Medroxyprogesterone (Medroxyprogesterone) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Medroxyprogesterone (Medroxyprogesterone) Brand Name(s): Medroxyprogesterone (Medroxyprogesterone).

အသုံးပြုပုံများ

Medroxyprogesterone (Medroxyprogesterone) ကို ဘာအတွက်အသုံးပြုကြသလဲ

Medroxyprogesterone သည် အမျိုးသမီး ဟော်မုန်း တစ်မျိုး (progestin) ဖြစ်သည်။ ဤဆေးသည် သင့်ခန္ဓာကိုယ် မှ သဘာဝအတိုင်း ထုတ်လုပ်သော progesterone နှင့် ဆင်တူသည်။ သင့် ခန္ဓာကိုယ်မှ လုံလောက်စွာ မထုတ်နိုင်သောအခါ အစားထိုးရန်အတွက် ပေးသည်။ ဤဆေး ကို အသုံးပြုပုံ အမျိုးမျိုး ရှိသည်။ ကိုယ်ဝန် မရှိသော အမျိုးသမီးများ၊ သွေးမဆုံးသေးသော အမျိုးသမီးများတွင် သားအိမ်မှ ပုံမမှန်သော သွေးထွက်ခြင်းကို ကုသရန် ဤဆေးကို သုံးသည်။ လများစွာကြာ ရာသီမလာသော အမျိုးသမီးများတွင် ပုံမှန် ရာသီပြန်လာအောင် သုံးသည်။

Medroxyprogesterone ကို ဟော်မုန်း အစားထိုး ကုထုံးတွင် estrogens ဖြင့် တွဲသုံးသည်။ သွေးဆုံးခြင်း၏ လက္ခဏာများ ( ဥပမာ စိတ်ကယောက် ကယက်ဖြစ်ခြင်း) ကို သက်သာစေရန် သုံးသည်။

သားအိမ်ကင်ဆာ ဖြစ်နိုင်ချေ နည်းစေရန် Medroxyprogesterone ကို estrogen အစားထိုးကုထုံး တွင် ထပ်ပေါင်းသုံးသည်။

ဤဆေးကို ကိုယ်ဝန်ဆောင်ချိန်တွင် စမ်းသပ် မသုံးရပါ။

Medroxyprogesterone (Medroxyprogesterone) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း ပါးစပ်မှ သောက်ပါ။ ဆေး အချိန်ဇယားကို သေချာလိုက်နာပါ။ မေးစရာ တစ်ခုခု ရှိပါက ဆရာဝန်အား မေးပါ။ ဆေးပမာဏသည် သင်၏ ကျန်းမာရေး အခြေအနေနှင့် ကုထုံးအား တုံ့ပြန်မှု အပေါ် မူတည်သည်။

ဟော်မုန်း အစားထိုးကုထုံးတွင် estrogens နှင့် ပေါင်းစပ် သုံးခြင်းအတွက်။ ဤဆေးကို တစ်နေ့ တစ်ကြိမ်သောက်ပါ။ လစဉ် သတ်မှတ်ထားသော နေ့များတွင် သောက်ပါ။

ရာသီမလာခြင်းနှင့် သားအိမ်မှ ပုံမှန်မဟုတ်သော သွေးထွက်ခြင်းအား ကုသရန်အတွက်။ ဤဆေးကို ရာသီ စက်ဝန်း၏ ဒုတိယတစ်ဝက် အတွင်း ၅-၁၀ ရက် သောက်ပါ။ တစ်နေ့ တစ်ကြိမ်သောက်ပါ။ သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ပါ။ ဆေးဖြတ်ပြီးနောက် ၃-၇ ရက်အတွင်း သွေးထွက်ခြင်း ဖြစ်လေ့ ရှိသည်။

သင့်အခြေအနေသည် သက်သာမလာပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်အား အကြောင်းကြားပါ။

Medroxyprogesterone (Medroxyprogesterone) ဘယ်လိုသိမ်းဆည်းရမလဲ

Medroxyprogesterone ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Medroxyprogesterone ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Medroxyprogesterone တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Medroxyprogesterone ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Medroxyprogesterone (Medroxyprogesterone) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင်သည် Medroxyprogesterone နှင့် ဓာတ်မတည့်ပါက သို့မဟုတ် အခြား ဓာတ်မတည့်မှု တစ်ခုခု ရှိပါက ဆေးမသောက်မီ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား ပြောပြပါ။ ဤဆေး၏ အချို့ ကနေဒါ အမှတ်တံဆိပ်များတွင် inactive ပါဝင်ပစ္စည်း ( ဥပမာ ပဲပိစပ်) ပါနိုင်သည်။ ၎င်းသည် ဓာတ်မတည့်မှု နှင့် အခြားပြဿနာများကို ဖြစ်စေသည်။ မြေပဲ နှင့် ဓာတ်မတည့်သော လူအချို့သည် ပဲပိစပ်နှင့်လည်း ဓာတ်မတည့်မှု ဖြစ်နိုင်သည်။ အသေးစိတ် အချက်အလက်များ အတွက် ဆေးဝါးပညာရှင်နှင့် ဆွေးနွေးပါ။

သင့်တွင် အချို့ ကျန်းမာရေး အခြေအနေများ ရှိပါက ဤဆေးကို မသုံးသင့်ပါ။ သင့်တွင် သွေးခဲခြင်း၊ ဦးနှောက်တွင် သွေးထွက်ခြင်း၊ အသည်းရောဂါ၊ ရင်သား သို့မဟုတ် အခြား အမျိုးသမီး အင်္ဂါ ကင်ဆာများ၊ အကြောင်းရင်း မသိဘဲ မိန်းမကိုယ်မှ သွေးထွက်ခြင်း၊ ကိုယ်ဝန်ပျက်ကျပြီး သားအိမ်ထဲတွင် တစ်ရှူး အချို့ ကျန်ရှိခြင်း၊ မကြာသေးမီက လေဖြတ်ခြင်း၊ နှလုံး သွေးကြော ရုတ်တရက် ကျဉ်းခြင်း ( တစ်နှစ် အတွင်း) စသော ရောဂါရာဇဝင်များ ရှိပါက ဤဆေး မသောက်ခင် ဆရာဝန်နှင့် တိုင်ပင်ပါ။

သင့်တွင် ရောဂါရာဇဝင် အထူးသဖြင့် မိသားစု ကျန်းမာရေး ရာဇဝင် ( အထူးသဖြင့် ရင်သား အကျိတ်နှင့် ကင်ဆာ)၊ ကျောက်ကပ်ရောဂါ၊ အဝလွန်ခြင်း၊ နှလုံး ရောဂါ ( ဥပမာ အရင်က ရုတ်တရက် နှလုံးသွေးကြော ကျဉ်းခြင်း၊ နှလုံး ကို ထောက်ပံ့သော သွေးကြော ရောဂါ၊ နှလုံးရောင် ရောဂါ)၊ သွေးတိုးခြင်း၊ တက်ခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ ပန်းနာ ရင်ကြပ်၊ သွေးတွင်း ကိုလက်စထရော / အဆီ များခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဆီးချိုသွေးချို၊ လေဖြတ်ခြင်း စသော ရောဂါရာဇဝင်များ ရှိပါက ဆရာဝန်အား ပြောပါ။

ဤဆေးသည် မူးဝေခြင်း၊ ငိုက်မျဉ်းခြင်းကို ဖြစ်စေသည်။ အရက် သို့မဟုတ် ဆေးခြောက်သည် သင့်ကို ပိုပြီးမူးဝေစေသည်။ ကားမောင်းခြင်း၊ စက်ပစ္စည်းများ သုံးခြင်း သို့မဟုတ် နိုးကြားမှု လိုအပ်သော တစ်စုံတစ်ရာကို ဘေးကင်း အောင် မလုပ်နိုင်မချင်း မလုပ်ပါနှင့်။ အရက်သောက်ခြင်းကို ကန့်သတ်ပါ။ သင်သည် ဆေးခြောက်သုံးနေပါက ဆရာဝန်အား ပြောပြပါ။

သင်သည် ခွဲစိတ်မှု ခံယူရမည် ဖြစ်ပါက သို့မဟုတ် ကုလားထိုင်/ ကုတင်တွင် အချိန်ကြာစွာ နေရမည် ( ဥပမာ လေယာဉ် အကြာကြီး စီးရမည်) ဆိုပါက ဆရာဝန်အား အသိပေးပါ။ သွေးခဲပိတ်နိုင်ချေ ပိုများသောကြောင့် ဆေးကို အချိန်တစ်ခုကြာ ရပ်ရန် လိုသည်။ သို့မဟုတ် အထူး သတိထားရန် လိုသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်အား မေးပါ။

ဆေးလိပ်မသောက်ပါနှင့်။ ဤဆေးနှင့် ဆေးလိပ် ပေါင်းခြင်းသည် လေဖြတ်ခြင်း၊ သွေးခဲခြင်း၊ သွေးတိုးခြင်း၊ နှလုံး သွေးကြော ရုတ်တရက် ကျဉ်းခြင်း စသည်တို့ ဖြစ်နိုင်ချေကို များစေသည်။

ဤဆေးသည် မျက်နှာနှင့် အရေပြားတွင် အမည်းရောင် အဖု များ ဖြစ်စေသည်။ နေရောင်သည် ထိုသက်ရောက်မှုကို ပိုဆိုးစေသည်။ နေပူထဲ သွားခြင်းကို ကန့်သတ်ပါ။ အသားညို စေသော နေလောင်ခံ နေရာများ၊ နေရောင်ခြည် ထွက်သော မီးအိမ်များကို ရှောင်ပါ။ အပြင်ထွက်သောအခါ နေလောင်ခံ ခရမ် လိမ်းပါ။ အကာအကွယ် ပေးသော အဝတ်များ ဝတ်ပါ။

