတို့နဲ့ဆိုင်တဲ့ ကားမူးခြင်းဟာလည်း မမူးအောင် လေ့ကျင့်လို့ရတဲ့အရာတစ်ခုပါ။

    ဘယ်လိုလေ့ကျင့်ကြမလဲ ။ ။

    ကားမမူးအောင် လေ့ကျင့်တဲ့နေရာမှာ အရေးအကြီး နှစ်ချက်က စိတ်နဲ့ အတွေ့အကြုံပဲဖြစ်ပါတယ်။

    ကားမူးတယ်ဆိုတဲ့ဖြစ်စဉ်မှာ စိတ်ရဲ့ လွှမ်းမိုးမှုလည်း အများကြီးပါပါတယ်။ ကားပေါ်တက်လိုက်ပြီဆိုတာနဲ့ ကားမူး တော့မှာပဲ ဆိုတဲ့ အကြောင်းချည်းသားတွေးနေလို့ကတော့ ကားမူးမှာ အသေအချာပါ။ ဒီတော့ ကိုယ့်စိတ်ကို ပြင်ဆင်ရမယ့် အချက်လေးတွေရှိပါတယ်။ ။

    • ကားပေါ်တက်လိုက်ပြီဆိုတာနဲ့ အတတ်နိုင်ဆုံး ကားမူးရင် ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးကို ဖျောက်ထားပါ။
    • ပြတင်းပေါက်အခြမ်းမှာ ထိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်ပါ။ စိတ်နည်းနည်း လန်းဆန်းတာပေါ့။
    • စိတ်ကို အခြားနေရာပို့တဲ့အနေနဲ့ သီချင်း တွေနားထောင်ပါ။
    • စိတ်ပြောင်းအောင်ဆိုပြီး ကားစီးနေတုန်း ဖုန်းမပွတ်ပါနဲ့။ ပိုမူးတတ်လို့ပါ။

    များများကားစီးပေးပါ။ ကားမူးတတ်ပါတယ်ဆိုမှ များများ ကားစီးရမယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား။ ဟုတ်ပါတယ်။ ကားများများစီးပေးပါ။ ဒါမှ မူးတာကို ကျင့်သားရသလိုဖြစ်သွားပြီး မမူးအောင် ဘယ်လိုတွေ ပြင်ဆင်သွားရမလဲဆိုတဲ့ အတွေ့အကြုံတွေကို တစ်ခေါက်ထပ်တစ်ခေါက် ပိုပိုရလာမှာပဲဖြစ်ပါတယ်။ ဘယ်လိုတွေများ ပြင်ဆင်သွားသင့်လဲ ။ ။

  • ကားမစီးခင် အစားကို သင့်ရုံသားစားပါ။ ဗိုက်ဟောင်းလောင်းက ကားပိုမူးစေသလို အရမ်းကြီး ဗိုက်တင်းနေရင်လည်း ကားမူးတတ်ပါတယ်။ နောက်တစ်ခုက အနံ့ပြင်းပြီး အဆီများတဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။
  • အသီးအနှံလေးတွေ ဆောင်သွားပါ။ မူးတဲ့အခါ ပြန်လန်းအောင် ကိုယ်ကြိုက်တဲ့ သစ်သီး အနံ့လေးကို ရှူပေးလို့ရတာပေါ့။
  • ညဘက်အိပ်ရေးဝအောင် အိပ်ထားပါ။ အိပ်ရေးမဝရင် အိမ်မှာထိုင်နေရင်းနဲ့ သူ့အလိုလိုတောင် မူးနေတတ်တယ်မလား။
  • နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ ကားမူးပျောက်ဆေးသောက်သွားတာဖြစ်ပါတယ်။ အရင်တုန်းက ကားမူးပျောက်ဆေးဆိုတာ မသိခဲ့ပေမယ့် ကားစီးပါများတဲ့အခါ အခြားသူပြောတာတွေကြားပြီး ကားမူးပျောက်ဆေးရှိတယ်ဆိုတာ သိလာပါလိမ့်မယ်။ အတွေ့အကြုံက စကားပြောတယ်ဆိုတာ ဒါမျိုးပေါ့။
  • Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement