Generic Name: Contractubex® Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Contractubex ကို ဘာအတွက်အသုံးပြုကြသလဲ

Contractubex® ကို အမာရွတ်ပျောက်ကင်းစေရန် ကုသရာတွင် အများဆုံးအသုံးပြုကြသည်။ အကျိုးသက်ရောက်မှု ၃ခုရှိသည်။ ၄င်းတို့မှာ-

  • အမာရွတ်ကြီးမားစွာ ဖြစ်ပေါ်လာခြင်းကို ကာကွယ်ပေးသည်။
  • နီရဲခြင်း၊ ယားယံခြင်းနှင့် တင်းမာနေခြင်းကို လျော့နည်းစေသည်။
  • အမာရွတ်ကို ချောမွတ်စေပြီး ပျော့ပြောင်းမှုကို ဖြစ်ပေါ်လာစေသည်။

Contractubex ဘယ်လိုသင့်သလဲ

ဆေးအရည်ကို လိမ်းလိုသည့်နေရာပေါ်တွင် လိမ်းပြီး နူးညံ့စွာနှိပ်နယ်ပါ။

Contractubex ဘယ်လိုသိမ်းဆည်းရမလဲ

Contractubex®ကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည် မထိတွေ့ရန်၊ မစိုစွတ်မှုမရှိစေရန် သိမ်းဆည်းခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်စေရန် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုလုပ်ပါနှင့်။ Contractubex® ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသည့် ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါသည်။  ဆေးဘူးအခွံတွင် ပါသည့် သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။

Contractubex® ကို အိမ်သာတွင်း ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းကို မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့လျှင်၊ သက်တမ်း ကုန်ဆုံးသွားလျှင် စနစ်တကျစွန့်ပစ်ရန် အရေးကြီးသည်။ ဆေးဝါးများအား စနစ်တကျ မည်သို့ စွန့်ပစ်ရမည် ဆိုသည်ကို ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Contractubex အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးမှုပြုလုပ်ပါ။

  • Contractubex® တွင်ပါဝင်သော ပစ္စည်းများ၊ အခြားဆေးဝါးများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • အခြားဆေးများ၊ သဘာဝဆေးဘက်ဝင် ပစ္စည်းများ သောက်သုံးနေလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Contractubex ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Contractubex®ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Contractubex ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Contractubex® သည် လိမ်းသည့် အရေပြား ၀န်းကျင်တွင် တခုခုဖြစ်နိုင်သည်။ သို့သော် ရှားပါသည်။

ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုတွင် တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည် များလည်း ရှိနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Contractubex နဲ့ ဓာတ်ပြုနိုင်သလဲ

Contractubex®သည် သင်ယခု သောက်သုံးနေသည့် တခြားသော ဆေးဝါးများနှင့် ဓာတ်ပြုမှုများ ဖြစ်နိုင်ကာ ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓာတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသည့် ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် သို့် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Contractubex နဲ့ ဓာတ်ပြုနိုင်သလား

Contractubex® သည်အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဓာတ်ပြုမှုများ ဖြစ်မလာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ခြေရှိမရှိ ဆရာဝန်နှင့် မေးမြန်းတိုင်ပင်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Contractubex ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးကို နေ့စဉ်လိမ်းပြီး အမာရွတ်ထဲသို့ လုံးဝ စိမ့်ဝင်သွားသည်အထိ နှိပ်နယ်ပါ။ မာသော အနာရွတ်ဟောင်းများဆိုလျှင် Contractubex®လိမ်းပြီး တညလုံး စည်းထားပါ။

ကလေးတွေအတွက် Contractubex ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးကို နေ့စဉ်လိမ်းပြီး အမာရွတ်ထဲသို့ လုံးဝ စိမ့်ဝင်သွားသည်အထိ နှိပ်နယ်ပါ။ မာသော အနာရွတ်ဟောင်းများဆိုလျှင် Contractubex®လိမ်းပြီး တညလုံး စည်းထားပါ။

Contractubex ကိုဘယ်လိုရရှိနိုင်သလဲ

Contractubex®ဆေးကို ၁၀ ဂရမ်/၂၀ဂရမ် ပါသော လိမ်းဆေးဘူးအနေဖြင့် ရရှိနိုင်သည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့် အခြေအနေတွင် အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Contractubex®ဆေးကို လိမ်းရန်လွတ်သွားခဲ့လျှင် (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် လိမ်းပါ။ သို့သော်လည်း နောက်တစ်ကြိမ် လိမ်းမည့်အချိန်နှင့် နီးကပ်နေပြီဆိုလျှင် လွတ်သွားသည့်အကြိမ်ကို ကျော်၍ ပုံမှန်အချိန်တွင်သာ လိမ်းပါ။ ဆေးပမာဏကို နှစ်ဆတိုးလိမ်းခြင်း မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 2, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 2, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