ဤဆေးကို ကိုယ်ဝန်ဆောင်စဉ်အတွင်း မသုံးရပါ။ မမွေးသေးသော ကလေးငယ်ကို အထူးသဖြင့် ကိုယ်ဝန် ပထမ ၄ လတွင် ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။ သင်သည် ကိုယ်ဝန်ရလာပါက သို့မဟုတ် ကိုယ်ဝန်ရနိုင်သည်ဟု ထင်ပါက ဆရာဝန်အား ချက်ချင်း အသိပေးပါ။ ဤဆေးသည် မိခင်နို့မှ ဖြတ်သွားသည်။ ကလေးနို့ မတိုက်မီ ဆရာဝန်နှင့် တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Medroxyprogesterone (Medroxyprogesterone) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Medroxyprogesterone သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Medroxyprogesterone မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Medroxyprogesterone သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Medroxyprogesterone (Medroxyprogesterone) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ ရင်သား တင်းမာခြင်း၊ ခေါင်းကိုက်ခြင်း၊ မိန်းမကိုယ်မှ အရည်ဆင်းမှု ပြောင်းလဲခြင်း၊ စိတ်ခံစားမှု ပြောင်းခြင်း၊ အမြင်ဝေဝါးခြင်း၊ မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း/ ကျခြင်း ဖြစ်နိုင်သည်။ ထို သက်ရောက်မှုများ ဆက်ဖြစ်နေပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန် သို့မဟုတ် ဆေးဝါး ကျွမ်းကျင်သူအား အမြန် အသိပေးပါ။

သင့်အတွက် အကျိုးကျေးဇူးသည် ဘေးထွက်ဆိုးကျိုးများ ထက် ပိုများသည်ဟု ဆရာဝန်က ဆုံးဖြတ်သောကြောင့် ဤဆေးကို ပေးခြင်း ဖြစ်သည်။ ဤဆေး သုံးနေသော လူများစွာသည် ပြင်းထန်သော ဘေးထွက် ဆိုးကျိုးများ မခံစားရပါ။

အောက်ပါ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ဆရာဝန်အား ချက်ချင်း ပြောပါ။ ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးထွက်ခြင်း ( ဥပမာ အကွက်စွန်းခြင်း၊ ထိုးဖောက်ပြီး သွေးထွက်ခြင်း)၊ စိတ် ပြောင်းလဲခြင်း ( ဥပမာ စိတ်ဓာတ်ကျခြင်း၊ မှတ်ညဏ် ဆုံးရှုံးခြင်း)၊ လက်/ ခြေထောက် ရောင်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ဆီးသွားရာတွင် ပူလောင်ခြင်း / နာကျင်ခြင်း၊ ရင်သား အကျိတ်များ၊ အရေပြား သို့မဟုတ် မျက်နှာတွင် အမည်းကွက်များ (melasma)၊ မျက်လုံး/အရေပြား ဝါခြင်း၊ ပုံမှန်မဟုတ်ဘဲ မောပန်းခြင်း။

ဤဆေးသည် အလွန် ပြင်းထန်သော ( သေစေနိုင်သော) ဆိုးကျိုးများ ဖြစ်ခဲပါသည် ( ဥပမာ နှလုံးသွေးကြော ရုတ်တရက် ကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်များ သို့မဟုတ် ခြေထောက် တွင် သွေးခဲပိတ်ခြင်း၊ မျက်စိကွယ်ခြင်း)။ သင်သည် အောက်ပါတို့ ခံစားရပါက ကျန်းမာရေး စောင့်ရှောက်မှုကို အမြန်ရှာဖွေပါ။ ရင်ဘတ်၊ မေးရိုး၊ ဘယ်ဘက် လက် နာကျင်ခြင်း၊ ခန္ဓာကိုယ် တစ်ဘက် အားနည်းခြင်း၊ စကား မပီခြင်း၊ ရုတ်တရက် အမြင် ပြောင်းလဲခြင်း ( ဥပမာ ဝေဝါးခြင်း၊ နှစ်ထပ် မြင်ခြင်း၊ အမြင် ကွယ်ခြင်း၊ မျက်လုံး ဖောင်းလာခြင်း)၊ စိတ်ရှုပ်ထွေးခြင်း၊ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ပြင်းထန်စွာ မူးဝေခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူရ ခက်ခြင်း၊ ချောင်းဆိုး သွေးပါခြင်း၊ လက်မောင်း/ခြေထောက် နာကျင်ခြင်း/ နီရဲခြင်း/ ရောင်ရမ်းခြင်း/ အားနည်းခြင်း၊ ခြေသလုံး ကြွက်သား နာကျင်ခြင်း/ ရောင်ရမ်းပြီး ထိကြည့်ပါက ပူနွေးခြင်း။

