မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
အသက်ရလာတဲ့အမျှ တဖြည်းဖြည်းဖြစ်ပွားလာတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
အသက်ကြီးလာခြင်းနဲ့ ဆူညံသံတွေနဲ့ရေရှည်ထိတွေ့ရခြင်းက နားအကြားအာရုံချို့တဲ့ခြင်းရဲ့ သိသာတဲ့အကြောင်းရင်းဖြစ်ပါတယ်။ နာဖာချေားအလွန်အကျွံထွက်ခြင်းကဲ့သို့သော
အခြားအကြောင်းရင်းတွေက သင့်နားကိုယာယီအသံတွေကနေ ကာကွယ်ပေးထားပါတယ်။
နားအကြားအာရုံချို့ယွင်းခြင်းအများစုက တစ်သက်လုံးဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သင်ကလုံးလုံးမကြားတော့တဲ့ဘဝနဲ့မနေရပါဘူး။ သင်နဲ့သင့်ဆရာဝန်ဒါမှမဟုတ် အကြားအထူးကုက သင့်အကြားအာရုံကိုတိုးတက်လာစေဖို့ နည်းလမ်းတွေဆောင်ကျဉ်းလိုက်နာရပါမယ်။
အသက်၅၅နှစ်နဲ့၆၄နှစ်ကြားအမျးစုမှာ အကြားအာရုံအနည်းငယ်ချို့တဲ့နေကြပါတယ်။ ာအသက်၆၅နှစ်အထက်မှာတော့ နှစ်ယောက်မှာတစ်ယောက်နှုန်းနဲ့ နားအကြားချို့ယွင်းကြပါတယ်။
ဖြစ်ပွားစေရတဲ့အကြောင်းရင်းတွေကို နည်းစေခြင်းဖြ်င့်စီမံနိုင်ပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
စောစောေရောဂါသိပြီး ကုသမှုပေးခြင်းက အခြေအကေိုပိုမဆိုးသွားအောင်နဲ့ အခြားကျန်းမာရေးအရေးပေါ်အခြေအေနေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ကိုတတ်နိုင်သမျှ ဆိုးရွားတဲ့အခြေအနေကနေကာကွယ်နိုင်ဖို့ မြန်မြန်ဆွေးနွေးသင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
ဖြစ်ပွားစေနိုင်တာတွေကတော့
ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
နူးညံ့တဲ့နားအတွင်းပိုင်းပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားခြင်း တဖြည်းဖြည်းဖြစ်လာနိုင်ပါတယ်။
မကြာခဏအသံဆူဆူကိုကြားရခြင်းက အတွင်းနားဆဲလ်တွေကို ပျက်စီးစေပါတယ်။ ပျက်စီးမှုက ဆူညံသံနဲ့အချိန်ကြာကြာထိတွေ့ရခြင်း၊ သေနတ်သံကဲ့သို့သော ခဏတာဆူညံသံဆောင့်တိုးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
မျိုးရိုးဗီဇဆိုင်ရာကြောင့် အသံကြောင့်ဖြစ်တဲ့နားပျက်စီးခြင်းနဲ့ အသက်ကြီးခြင်းကြောင့်ပျက်စီးခြင်း ဖြစ်နိုင်ချေပိုများပါတယ်။
လယ်စိုက်ခြင်း၊ စက်ရုံအလုပ်၊ ဆောက်လုပ်ရေးစတဲ့ ဆူညံသံပုံမှန်ရှိတဲ့အလုပ်တွေကြောင့် နားအတွင်းပိုင်းကို ပျက်စီးစေနိုင်ပါတယ်။
ခြောက်လုံးပြူးသေနတ်၊ ဂျက်အင်ဂျင်ကဲ့သို့သော ပေါက်ကွဲသံတွေကကြောင့် ရုတ်တရက်တစ်သက်လုံးနားကန်းသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။
