ကိုယ်ခံအားနည်းနေရင်၊ latex နဲ့ဓါတ်မတည့်ရင်၊ သင်က ကင်ဆာဆေး၊စတီးရွိုက် ဒါမှမဟုတ် ကိုယ်ခံအားကျစေနိုင်တဲ့ဆေးဝါးတွေသောက်နေရသူဖြစ်ရင် Cervarix က သန္ဓေသားကို မထိခိုက်စေနိုင်ဘူးလို့ မျှော်လင့်ရပေမယ့် ဆေးထိုးကာလအတွင်း ကိုယ်ဝန်ရှိလာရင် ဒါမှမဟုတ် ကလေးယူဖို့အစီအစဉ်ရှိရင် ဆရာဝန်ကိုပြောပြပါ။
ဘေးထွက်ဆိုးကျိုးများ
Cervarix ကို ကမ္ဘာတလွှားမှာ အသုံးပြုနေကြတာနှစ်အတော်ကြာပြီဖြစ်ပြီးဘေးအန္တရာယ်လည်းကင်းခဲ့ပါတယ်။ ဒါပေမယ့်ဆေးတိုင်းမှာဘေးဥပါဒ်နဲ့ဘေးထွက်ဆိုးကျိုးက မကင်းကြပါဘူး။ အနည်းနဲ့အများသာပြင်းထန်မှုအတိုင်းအတာကွာခြားတာဖြစ်ပါတယ်။ ဆိုးရွားတဲ့ ထိခိုက်မှု၊သေဆုံးမှုဖြစ်ဖို့ကတော့ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။
တခြားကာကွယ်ဆေးတွေလိုပဲ HPVကာကွယ်ဆေးကိုလည်း ပုံမှန်မဟုတ်တဲ့၊ပြင်းထန်တဲ့ပြဿနာတွေဖြစ်လာခြင်းရှိမရှိ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Cervarix ကိုထိုးပြီးနောက်ပိုင်းဖြစ်လာသမျှထူးခြားမှုတွေကိုစောင့်ကြည့်ပါ။
Cervarixဆေးကိုထိုးပြီးရင် တချို့လူတွေမှာ မူးကနဲမိုက်ကနဲဖြစ်နိုင်ပါတယ်။ ဆေးထိုးပြီး ၁၅ မိနစ်လောက် ထိုင်နေ၊ လှဲလျောင်းနေသင့်ပါတယ်။
Cervarix ရဲ့အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတချို့က –
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။