ဤဆေးနှင့် အလွန်ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ခဲသည်။ သို့သော်လည်း ပြင်းထန်သော ဓာတ်မတည့်မှု၏ လက္ခဏာများကို သတိပြုမိပါက ကျန်းမာရေး စောင့်ရှောက်မှု ချက်ချင်း ရယူပါ။ ဥပမာ အဖုအပိမ့်များ၊ ယားယံခြင်း/ ရောင်ရမ်းခြင်း ( အထူးသဖြင့် မျက်နှာ/ လျှာ/ လည်ချောင်း)၊ ပြင်းထန်သော မူးဝေခြင်း၊ အသက်ရှူရ ခက်ခြင်း။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Medroxyprogesterone (Medroxyprogesterone) နဲ့ ဓာတ်ပြုနိုင်သလဲ

  ဤဆေးနှင့် ဓာတ်ပြုနိုင်သော ထုတ်ကုန်အချို့မှာ aminoglutethimide, ခန္ဓာကိုယ်မှ medroxyprogesterone ကို စွန့်ထုတ်ပေးသော အသည်းအင်ဇိုင်းများကို သက်ရောက်သော ဆေးများ ( ဥပမာ rifampin, St.John’s wort, azole antifungals, itraconazole, အချို့ အတက်ကျဆေးများ carbamazepine/ phenobarbital/ phenytoin)

ဤဆေးသည် အချို့ ဓာတ်ခွဲခန်း စစ်ဆေးမှုများ၏ အဖြေကို မှားယွင်းစေနိုင်သည်။ သင်သည် ဤဆေးကို သောက်နေကြောင်း ဓာတ်ခွဲခန်း ဝန်ထမ်းများနှင့် ဆရာဝန်များ ကို အသိပေးပါ။

Medroxyprogesterone သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Medroxyprogesterone (Medroxyprogesterone) နဲ့ ဓာတ်ပြုနိုင်သလား

  Medroxyprogesterone သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Medroxyprogesterone (Medroxyprogesterone) နဲ့ ဓာတ်ပြုနိုင်သလဲ

  Medroxyprogesterone သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Medroxyprogesterone (Medroxyprogesterone) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Endometriosis အတွက် လူကြီး ပုံမှန် ပမာဏ

၁၀၄ မီလီဂရမ်ကို သုံးလ ( ၁၂-၂၄ ပတ်) တစ်ကြိမ် ပေးပါ။  အရေပြားအောက်သို့ ထိုးသည်။

ကုထုံး ကြာချိန်။ ၂ နှစ်ထက် ပိုမကြာပါနှင့်။

မှတ်ချက်များ။

ရာသီသွေး ပုံမှန်လာသော လိင်ဆက်ဆံမှုရှိသော အမျိုးသမီးများအတွက် ပထမအကြိမ် ထိုးဆေးကို ပုံမှန် ရာသီ၏ ပထမ ၅ရက်အတွင်း ပေးသင့်သည်။ လူနာသည် ကလေးနို့တိုက်နေပါက ကလေးမွေးပြီး ၆ ပတ်အတွင်း ပေးသင့်သည်။

ဆေးထိုးချိန် နှစ်ခုကြားသည် ၁၄ ပတ်ထက် ပိုကြာပါက မထိုးမီ ကိုယ်ဝန်ရှိမရှိ စစ်ကြည့်သင့်သည်။

အရေပြားအောက် ထိုးဆေးကို အချိန်ကြာစွာ သုံးပါက အရိုး သတ္ထုဓာတ် သိပ်သည်းဆ (BMD) ကို ထိခိုက်စေသည်။ ထိုအချက်ကို ထည့်သွင်းစဉ်းစားသင့်သည်။

BMD ကို ပြန်လည် ကုသမှု မစခင် စစ်ဆေးသင့်သည်။

အသုံးပြုပုံ။ endometriosis နှင့်ဆိုင်သော နာကျင်မှုကို ထိန်းချုပ်ရန်

Endometrial Hyperplasia ကို ကာကွယ်ရန်အတွက် ပုံမှန် လူကြီးပမာဏ

သောက်ဆေးပြားများ။

နေ့စဉ် ၅-၁၀ မီလီဂရမ်ကို တစ်လလျှင် ၁၂-၁၄ ရက် ဆက်တိုက် သောက်ပါ။ နေ့စဉ် conjugated estrogens 0.625 mg သောက်နေသော သွေးဆုံးပြီးသော အမျိုးသမီးများတွင် ဓမ္မတာ၏ ပထမ ၁ ရက် သို့မဟုတ် ၁၆ ရက်မြောက်နေ့တွင် စတင်နိုင်သည်။

မှတ်ချက်များ။

Estrogens သောက်နေသော သားအိမ်ရှိသော သွေးဆုံးပြီး အမျိုးသမီးများတွင် သားအိမ်အတွင်းမြှေး ကင်ဆာ ဖြစ်နိုင်ချေ လျော့ချရန် progestin ကုထုံးကို စတင်သင့်သည်။