ပဋိဇီဝဆေး ဂျန်တာမိုင်ဆင်နဲ့ အခြားသောဓါတုကုထုံးဆေးများ စတဲ့ဆေးတွေက နားအတွင်းပိုင်းကုထိခိုက်စေနိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်မှာဒီအခြေအနေခံစားနေရကြောင်း သင့်ဆရာဝန်ကသံသယရှိပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ပါလိမ့်မယ်။ အောက်ပါစစ်ဆေးခြင်းအချို့ကို ပြုလုပ်ဖို့ညွှန်ကြားပါလိမ့်မယ်။
နည်းလမ်းအချို့ကတော့
နားဖားချေးပိတ်ဆို့ခြင်းကြောင့် ယာယီနားအကြားချို့ယွင်းခြ်ငးကို ဖြစ်စေနိုင်ပါတယ်။ သင့်ဆရာဝန်က ဆီအသုံးပြုပြီး နားဖာချေးကိုဖယ်ရှားပေးမှာပြီး ပျော့သွားတဲ့နားဖားချေးတွေကို စုပ်ထုတ်ပေးပြီးသန့်စင်ပေးပါလိမ့်မယ်။
ခွဲစိတ်ခြင်းက နားကိုထိခိုက်မိရင်ဒါမှမဟုတ် နားအထဲကအရာတွေကိုထုတ်ဖို့ ပိုက်သေးသေးလေးတွေထည့်ဖို့အတွက်လိုအပ်တဲ့ ထပ်ခါထပ်ခါကူးစက်ပိုးဝင်ခြင်းမျိုးဆိုရင် လိုအပ်ပါတယ်။
နားအတွင်းပိုင်းကို ထိခိုက်မိခြင်းကြေင့် အကြားအာရုံချို့ယွင်းရတယ်ဆိုရင် အကူကိရိယာက အသံတွေကိုအားကောင်းအောင် နားထောင်ဖို့လွယ်ကူအော် ကူညီပေးပါလိမ့်မယ်။
ပြင်းထန်တဲ့အကြားအာရုံချို့ယွင်းခြင်းရှိခဲ့မယ်ဆိုရင် အစားထိုးကုသခြင်းလိုအပ်ပါတယ်။ အသံကိုအားကောင်းစေပြီး အသံကိုနားလမ်းကြောင်းထဲကို တိုက်ရိုက်ပို့ပေးတဲ့ အကူကိရိယာနဲ့မတူတာက ခရုခွေအစားထိုးခြင်းကသင့်ရဲ့ပျက်စီးသွားတဲ့ဒါမှမဟုတ် အလုပ်မလုပ်တဲ့နားအတွင်းပိုင်းကို ပြန်အလျော်ပေးနိုင်ပါလိမ့်မယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက နားအကြားအာရုံချို့ယွင်းခြင်းမဖြစ်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။
အလွန်အမင်းဆူညံသံများကို ရှောင်ကြဉ်ပါ။
တိတ်ဆိတ်မှုကို တိုက်တွန်းပါ။
စက်ပစ္စည်းတွေဝယ်တဲ့အခါမှာ အသံနှုန်းနိမ့်တာကို စဉ်းစားပါ။ ရုပ်ရှင်ရုံဒါမှမဟုတ်သင်မကြာခဏသွားလေ့ရှိတဲ့နေရာတွေမှာ အရမ်းဆူညံလွန်းနေရင် မန်နေဂျာကိုအသံလျှော့ခိုင်းဖို့ တောင်းဆိုပါ။
ဆူညံသံတွေကိုခွင့်မပြုပါနဲ့။
တခါတရံမှာ လူနာတင်ယာဉ်ရဲ့အချက်ပေးသံ၊ သင့်လမ်းထောင့်က အုတ်နံရံဖောက်စက်သံစတာတွေကို မရှောင်လွဲနိုင်ပါဘူး။ ခဏခဏကြားနေလို့တော့ မဖြစ်ပါဘူး။ ဆူညံသံကြောင့်ဖြစ်တဲ့ နားအကြားအာရုံချို့ယွင်းခြင်းက ဆူညံလွန်းခြင်းကြောင့်ဖြစ်ပြီး အချိန်တော်တော်ကြာခြင်းကြောင့်ဖြစ်ပါတယ်။
အကြားအကာတပ်ဆင်ခြင်း
မိနစ်အနည်းငယ်ထက်ပိုပြီး ဆူညံတဲ့နေရာတွေကို သွာရတော့မယ်ဆိုရ်င် အကာယူသွားပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။