backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Trimipramine (ထရိုင်မီပရာမင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Trimipramine (ထရိုင်မီပရာမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Trimipramineကိုစိတ်ကျခြင်းအတွက်အများဆုံးအသုံးပြုကြသည်။

Trimipramine (ထရိုင်မီပရာမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသုံးစွဲပါ။ သင့်ကိုပေးထားသမျှ အချက်အလက်များကိုဖတ်ပါ။ ညွှန်ကြားသည်များကိုသေချာလိုက်နာပါ။

ဆေးကိုအစာရှိရှိမရှိရှိသောက်နိုင်ပါသည်။ ဗိုက်နာတတ်ပါကအစာနှင့်တွဲပြီးသောက်ပါ။

Trimipramineကိုနေကောင်းလာပြီဟုခံစားရသည့်တိုင် ဆရာဝန်မှပြောသည့်အတိုင်းသောက်သုံးရမည်။

ဆေးမှအာနိသင်အပြည့်ရရန် ရက်သတ္တပတ်အနည်းငယ်ကြာတတ်၏။

Trimipramine (ထရိုင်မီပရာမင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Trimipramineကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Trimipramineကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Trimipramineဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသော ပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Trimipramineအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Trimipramine (ထရိုင်မီပရာမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Trimipramineတွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
  • မကြာခင်ကမှနှလုံးဖောက်ဖူးလျှင်
  • စိတ်ကျရောဂါအတွက် ဆေးများisocarboxazid, phenelzine, tranylcypromine ၊ ပါကင်ဆွန်ရောဂါအတွက် ဆေးများselegiline or rasagilineတို့ကို ၁၄ ရက်အတွင်းသောက်ထားလျှင်။ ထိုဆေးများသောက်ထားသည့် ၁၄ ရက်အတွင်းTrimipramineကိုသောက်မိပါကသွေးစောင့်တက်နိုင်ပါသည်။
  • Linezolid or methylene blueဆေးများသောက်နေရလျှင်။

သင်ဤဆေးသောက်နေကြောင်း ကျန်းမာရေးဝန်ထမ်းများအားလုံးကိုပြောပါ။ ကျန်းမာရေးဝန်ထမ်းဆိုသည်မှာ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်များ၊ သွားဆရာဝန်များ ပါဝင်ပါသည်။

Trimipramine က ကိုယ့်အပေါ်သက်ရောက်ပုံအားမသိရသေးမချင်းကားမောင်းခြင်း နိုးကြားရန်လိုသည့် အလုပ်များလုပ်ခြင်းတို့ကိုရှောင်ကြဉ်ရမည်။

ခေါင်းမူးခြင်း၊ မူးလဲခြင်းတို့အားလျော့ချရန်အတွက် ထိုင်ရာ၊ လှဲရာမှထလျှင် ဖြည်းဖြည်းချင်းထပါ။ လှေကားအတက်အဆင်းများကိုဂရုစိုက်ပါ။

ဆေးကိုရက်သတ္တပတ်များစွာသောက်ပြီးပါကဆေးကိုမရပ်ခင် ဆရာဝန်နှင့်ဆွေးနွေးပါ။ Trimipramineကို ဖြည်းဖြည်းချင်းရပ်ရန် လိုပါလိမ့်မည်။

တက်ခြင်း၊ ယခင်ကတက်ဖူးခြင်းများရှိပါက ဆရာဝန်နှင့်ဆွေးနွေးပါ။

ဆီးချိုရှိပါကသွေးသကြားဓါတ်ကိုမှန်မှန်စစ်ရန် လိုအပ်ပါလိမ့်မည်။

ဤဆေးကိုသောက်နေရပါကအရက်ကိုရှောင်ပါ။

သင့်လှုပ်ရှားမှုကိုနှေးစေမည့်ဆေးများ၊ သဘာဝဆေးများမသုံးခင် ဆရာဝန်နှင့် အရင်ဆွေးနွေးပါ။

တစ်ချို့သူများတွင် Trimipramineကြောင့် မျက်လုံးပြဿနာများ ဖြစ်တတ်၏။ မျက်လုံးပြဿနာ ဖြစ်နိုင်ချေများက ဆရာဝန်မှ သင့်ကိုမျက်လုံးစစ်ခြင်းလုပ်ခိုင်နိုင်ပါသည်။ မျက်လုံးနာခြင်း၊ အမြင်အာရုံပြောင်းခြင်း၊ မျက်လုံးနှင့်တစ်ဝိုက် နီခြင်း၊ ရောင်ခြင်းများ ဖြစ်လာပါက ဆရာဝန်ကိုချက်ချင်းခေါ်ပါ။

နေလောင်လွယ်နိုင်သည်။ နေရောင်၊ နေမီးအိမ်နှင့် နေပူဆာလှုံခြင်းများကိုရှောင်ပါ။ နေလောင်ကာဆေး၊ အဝတ်အစားရှည်ရှည်၊ နေကာမျက်မှန် စသည်တို့ကိုသုံးပါ။

ကိုယ်လက်လှုပ်ရှားစဉ်နှင့် ပူသောအချိန်တွင် ဂရုစိုက်ပါ။ ရေဓါတ်မနည်းစေရန် အရည်များများသောက်ပါ။

၆၅ နှစ်အထက်များတွင် ဆေးကိုသတိနှင့်သုံးရမည်။ ဘေးထွက်ဆိုးကျိုးများပိုဖြစ်နိုင်ပါသည်။