Estrogen ကို တစ်မျိုးတည်း သို့မဟုတ် progestin နှင့် တွဲသုံးခြင်းသည် အကျိုးသက်ရောက်သော အနည်းဆုံး ပမာဏ ဖြစ်သင့်သည်။ အချိန်ကို အတိုဆုံးထားသင့်သည်။ စတင်ပေးသော ပမာဏသည် အနည်းဆုံး ဖြစ်သင့်သည်။

ကုသမှုကို လိုအပ်သေးသလား ဆုံးဖြတ်ရန် ပုံမှန် ပြန်လည် စစ်ဆေးပါ။ ( ဥပမာ ၃-၆ လခြား)

သားအိမ်ရှိသော အမျိုးသမီးများတွင် မိန်းမကိုယ်မှ သွေးထွက်ခြင်းသည် ရောဂါအဖြေရှာ မတွေ့ဘဲ ကြာရှည်နေပါက သို့မဟုတ် ပြန်ဖြစ်ပါက ကင်ဆာ ဖြစ်နေသလား ဆုံးဖြတ်ရန် သားအိမ်အတွင်းမြှေး နမူနာ ယူသင့်သည်။

အသုံးပြုခြင်း။ conjugated estrogens 0.625 mg နေ့စဉ်သောက်နေသော သားအိမ်ထုတ်မထားသော သွေးဆုံးပြီး အမျိုးသမီးများတွင် endometrial hyperplasia ကို ကာကွယ်ရန်

ကိုယ်ဝန်တားခြင်းအတွက် ပုံမှန်လူကြီးပမာဏ

ကြွက်သားထဲသို့ ထိုးဆေး

၁၅၀ မီလီဂရမ်ကို ၃ လ (၁၃ ပတ်) တစ်ကြိမ် တင်ပဆုံ သို့မဟုတ် လက်မောင်း ကြွက်သားထဲသို့ ထိုးသည်။

အရေပြားအောက် ထိုးဆေး

၁၀၄ မီလီဂရမ်ကို ၃ လ ( ၁၂-၁၄ ပတ်) တစ်ကြိမ် ပေါင် အရှေ့ပိုင်း သို့မဟုတ် ဗိုက်တွင် ထိုးသည်။

ပထမအကြိမ် ထိုးခြင်း

ပထမအကြိမ် ထိုးချိန်တွင် လူနာသည် ကိုယ်ဝန် မရှိရပါ။

ပထမအကြိမ် ထိုးဆေးကို ပုံမှန် ရာသီ၏ ပထမ ၅ ရက်အတွင်း၊ ကလေးနို့မတိုက်ပါက မွေးဖွားပြီး ပထမ ၅ ရက် အတွင်း၊ ကလေးနို့တိုက်ပါက မွေးဖွားပြီး ၆ ပတ်မြောက်တွင် ထိုးသင့်သည်။

အခြား ကိုယ်ဝန်တားသော နည်းလမ်းမှ ပြောင်းခြင်း

ကြွက်သားထဲသို့ ထိုးဆေး။ ပထမအကြိမ် ထိုးဆေးကို နောက်ဆုံး ကိုယ်ဝန်တားဆေး သောက်ပြီးသော နေ့တွင် ထိုးသင့်သည်။ သို့မဟုတ် နောက်ဆုံး ကိုယ်ဝန်တားဆေး သောက်သော နေ့၏ နောက်နေ့တွင် ထိုးသင့်သည်။

အရေပြားအောက် ထိုးဆေး။ ပထမအကြိမ် ထိုးဆေးကို နောက်ဆုံး ကိုယ်ဝန်တားဆေး သောက်ပြီးနောက် သို့မဟုတ် ကပ်ခွာ၊ ring ဖယ်ပြီးနောက် ၇ ရက်အတွင်း ထိုးသင့်သည်။ 150 mg IM ထိုးဆေးမှ ပြောင်းချိန်တွင် ကိုယ်ဝန်တားခြင်းကို ဆက်လက် ထိန်းထားလိမ့်မည်။ နောက်ထပ် ထိုးဆေးကို IM အတွက် သတ်မှတ်ထားသော အချိန်အတွင်းပေးပါ။

မှတ်ချက်။

ထိုးဆေးနှစ်ခုကြား အချိန်သည် ၁၃ ပတ်ထက် ကြာပါက ဆေး မပေးခင် ကိုယ်ဝန်ရှိသလား စစ်သင့်သည်။

IM suspension ၏ အကျိုးသက်ရောက်မှုသည် ဆေးထိုးသည့် အချိန်ဇယားအား လိုက်နာမှုအပေါ် မူတည်သည်။

အရိုး သတ္ထုဓာတ် သိပ်သည်းဆ (BMD) ဆုံးရှုံးမှု၊ အရိုး ထုထည်အပေါ် သက်ရောက်မှုတို့ကို ထည့်သွင်း စဉ်းစားသင့်သည်။ ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးနို့တိုက်စဉ် တွင် BMD လျော့ကျခြင်းကိုလည်း စဉ်းစားသင့်သည်။ IM injection ကို ရေရှည် သုံးသောအခါ BMD ကို စစ်ဆေးသင့်သည်။

အသုံးပြုခြင်း။ ကလေးမွေးနိုင်သော အမျိုးသမီးများတွင် ကိုယ်ဝန်တားရန်

ပုံမမှန်သော သားအိမ်မှ သွေးထွက်ခြင်းအတွက် ပုံမှန် လူကြီး ပမာဏ

သောက်ဆေးပြား

နေ့စဉ် 5-10 mg ကို 5-10 ရက်ပေးပါ။ ရာသီစက်ဝန်း၏ 16 ရက်မြောက်နေ့ သို့မဟုတ် 21 ရက်မြောက်နေ့တွင် စတင်ပါ။

သားအိမ်အတွင်းမြှေး၏ သင့်တော်သော စစ်ထုတ်မှု ထွက်ရန် လိုအပ်သော ပမာဏ။ နေ့စဉ် 10 mg ကို 10 ရက်ပေးပါ။ ရာသီစက်ဝန်း၏ 16 ရက်မြောက်နေ့တွင် စတင်ပါ။

မှတ်ချက်။

သောက်ဆေးများကို ဖြတ်ပြီး 3-7 ရက်အတွင်း သွေးထွက်ခြင်း ဖြစ်လေ့ရှိသည်။

အရင်က ပုံမမှန်သော သားအိမ်မှ သွေးထွက်ခြင်း ရာဇဝင်ရှိသော လူနာများသည် သောက်ဆေးများဖြင့် အကျိုးရှိ နိုင်သည်။

အသုံးပြုရန်။ fibroids သို့မဟုတ် သားအိမ်ကင်ဆာ ကဲ့သို့ ရောဂါမရှိဘဲ ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်သော ပုံမမှန်သော သားအိမ်မှ သွေးထွက်ခြင်း

ရာသီမလာခြင်းအတွက် ပုံမှန်လူကြီး ပမာဏ

သောက်ဆေးပြား

နေ့စဉ် 5-10 mg ကို 5-10 ရက်ပေးပါ။

သားအိမ်အတွင်းမြှေး၏ သင့်တော်သော စစ်ထုတ်မှု ထွက်ရန် လိုအပ်သော ပမာဏ။ နေ့စဉ် 10 mg ကို 10 ရက်ပေးပါ။

မှတ်ချက်။

ကုထုံးကို မည်သည့်အချိန်တွင်မဆို စတင်နိုင်သည်။

ဤဆေးကို ဖြတ်ပြီး 3-7 ရက်အတွင်း သွေးထွက်ခြင်း ဖြစ်လေ့ရှိသည်။

အသုံးပြုရန်။ fibroids သို့မဟုတ် သားအိမ်ကင်ဆာ ကဲ့သို့ ရောဂါမရှိဘဲ ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်သော ရာသီမလာခြင်းအား ကုသရန်

Renal Cell Carcinoma အတွက် ပုံမှန်လူကြီး ပမာဏ

အစပိုင်း ပမာဏ။ 400-1000 mg IM တစ်ပတ်တစ်ကြိမ်

ဆက်ပေးသော ပမာဏ။ ဆေးပမာဏကို 400 mg IM သို့ လျော့ချပြီး တစ်လ တစ်ကြိမ်ပေးသည်။

မှတ်ချက်။

ဤဆေးကို ပထမကုထုံးအဖြစ် မပေးပါ။

သက်ကြီးရွယ်အိုများတွင် ပိုပြီးထိခိုက်စေမှုကို မဖယ်ရှားနိုင်ပါ။

သက်သာလာပါက ဆေးပေးသော အကြိမ်ရေကို လျော့ချ နိုင်သည်။ သီတင်းပတ် အနည်းငယ်မှ လအနည်းငယ်အတွင်း သက်သာလေ့ရှိသည်။

အသုံးပြုရန်။ ခွဲစိတ်၍ မရသော ရောဂါအဆင့်မြင့်နေသော လူနာများတွင် ဖြည့်စွက်သော၊ သက်သာစေသော ကုသမှု အဖြစ်သုံးသည်။ ပြန်ဖြစ်သော သို့မဟုတ် ပျံ့ပွားနေသော endometrial or renal carcinoma

သားအိမ်အတွင်းမြှေး ကင်ဆာ အတွက် ပုံမှန်လူကြီး ပမာဏ

အစပိုင်း ပမာဏ။ 400-1000 mg IM တစ်ပတ်တစ်ကြိမ်

ဆက်ပေးသော ပမာဏ။ ဆေးပမာဏကို 400 mg IM သို့ လျော့ချပြီး တစ်လ တစ်ကြိမ်ပေးသည်။

မှတ်ချက်။

ဤဆေးကို ပထမကုထုံးအဖြစ် မပေးပါ။

သက်ကြီးရွယ်အိုများတွင် ပိုပြီးထိခိုက်စေမှုကို မဖယ်ရှားနိုင်ပါ။

သက်သာလာပါက ဆေးပေးသော အကြိမ်ရေကို လျော့ချ နိုင်သည်။ သီတင်းပတ် အနည်းငယ်မှ လအနည်းငယ်အတွင်း သက်သာလေ့ရှိသည်။

