ကလေးတစ်ယောက်၌ နားရောဂါရှိလာပြီဆိုပါက နာကျင်မှုသည် အသိသာ အထင်ရှားဆုံး လက္ခဏာပင်ဖြစ်သည်။ သူတို့ နားကိုက်ကြောင်း ပြောပါလိမ့်မည်။ မပြောနိုင်လျှင်တောင် သူတို့ကိုကြည့်လိုက်လျှင် မသက်မသာပုံ သို့ ညစ်ညူးနေသည့်ပုံကို တွေ့ရနိုင်ပါသည်။ ကလေးသည် နားကိုဆွဲလိုက် ထိလိုက်လုပ်နေသည်ကိုမြင်ရသည်မှာ အတော်လေးစိတ်မကောင်းဖွယ်ရာပင်။ သူ့၌ သာမန်အအေးမိ တုပ်ကွေးဖြစ်တာလည်း ဖြစ်နိုင်သည်။ သို့မဟုတ် နားအတွင်း ပိုးဝင်နေတာလည်း ဖြစ်နိုင်ပါသည်။