Triamcinolone (ထရိုင်ရန်စီနိုလုံး) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Generic Name: Triamcinolone (ထရိုင်ရန်စီနိုလုံး) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Triamcinolone (ထရိုင်ရန်စီနိုလုံး) ကို ဘာအတွက်အသုံးပြုကြသလဲ

Triamcinolone သည် ကော်တီကို စတီးရွိုက်အမျိုးအစား ဆေးတမျိုးဖြစ်သည်။၎င်းသည် ရောင်ရမ်းခြင်းကို ဖြစ်စေသော ဓာတ်ပစ္စည်းများ ခန္တာကိုယ်မှ ထုတ်လုပ်ခြင်းကို တားဆီးပေးသည်။ Triamcinolone သောက်ဆေးကို ဓာတ်မတည့်ခြင်း၊အရေပြားပြဿနာများ၊ အူမကြီးတွင် အနာဖြစ်ခြင်း၊အဆစ်အမြစ် ရောင်ခြင်း၊၊Lupus ဟုခေါ်သည့် အရေပြားကို အဓိကထိခိုက်သော ရောဂါတမျိုး၊ psoriasis အရေပြားရောဂါ သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများတွင် အသုံးပြုနိုင်သည်။
အထက်ပါ အခြေအနေများ အပြင် အခြားသော ရည်ရွယ်ချက်များဖြင့်လည်း အသုံးပြုနိုင်သည်။

Triamcinolone (ထရိုင်ရန်စီနိုလုံး) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေး ကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း အတိအကျသောက်ပါ။ဆေးညွှန်းမှာ ပါသမျှ ညွှန်ကြားချက်များ အားလုံးကို အသေအချာ လိုက်နာပါ။သင့်ဆရာဝန်သည် အကောင်းဆုံးသော ကုသမှုရလာဒ်များ ရရှိစေရန်အတွက် ဆေးပမာဏကို တခါတရံ ပြောင်းလဲကောင်း ပြောင်းလဲလိမ့်မည်။သို့သော် ဆရာဝန် ညွှန်ကြားသည်ထက် ပမာဏ ပို၍၊လျှော့၍ သို့မဟုတ် အချိန်ကြာကြာ ပို၍ မသောက်သုံးပါနှင့်။
အစာအိမ် ထိခိုက်ခြင်းကို ကာကွယ်ရန် Triamcinoloneကို အစာစားပြီးမှ သောက်ပါ။
အကယ်၍ သင်သည် ပုံမှန်မဟုတ်သော ဖိစီးမှုအခြေအနေများဖြစ်သည့် ပြင်းထန်သော ဝေဒနာတခုခုကို ခံစားနေရခြင်း၊ဖျားနာခြင်း၊ကူးစက်ရောဂါဖြစ်ပွါးခြင်း၊ခွဲစိတ်ကုသမှုခံယူရခြင်း၊အရေးပေါ်ဆေးဝါးကုသမှုခံယူရခြင်း စသည်တို့ကို ရင်ဆိုင်ရပါက သင်သောက်နေရသော စတီးရွိုက်ဆေး၏ ပမာဏကို ပြောင်းလဲရန် လိုအပ်ပါလိမ့်မည်။ ထို့ကြောင့် အဆိုပါ ကျန်းမာရေးအခြေအနေများ ဖြစ်ပေါ်ပါက သင့်ဆရာဝန်ကို အသိပေးပါ။ထို့အပြင် ဤဆေးသည် အချို့သော ဓာတ်ခွဲစမ်းသပ်မှု အဖြေများကိုပြောင်းလဲစေနိုင်သဖြင့် သင်Triamcinolone ဆေးသောက်နေရကြောင်းကို ဆရာဝန်အား အသိပေးပါ။ Triamcinoloneဆေးသောက်ခြင်းကို ရုတ်တရက် ရပ်ဆိုင်းလိုက်ပါက ပြင်းထန်သော ဆေးဖြတ်ဝေဒနာလက္ခဏာများကို ခံစားရမည်ဖြစ်၍ ဆေးသောက်သုံးမှု ရပ်နားရန်လိုအပ်သောအခါ ၎င်းလက္ခဏာတို့ကို ရှောင်ရှားနိုင်ရန် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ အကယ်၍ မတော်တဆဖြစ်ပွါးခြင်း သို့မဟုတ် အရေးပေါ်ဆေးကုသခံရန် လိုအပ်လာခြင်းများရှိပါက သင်သည် စတီးရွိုက်ဆေး သောက်သုံးနေသူဖြစ်ကြောင်း သိစေရန် စတီးရွိုက်သောက်သုံးနေကြောင်း ID card သို့မဟုတ် လက်ပတ်ကို ဝတ်ဆင်ထားသင့်ပါသည်။သင့်ကို ကုသပေးသော ဆရာဝန်၊သွားဆရာဝန် သို့မဟုတ် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုပေးသူကို မဆို သင်သည် စတီးရွိုက်သောက်သုံးနေသူ ဖြစ်ကြောင်း အသိပေးထားပါ။

Triamcinolone (ထရိုင်ရန်စီနိုလုံး) ဘယ်လိုသိမ်းဆည်းရမလဲ

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Triamcinolone (ထရိုင်ရန်စီနိုလုံး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပြီး ဆုံးဖြတ်ချက်ချပါ။အောက်ဖော်ပြပါ အခြေအနေများကို ထည့်သွင်းစဉ်းစားပါ။

ဓာတ်မတည့်ခြင်း။ ။Triamcinolone ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။
ကလေးသူငယ်များ။ ။ ကလေးများတွင် Triamcinolone လိမ်းဆေး၏ အသုံးဝင်မှုကို လျော့ကျစေမည့် အထွေအထူးပြဿနာ မရှိကြောင်း သုတေသနပြုလေ့လာချက်များအရ သိရှိရပါသည်။သို့သော် ဤဆေးသည် အနည်းငယ် ပြင်းသဖြင့် ကလေးများတွင် သတိထားပြီး သုံးစွဲရပါမည်။ကလေးများတွင် ဆေးသည် အရေပြားမှစိမ့်ဝင်ရာ၌ ပမာဏများစွာ စိမ့်ဝင်သဖြင့် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။ထို့ကြောင့် သင့်ကလေးတွင် ဤဆေးကို သုံးစွဲနေရပါက ဆရာဝန်၏ ညွှန်ကြားချက်များကို စနစ်တကျ သေချာစွာ လိုက်နာရန်လိုပါသည်။
သက်ကြီးရွယ်အိုများ။ ။ Triamcinolone လိမ်းဆေးကို သက်ကြီးရွယ်အိုများတွင် သုံးစွဲသောအခါ အသက်အရွယ်ကြောင့် ဆေးအာနိသင်ပြောင်းလဲကြောင်း သုတေသနပြုထားသည့် အချက်အလက်များမရှိပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Triamcinolone (ထရိုင်ရန်စီနိုလုံး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
(ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Triamcinolone (ထရိုင်ရန်စီနိုလုံး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက ဆေးသုံးစွဲခြင်းကို ချက်ချင်းရပ်ပြီး အရေးပေါ်ကုသမှုကို ခံယူရပါမည်။အကယ်၍ အောက်ဖော်ပြပါ လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးသုံးစွဲမှုကို ချက်ချင်းရပ်ပြီး ဆရာဝန်ကို အမြန်ဆုံးဆက်သွယ်ပါ။
• အမြင်အာရုံဆိုင်ရာ ပြဿနာများ
• ရောင်ရမ်းခြင်း၊ရုတ်တရက် ကိုယ်အလေးချိန်တက်လာခြင်း၊အသက်ရှုမဝခြင်း
• စိတ်ကျဝေဒနာ ဆိုးဆိုးရွားရွားခံစားရခြင်း၊မူမမှန်သော အတွေးများပေါ်လာခြင်း၊ အပြုအမူများ ပုံမှန်မဟုတ်ခြင်း၊တက်ခြင်း
• သွေးဝမ်းသွားခြင်း၊ဝမ်းမဲမဲသွားခြင်း၊ချောင်းဆိုးသွေးပါခြင်း။
• ပန်ကရိယ ရောင်ခြင်း (ဗိုက်အပေါ်ပိုင်းတွင် ပြင်းထန်စွာနာပြီး နာကျင်မှုသည် ကျောဖက်သို့ပါ ပျံ့နှံ့သွားတတ်သည်။ပျို့မည် အန်မည်၊ နှလုံးခုန်မြန်မည်)
• ပိုတက်ဆီယမ်ဓာတ်နည်းခြင်း (ကယောင်ကတမ်းဖြစ်ခြင်း၊နှလုံးခုန်မမှန်ခြင်း၊ရေအလွန်အမင်းငတ်ခြင်း၊ဆီးခဏခဏသွားခြင်း၊ခြေထောက် လေးလံခြင်း၊ကြွက်သားများ ပျော့ခွေအားနည်းခြင်း၊ လမ်းလျှောက်ရအဆင်မပြေခြင်း)
• သွေးပေါင်ချိန်အလွန်မြင့်တက်ခြင်း (ခေါင်းအလွန်ကိုက်မည်၊အမြင်အာရုံဝေဝါးမည်၊နားထဲတွင်တဝီဝီအသံများ ကြားနေမည်၊စိုးရိမ်စိတ်များမည်၊ကယောင်ကတမ်းဖြစ်မည်၊ရင်ဘတ်အောင့်၊အသက်ရှုမဝ၊နှလုံးခုန်မမှန်ဖြစ်မည်၊တက်မည်)

သာမန်ဘေးထွက်ဆိုးကျိုးများမှာ
• အိပ်မပျော်ခြင်း၊ စိတ်နေစိတ်ထားများပြောင်းလဲခြင်း
• ဝက်ခြံထွက်ခြင်း၊အသားအရေခြောက်ခြင်း၊အသားပါးခြင်း၊သွေးခြေဥခြင်း
• အနာကျက်နှေးခြင်း
• ချွေးထွက်များခြင်း
• ခေါင်းကိုက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊ချာချာလည်နေခြင်း
• ပျို့ခြင်း၊ဗိုက်အောင့်ဗိုက်နာခြင်း၊လေပွခြင်း
• ကြွက်သားများ အားနည်းခြင်း
• ခန္တာကိုယ်ရှိ အဆီများ ပုံစံပြောင်းခြင်း၊နေရာပြောင်းခြင်း (အထူးသဖြင့် လက်မောင်း၊ခြေထောက်၊မျက်နှာ၊လည်ပင်း၊ရင်သား၊ခါးတို့မှ အဆီများ)
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Triamcinolone (ထရိုင်ရန်စီနိုလုံး) နဲ့ ဓာတ်ပြုနိုင်သလဲ

Triamcinolone ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Triamcinolone (ထရိုင်ရန်စီနိုလုံး) နဲ့ ဓာတ်ပြုနိုင်သလား

Triamcinolone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Triamcinolone (ထရိုင်ရန်စီနိုလုံး) နဲ့ ဓာတ်ပြုနိုင်သလဲ

Triamcinolone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• Cushing’s syndrome လို့ခေါ်တဲ့ adrenal ဂလင်းမူမမှန်တာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုး
• ဆီးချိုသွေးချို
• သွေးတွင်းသကြားဓာတ်များခြင်း
• ဦးခေါင်းအတွင်း သွေးဖိအားများခြင်း …………………. Triamcinolone သည် အဆိုပါ အခြေအနေများကို ပိုဆိုးစေသဖြင့် သတိထားသုံးပါ။
• ဆေးလိမ်းမည့်နေရာ သို့မဟုတ် ထိုနေရာအနီးတဝိုက်တွင် အနာများရှိခြင်း
• ဆေးလိမ်းမည့်နေရာတွင် ကြီးမားသော အနာများ၊အရေပြားပေါက်ပြဲနေခြင်းများရှိခြင်း……………… ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေမည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Triamcinolone (ထရိုင်ရန်စီနိုလုံး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

PAdrenal ဂလင်း ကောင်းစွာအလုပ်မလုပ်ခြင်းအတွက်
၎-၁၂မီလီဂရမ် ကို နေ့စဉ်သောက်ရပါမည်။ (mineralocorticoid ကုသမှု လည်းယူရမည်)

Ankylosing spondylitis ရောဂါ (ကျောရိုးမကြီးရောင်ရမ်းသော ရောဂါ) အတွက်
တနေ့လျှင် ၈-၁၆မီလီဂရမ် ဦးစွာ သောက်ရမည်။ သို့မဟုတ် ၃-၄၈ မီလီဂရမ်ကို အသားထိုးဆေးအဖြစ် တနေ့လျှင် ၂ကြိမ်ခွဲပြီး ထိုးရမည်။

အဆစ်ထဲသို့ ထိုးခြင်း အတွက်
အဆစ်၏ အရွယ်အစားအပေါ် မူတည်၍ ၅-၄၀ မီလီဂရမ်ကို တခါထိုးရမည်။ ဒူးဆစ်အတွက် ပျမ်းမျှပမာဏမှာ ၂၅မီလီဂရမ်ဖြစ်သည်။
ရက်သတ္တပတ်တပတ်တွင် အများဆုံးထိုးနိုင်သော ပမာဏမှာ ၇၅မီလီဂရမ် ဖြစ်သည်။

အရည်များနှင့် ပြည့်နေသော အဆစ်တွင်ရှိသည့် အိတ်ငယ်လေး ရောင်ရမ်းခြင်း (Bursitis) အတွက်
တနေ့လျှင် ၈-၁၆ မီလီဂရမ် ဦးစွာ သောက်ရမည်။ သို့မဟုတ် ၃-၄၈ မီလီဂရမ်ကို အသားထိုးဆေးအဖြစ် တနေ့လျှင် ၂ကြိမ်ခွဲပြီး ထိုးရမည်။

အဆစ်ထဲသို့ ထိုးခြင်း အတွက်
အဆစ်၏ အရွယ်အစားအပေါ် မူတည်၍ ၅-၄၀ မီလီဂရမ်ကို တခါထိုးရမည်။ ဒူးဆစ်အတွက် ပျမ်းမျှပမာဏမှာ ၂၅မီလီဂရမ်ဖြစ်သည်။
ရက်သတ္တပတ်တပတ်တွင် အများဆုံးထိုးနိုင်သော ပမာဏမှာ ၇၅မီလီဂရမ် ဖြစ်သည်။

Osteoarthritis ဟု ခေါ်သော အရိုးအဆစ်များ ရောင်ရမ်းခြင်းအတွက်
တနေ့လျှင် ၈-၁၆ မီလီဂရမ် ဦးစွာ သောက်ရမည်။ သို့မဟုတ် ၃-၄၈ မီလီဂရမ်ကို အသားထိုးဆေးအဖြစ် တနေ့လျှင် ၂ကြိမ်ခွဲပြီး ထိုးရမည်။

အဆစ်ထဲသို့ ထိုးခြင်း အတွက်
အဆစ်၏ အရွယ်အစားအပေါ် မူတည်၍ ၅-၄၀ မီလီဂရမ်ကို တခါထိုးရမည်။ ဒူးဆစ်အတွက် ပျမ်းမျှပမာဏမှာ ၂၅မီလီဂရမ်ဖြစ်သည်။
ရက်သတ္တပတ်တပတ်တွင် အများဆုံးထိုးနိုင်သော ပမာဏမှာ ၇၅မီလီဂရမ် ဖြစ်သည်။

Rheumatoid arthritis အဆစ်အမြစ်ရောင် ရောဂါအတွက်

တစ်နေ့လျှင် ၈-၁၆ မီလီဂရမ် ဦးစွာ သောက်ရမည်။ သို့မဟုတ် ၃-၄၈ မီလီဂရမ်ကို အသားထိုးဆေးအဖြစ် တစ်နေ့လျှင် ၂ကြိမ်ခွဲပြီး ထိုးရမည်။

အဆစ်ထဲသို့ ထိုးခြင်း အတွက်
အဆစ်၏ အရွယ်အစားအပေါ် မူတည်၍ ၅-၄၀ မီလီဂရမ်ကို တခါထိုးရမည်။ ဒူးဆစ်အတွက် ပျမ်းမျှပမာဏမှာ ၂၅မီလီဂရမ်ဖြစ်သည်။
ရက်သတ္တပတ်တစ်ပတ်တွင် အများဆုံးထိုးနိုင်သော ပမာဏမှာ ၇၅မီလီဂရမ် ဖြစ်သည်။

ကလေးတွေအတွက် Triamcinolone (ထရိုင်ရန်စီနိုလုံး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Triamcinolone (ထရိုင်ရန်စီနိုလုံး) ကိုဘယ်လိုရရှိနိုင်သလဲ

Triamcinolone ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• ထိုးဆေး 40mg/ml

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 16, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 16, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