အသုံးပြုရန်။ ခွဲစိတ်၍ မရသော ရောဂါအဆင့်မြင့်နေသော လူနာများတွင် ဖြည့်စွက်သော၊ သက်သာစေသော ကုသမှု အဖြစ်သုံးသည်။ ပြန်ဖြစ်သော သို့မဟုတ် ပျံ့ပွားနေသော endometrial or renal carcinoma

ကျောက်ကပ်အတွက် ဆေးပမာဏ ချိန်ညိမှု

လေ့လာမှုများ ပြုလုပ်မထားပါ။

အသည်းအတွက် ဆေးပမာဏ ချိန်ညိမှု

အသည်း ပျက်စီးမှု သို့မဟုတ် အသည်းရောဂါများတွင် မသုံးရပါ။

အခြား မှတ်ချက်များ

ဆေးပေးရာတွင် အကြံပြုချက်

ထိုးဆေး။

ထိုးဆေးရည်ကို တစ်ပြေးညီ ဖြစ်စေရန် မထိုးခင် ခပ်ပြင်းပြင်း လှုပ်ပါ။

ဆေးတစ်ခါထိုးတိုင်း ထိုးသောနေရာကို ပြောင်းပါ။

ဆေးပမာဏကို ခန္ဓာကိုယ်အလေးချိန် အပေါ် မူတည်ပြီး ချိန်ညိရန် မလိုပါ။

အခြား ကိုယ်ဝန်တားနည်းများဖြင့် လုံလောက်ပါက ရေရှည် ကိုယ်ဝန်တားနည်းအဖြစ် မသုံးပါနှင့် ( ၂ နှစ်ထက် ကျော်ပြီး)။

ဆေးတစ်ခါထိုးတိုင်း အထူးသဖြင့် တင်ပဆုံတွင် ထိုးတိုင်း ပိုရှည်သော အပ်လိုအပ်သလား ဆုံးဖြတ်ရန် ခန္ဓာကိုယ် ပုံစံကို စစ်ဆေးသင့်သည်။

ထိရောက်သော အနည်းဆုံး ပမာဏနှင့် အတိုဆုံး အချိန်ကို အကြံပြုထောက်ခံသည်။

ယေဘုယျ။

ဤဆေးနှင့် ကုသမှု မစခင် ပြည့်စုံသော တစ်ကိုယ်ရည်နှင့် မိသားစု ကျန်းမာရေး ရာဇဝင်ကို ယူထားသင့်သည်။

ဤဆေး သုံးနေသော လူနာများတွင် ပုံမှန် ရာဇဝင် နှင့် ခန္ဓာကိုယ် စစ်ဆေးမှုများ ( ဥပမာ သွေးပေါင်ချိန်၊ ရင်သား၊ ဝမ်းဗိုက်နှင့် တင်ပဆုံရှိ အင်္ဂါများ၊ သားအိမ် ဆဲလ်လေ့လာခြင်း၊ သင့်တော်သော ဓာတ်ခွဲခန်း စစ်ဆေးမှုများ) လုပ်ရန် အကြံပြုပါသည်။

စောင့်ကြည့်ခြင်း

ကြွက်သားနှင့် အရိုး စစ်ဆေးခြင်း။ အရိုး သတ္ထုဓာတ် သိပ်သည်းဆ

နှလုံးနှင့် သွေးကြောစနစ်။ သွေးပေါင်ချိန်

ကာဗွန်ဟိုက်ဒရိတ် ဓာတ်ပြောင်းလဲခြင်း။ ဆီးချိုသွေးချိုလူနာ များကို သေချာ စောင့်ကြည့်ပါ။

လူနာအား အကြံပြုချက်

လူနာများသည် ကိုယ်ဝန်အစောပိုင်းတွင် ဤဆေးသုံးပါက သတင်းပို့သင့်သည်။

ဟော်မုန်း ကိုယ်ဝန်တားဆေး သုံးသော လူနာများသည် သွေးပေါင်ချိန် စစ်ရန်နှင့် အခြား စောင့်ရှောက်မှုများအတွက် ဆရာဝန်ထံ နှစ်စဉ် ပြသ သင့်သည်။

IM ထိုးဆေးသည် HIV ကူးစက်ခြင်း (AIDS) နှင့် အခြား လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကို မကာကွယ်နိုင်ပါ။