ကိုယ်ဝန်ရှိလျှင်၊ ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိလျှင် ဆရာဝန်ကိုပြောပါ။ Trimipramineကို ကိုယ်ဝန်ဆောင်စဉ်မသုံးခင် ကောင်းကျိုးဆိုးကျိုးများအတွက် ဆရာဝန်နှင့်တိုင်ပင်ပါ။

နို့တိုက်နေရပါက ဆရာဝန်ကိုပြောပါ။ ကလေးတွင်ဖြစ်နိုင်မည့် အန္တရာယ်များကိုဆွေးနွေးရန် လိုပါလိမ့်မည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Trimipramine (ထရိုင်မီပရာမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Trimipramine (ထရိုင်မီပရာမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါလက္ခဏာများသည့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများနှင့် ဆက်စပ်နိုင်သောကြောင့် ဆရာဝန်နှင့်ချက်ချင်းပြပါ။

  • ဓါတ်မတည့်သည့်လက္ခဏာများ – အကွက်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း၊ အရည်ကြည်ဖုထခြင်း၊ အရေပြားကွာခြင်း၊ အဖျားရှိချင်ရှိမည်၊ နှာချေခြင်း၊ ရင်ကြပ်ခြင်း၊ အသက်ရှူရ စကားပြောရခက်ခြင်း၊ ပုံမှန်မဟုတ်ဘဲအသံသြလာခြင်း၊ မျက်နှာ၊ ပါးစပ်၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ဖောင်းကြွလာခြင်း။
  • ကိုယ့်ကိုယ်ကိုနာကျင်စေလိုစိတ်ရှိလာခြင်း၊ ပိုဆိုးလာခြင်း
  • ဆိုးဝါးစွာခေါင်းမူးခြင်း၊ မေ့လဲချင်သလိုဖြစ်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • ဆီးမသွားနိုင်ခြင်း
  • စိတ်လှုပ်ရှားခြင်း
  • မောပန်းခြင်း၊ အားနည်းခြင်း
  • ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း
  • စိတ်အခြေအနေပြောင်းခြင်း
  • အပြုအမူဆိုင်ရာပြဿနာများ
  • နာအူခြင်း
  • ကိုယ်လှုပ်ရှားမှုများထိန်းရခက်ခြင်း
  • မရှင်းပြနိုင်ဘဲအညိုအမည်းစွဲခြင်း၊ သွေးထွက်ခြင်း
  • မျက်လုံးအသားဝါခြင်း
  • လိင်စိတ်အခြေအနေပြောင်းခြင်း

တစ်ခါတစ်ရံတွင် သေနိုင်သည်အထိဖြစ်တတ်သော Serotonin Syndrome ဖြစ်တတ်ပါသည်။ တခြားသောစိတ်ကျရောဂါကုဆေးများ၊ ခေါင်းတစ်ခြမ်းကိုက်ကုဆေးများ၊ တစ်ချို့ဆေးများနှင့် တွဲသောက်လျှင် ပိုဆိုးပါသည်။ စိတ်တိုလွယ်ခြင်း၊ ကိုယ်ဟန်မထိန်းနိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ဖျားခြင်း၊ နှလုံးခုန်မြန်ခြင်း၊ တစ်ကိုယ်လုံးပူရှိန်းနေခြင်း၊ ကြွက်သားလှုပ်ခြင်းတောင့်ခြင်း၊ တက်ခြင်း၊ တုန်ခြင်း၊ ချွေးအများကြီးထွက်ခြင်း၊ ဆိုးဆိုးဝါးဝါးဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ ခေါင်းအပြင်းအထန်ကိုက်ခြင်းစသည်တို့ဖြစ်လာပါက ဆရာဝန်ကိုပြောပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Trimipramine (ထရိုင်မီပရာမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Trimipramineသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Trimipramine (ထရိုင်မီပရာမင်း) နဲ့ ဓါတ်ပြုနိုင်သလား

Trimipramine က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Trimipramine (ထရိုင်မီပရာမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Trimipramineသည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Trimipramine (ထရိုင်မီပရာမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

စိတ်ကျရောဂါအတွက် အရွယ်ရောက်ပြီးသူများသောက်ရန် ပုံမှန်ပမာဏ

ပြင်ပလူနာ:

  • ကနဦးပမာဏ: တစ်ရက်လျှင် 75 mgကိုခွဲသောက်ရန်
  • ထိန်းညှိပမာဏ: တစ်ရက်လျှင် 50 to 150 mg
  • အများဆုံးပမာဏ: တစ်ရက်လျှင် 200 mg

ဆေးရုံတင်လူနာ:

  • ကနဦးပမာဏ: တစ်ရက်လျှင် 100 mgကိုခွဲသောက်ရန်
  • ထိန်းညှိပမာဏ: တစ်ရက်လျှင် 200 mg
  • အများဆုံးပမာဏ: တစ်ရက်လျှင် 300 mg

စိတ်ကျရောဂါအတွက် အသက်ကြီးသူများသောက်ရန် ပုံမှန်ပမာဏ

ကနဦး: 50 mgနေ့စဉ်

ထိန်းညှိပမာဏ: 100 mgနေ့စဉ်

ကလေးတွေအတွက် Trimipramine (ထရိုင်မီပရာမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Trimipramine (ထရိုင်မီပရာမင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Trimipramineကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Trimipramineကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement