ဆေးကုလားမဆိုတာက အရှေ့အလယ်ပိုင်း၊ အီရတ်၊အီရန် နဲ့ အနောက်အာရှဒေသတွေမှာပေါက်ရောက်တဲ့ ခုံျပင်တစ်မျိုးကနေရရှိတာဖြစ်ပါတယ်။ အဆိုပါချုံပင်ရဲ့ အကိုင်း (သို့) အမြစ်ကနေဆေးကုလားမကိုခြစ်ထုတ်ရယူရတာဖြစ်ပါတယ်။ ဆေးကုလားမကစေးပျစ်ပျစ်သဏ္ဍန်ရှိပြီး အနံ့ရောအရသာပါမရှိပါဘူး။ သစ်ပင်အစေးကိုခြစ်ထုတ်ရယူပြီး အခြောက်ခံထားတာဖြစ်ပါတယ်။ရေစိမ်လိုက်တဲ့အခါမှသာ ပွလာပြီး ဂျယ်လီလိုမျိုး အနှစ်တွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ဆေးကုလားကိုရှေးယခင်ကတည်းကချောင်းဆိုးတာနဲ့ ဝမ်းလျှောတာတွေကို ကုသရာမှာ သဘာဝဆေးတစ်လက်အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ဆေးကုလားမအနှစ်ကို အပူလောင်ဒဏ်ရာတွေအတွက်လည်းသုံးသလိုဆေးတွေထုတ်လုပ်ရာမှာလည်း အသုံးပြုကြပါတယ်။ အစားအသောက်တွေထဲမှာ ထည့်သွင်းသုံးဆောင်တာမျိုးတွေရှိပါတယ်။ဆေးကုလားမနဲ့ ပတ်သက်ပြီး သိထားလို့ အကျိုးမမဲ့နိုင်တဲ့အကြောင်းအရာလေးအချို့ကိုမျှဝေပေးချင်ပါတယ်။
ဆေးကုလားမကို စားသောက်ဖွယ်ရာတွေကို ပျစ်စေတဲ့အရာအနေနဲ့ဖြဟ်ဖြစ်ဆေးတွေထုတ်လုပ်ရာမှာ binder အနေနဲ့ဖြစ်ဖြစ်ဆေးတွေခဲစေတဲ့အရာအနေနဲ့ဖြစ်ဖြစ် အသုံးပြုကြသလို ကုန်ထုတ်လုပ်ငန်းတွေဖြစ်ကြတဲ့ စက္ကူထုတ်လုပ်တဲ့လုပ်ငန်း၊ အလှကုန်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့အထည်အလိပ်ထုတ်လုပ်မှုတွေမှာလည်းဆေးကုလားမကိုအသုံးပြုကြပါတယ်။ဆေးကုလားမကနေ ရရှိတဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ –
ဆေးကုလားမမှာ အပူဒဏ်ကိုသက်သာစေတဲ့ အစွမ်းသတ္တိများစွာရှိပါတယ်။ နွေရာသီမှာ ဆေးကုလားမဖျော်ရည်သောက်သုံးပေးတာကခန္ဓါကိုယ်ကို အပူဒဏ်သက်သာစေဖို့အတွက် အထောက်အကူရရှိစေမှာဖြစ်ပါတယ်။ဆေးကုလားမက ခန္ဓါကိုယ်ရဲ့ အပူချိန်ကိုလျော့ ကျစေပြီး အေးမြအောင်လုပ်ဆောင်ပေးပါတယ်။ အပူရှပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးမှာဖြစ်ပါတယ်။ဆေးကုလားမက ပူလွန်းတဲ့ရာသီ မှာ ကလေးတွေမှာအဖြစ်များတဲ့ နှာခေါင်းသွေးလျှံတာမျိုးဖြစ်တဲ့အခါမှာလည်းသွေးတိတ်အောင်လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
ဆေးကုလားမက အမျိုးသားတွေမှာ စွမ်းဆောင်ရည်တိုးတက်စေနိုင်တဲ့ အကောင်းဆုံးသော အစားအစာတစ်မျိုးဖြစ်ပါတယ်။နေ့စဉ်စားသုံးပေးမယ်ဆိုရင် အမျိုးသားတွေမှာ စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်အောင်အထောက်အပံ့ပေးမှာဖြစ်ပါတယ်။ဆေးကုလားမ အမျိုးသားတွေအတွက် ထိရောက်ပြီးဘေးကင်းတဲ့ ကာမအားတိုးဆေးတစ်ရပ်ဖြစ်ပါတယ်။
ဆီးမထိန်းနိုင်သူတွေအနေနဲ့ ဆေးကုလားမကိုစားသုံးပေးသင့်ပါတယ်။ဆေးကုလားမက ဆီးမထိန်းနိုင်တာကို သက်သာစေတဲ့အကောင်းဆုံးသောဆေးတစ်လက်ဖြစ်ပါတယ်။ဆေးကုလားမက ဆီူလမ်းကြောင်းတစ်လျှောက်က ကြွက်သားတွေကိုပြေလျော့စေအောင်လုပ်ဆောင်ရာမှာ အထောက်အကူပြုသလို ဆီးမထိန်းနိုင်ဖြစ်တာကိုလည်း သက်သာစေပါတယ်။
ဆေးကုလားမက အရေပြားအတွက် အရမ်းကိုအကျိုးကျေးဇူးရှိသလို အလှအပအတွက်လည်း အကျိုးပြုပါတယ်။ဆေးကုလားမမှာ အသက်အရွယ်အိုမင်းမှုကို တိုက်ဖျက်ပေးတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ မျက်နှာမှာအရွယ်မတိုင်ခင် အရေးအကြောင်းတွေမဖြစ်အောင်လုပ်ဆောင်ပေးသလို ခန္ဓါကိုယ်ကိုလည်း သွယ်လျလှပစေပါတယ်။
အမျိုးသမီးအချို့က သူတို့ရဲ့ရင်သားအရွယ်အစားနဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်တတ်ပါတယ်။ဆေးကုလားမက ရင်သားဖွံ့ထွားစေဖို့အတွက် အရမ်းကိုထိရောက်အသုံးဝင်ပါတယ်။ ရင်သားဖွံ့ထွားလှပလိုတဲ့ အမျိုးသမီးတွေအနေနဲ့ဆေးကုလားမကိုနေ့စဉ် စားသုံးပေးမယ်ဆိုရင် ရင်သားပြည့်ဖြိုးလာမှာဖြစ်ပါတယ်။ဆေးကုလားမမှာ ရင်သားဖွံ့ထွားစေတဲ့ သဘာဝဆေးဖက်ဝင်အစားအစာတစ်မျိုးဖြစ်ပါတယ်။
ဆေးကုလားမမှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့အာနိသင်ရှိတာကြောင့် ဝမ်းချုပ်တဲ့သူတွေအတွက်အရမ်းကိုသင့်တော်ပါတယ်။ဆေးကုလားမက ဝမ်းနုတ်ဆေးလို လုပ်ဆောင်ပေးတာကြောင့် ဝမ်းသွားရတာအဆင်ပြေစေပါတယ်။
မီးဖွားပြီးတဲ့အချိန် အမျိုးသမီးတွေကအရမ်းအားနည်းနေတတ်ပါတယ်။ဆေးကုလားမက မီးဖွားပြီးစ မိခင်ေတွေကို အားပြန်ပြည့်စေပြီး မခင်ဖြစ်လာတဲ့အခါ ကြုံတွေ့ရတဲ့ အခြားစိန်ခေါ်မှုတွေကိုလည်းဖြေရှင်းနိုင်အောင်လည်း အထောက်အကူပေးပါတယ်။ ရာသီသွေးဆင်းချိန်မျာ ရာသီသွေးအဆင်းများတာကိုထိန်းချုပ်ရာမှာလည်း အထောက်အပံ့ပေးပါတယ်။ဆေးကုလားမက မိခင်ရောကလေးငယ်အတွက်ပါ အကျိုးကျေးဇူးရရှိစေပါတယ်။
စားသုံးသူရဲ့ အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့အခြားအကြောင်းအချက်တွေအပေါ်မှာ အခြေခံပြီးဆေးကုလားမကိုစားသုံးနိုင်တဲ့ပမာဏချင်းကွဲပြားပါတယ်။ လက်ရှိအချိန်ထိဆေးကုလားမကို ဘယ်လောက်ပမာဏစားသုံးသင့်လဲဆိုတာကိုသေသေချာချာမသိကြသေးပါဘူး။ သဘာဝဆေးတိုင်း ဥပါဒ်မဖြစ်ဘူးဆိုတာတော့ မဟုတ်ဘူးဆိုတာကို သိနားလည်ဖို့လိုပါတယ်။ အရာရာက တန်ဆေးလွန်ဘေးပါ။ အသုံးမပြုခင်မှာတတ်သိနားလည်သူနဲ့တိုင်ပင်ပြီးမှာ ကျန်းမာရေးနဲ့သင့်တော်တဲ့ ပမာဏလောက်ပဲစားသုံးပေးသင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။