ကုသမှုအစတွင် ရာသီစက်ဝန်းသည် ပျက်ပြားနိုင်သည်။ မမှန်သော၊ မခန့်မှန်းထားသော သွေးထွက်ခြင်းနှင့် အကွက်စွန်းခြင်းတို့ ဖြစ်စေသည်။ ကုသမှုကို ဆက်ပေးပါက လျော့နည်းသွားသည်။

ဤဆေးကို enzyme inducers များနှင့် သုံးပါက အခြားကိုယ်ဝန်တားနည်းကို သုံးပါ။

ကလေးတွေအတွက် Medroxyprogesterone (Medroxyprogesterone) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကိုယ်ဝန်တားခြင်းအတွက် ပုံမှန် ကလေးပမာဏ

ပျိုဖော်ဝင်ပြီး ကလေးများနှင့် အရွယ်ရောက်ပြီးသူများ

ကြွက်သားထဲသို့ ထိုးဆေး

၁၅၀ မီလီဂရမ်ကို ၃ လ (၁၃ ပတ်) တစ်ကြိမ် တင်ပဆုံ သို့မဟုတ် လက်မောင်း ကြွက်သားထဲသို့ ထိုးသည်။

အရေပြားအောက် ထိုးဆေး

၁၀၄ မီလီဂရမ်ကို ၃ လ ( ၁၂-၁၄ ပတ်) တစ်ကြိမ် ပေါင် အရှေ့ပိုင်း သို့မဟုတ် ဗိုက်တွင် ထိုးသည်။

ပထမအကြိမ် ထိုးခြင်း

ပထမအကြိမ် ထိုးချိန်တွင် လူနာသည် ကိုယ်ဝန် မရှိရပါ။

ပထမအကြိမ် ထိုးဆေးကို ပုံမှန် ရာသီ၏ ပထမ ၅ ရက်အတွင်း၊ ကလေးနို့မတိုက်ပါက မွေးဖွားပြီး ပထမ ၅ ရက် အတွင်း၊ ကလေးနို့တိုက်ပါက မွေးဖွားပြီး ၆ ပတ်မြောက်တွင် ထိုးသင့်သည်။

အခြား ကိုယ်ဝန်တားသော နည်းလမ်းမှ ပြောင်းခြင်း

ကြွက်သားထဲသို့ ထိုးဆေး။ ပထမအကြိမ် ထိုးဆေးကို နောက်ဆုံး ကိုယ်ဝန်တားဆေး သောက်ပြီးသော နေ့တွင် ထိုးသင့်သည်။ သို့မဟုတ် နောက်ဆုံး ကိုယ်ဝန်တားဆေး သောက်သော နေ့၏ နောက်နေ့တွင် ထိုးသင့်သည်။

အရေပြားအောက် ထိုးဆေး။ ပထမအကြိမ် ထိုးဆေးကို နောက်ဆုံး ကိုယ်ဝန်တားဆေး သောက်ပြီးနောက် သို့မဟုတ် ကပ်ခွာ၊ ring ဖယ်ပြီးနောက် ၇ ရက်အတွင်း ထိုးသင့်သည်။ 150 mg IM ထိုးဆေးမှ ပြောင်းချိန်တွင် ကိုယ်ဝန်တားခြင်းကို ဆက်လက် ထိန်းထားလိမ့်မည်။ နောက်ထပ် ထိုးဆေးကို IM အတွက် သတ်မှတ်ထားသော အချိန်အတွင်းပေးပါ။

မှတ်ချက်။

ထိုးဆေးနှစ်ခုကြား အချိန်သည် ၁၃ ပတ်ထက် ကြာပါက ဆေး မပေးခင် ကိုယ်ဝန်ရှိသလား စစ်သင့်သည်။

IM suspension ၏ အကျိုးသက်ရောက်မှုသည် ဆေးထိုးသည့် အချိန်ဇယားအား လိုက်နာမှုအပေါ် မူတည်သည်။

အရိုး သတ္ထုဓာတ် သိပ်သည်းဆ (BMD) ဆုံးရှုံးမှု၊ အရိုး ထုထည်အပေါ် သက်ရောက်မှုတို့ကို ထည့်သွင်း စဉ်းစားသင့်သည်။ ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးနို့တိုက်စဉ် တွင် BMD လျော့ကျခြင်းကိုလည်း စဉ်းစားသင့်သည်။ IM injection ကို ရေရှည် သုံးသောအခါ BMD ကို စစ်ဆေးသင့်သည်။

အသုံးပြုခြင်း။ ကလေးမွေးနိုင်သော အမျိုးသမီးများတွင် ကိုယ်ဝန်တားရန်

Medroxyprogesterone (Medroxyprogesterone) ကိုဘယ်လိုရရှိနိုင်သလဲ

  Medroxyprogesterone ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • သောက်ဆေးပြား
  • ကြွက်သားထဲသို့ ထိုးဆေး
  • အရေပြားအောက် ထိုးဆေး
  • ပေါင်းစပ်ထားသော အမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Medroxyprogesterone သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 4, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