Vitamin E (ဗီတာမင် အီး) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Generic Name: Vitamin E (ဗီတာမင် အီး) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Vitamin E (ဗီတာမင် အီး) ကို ဘာအတွက်အသုံးပြုကြသလဲ

Vitamin E ဟာခွံမာသီး၊အစေ့များနှင့်အစိမ်းရောင်အသီးအရွက်များတွင်သဘာဝအလျောက်ပါဝင်သော antioxidant (အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတဲ့ပစ္စည်းတမျိုး)ဖြစ်ပါသည်။ Vitamin-E သည်ခန္ဓါကိုယ်၏ဇီဝဖြစ်စဉ်များအတွက်အရေးကြီးလှသည့်အဆီတွင်ပျော်ဝင်နိုင်သောဗီတာမင်တမျိုးဖြစ်ပါသည်။ Vitamin-E ကိုဗီတာမင်ချို့တဲ့ရောဂါအတွက်အသုံးပြုနိုင်သလိုအချို့ရောဂါဝေဒနာရှင်များသည်လည်း Vitamin-E ကိုသာမန်ထက်ပိုမိုလိုအပ်ပါသည်။

Vitamin E (ဗီတာမင် အီး) ဘယ်လိုသောက်သုံးသင့်သလဲ

Vitamin-E ကိုဆေးညွှန်းတွင်ဖော်ပြထားသည့်အတိုင်းသို့မဟုတ်ဆရာဝန်ညွှန်ကြားထားသည့်အတိုင်းတိကျစွာသောက်သုံးပါ။ ဆရာဝန်ညွှန်ကြားထားသည်ထက်ပို၍ဆေးပမာဏတိုးသောက်ခြင်း၊အကြိမ်ရေတိုးသောက်ခြင်းသို့မဟုတ်ကာလရှည်ကြာစွာသောက်သုံးခြင်းတို့ကိုမပြုလုပ်ရ။
အရည်ပုံစံဖြင့်လာသော Vitamin-Eကိုသောက်သုံးမည်ဆိုလျင်ဆေးနှင့်အတူပါဝင်သောပမာဏတိုင်းပြွန်ငယ်၊ဇွန်းသို့မဟုတ်ခွက်တို့ကိုအသုံးပြုပါ။ အကယ်၍သင့်ထံတွင်ပမာဏတိုင်းရန်ပစ္စည်းကိရိယာမရှိပါကဆေးဆိုင်တွင်တောင်းယူပါ။
အနံ့အရသာချိုမွှေးသော Vitamin-E ဆေးရည်တွင် phenylalanine ပါဝင်နိုင်သည်။ သင့်တွင်phenylketouriaရောဂါရှိပါကအသုံးမပြုသင့်သဖြင့်ဆေးညွှန်းစာရွက်ကိုသေချာစွာဖတ်ပါ။
အသက်အရွယ်ကြီးလာသည်နှင့်အမျှတနေ့တာအတွက်လိုအပ်သော Vitamin-Eပမာဏပိုမိုများပြားလာလေ့ရှိသဖြင့်သင့်ဆရာဝန်၏ညွှန်ကြားချက်အတိုင်းလိုက်နာပါ။
အကယ်၍သင်သည်ခွဲစိတ်မှုခံယူရန်သို့မဟုတ်အခြားဆေးဝါးကုသမှုတမျိုးမျိုးခံယူရန်လိုအပ်ပါကသင် Vitamin-E သောက်သုံးနေကြောင်းကိုဆရာဝန်အားကြိုတင်အသိပေးပါ။ Vitamin-E သောက်သုံးခြင်းကိုခေတ္တရပ်ဆိုင်းရန်လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။

Vitamin E (ဗီတာမင် အီး) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျအသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်)
Vitamin Eကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Vitamin Eကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Vitamin Eဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Vitamin Eကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)
Vitamin Eကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Vitamin E (ဗီတာမင် အီး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍သင်ဟာ Vitamin-Eကိုဆရာဝန်ညွှန်ကြားချက်မပါဘဲသောက်သုံးတော့မည်ဆိုလျှင်ဆေးအညွှန်းမှာပါသမျှကိုသေချာစွာဖတ်ရှုလိုက်နာရမည်။ အောက်ပါအခြေအနေများကိုသတိပြုရမည်။
—>ဓါတ်မတည့်ခြင်း
Vitamin-E နှင့်သို့မဟုတ်အခြားသောဆေးများနှင့်ဓါတ်မတည့်သည့်လက္ခဏာများခံစားရဖူးပါကဆရာဝန်ကိုသေချာစွာအသိပေးပါ(ဆေးသာမကအစားအသောက်၊ဆိုးဆေး၊အစားအစာများကိုတာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများသို့မဟုတ်တိရစ္ဆာန်များနှင့်ဓါတ်မတည့်ခြင်းများပါအကျုံးဝင်သည်)။ ဆရာဝန်ညွှန်ကြားသည့်ဆေးမဟုတ်ပါကဆေးညွှန်းကိုသေချာစွာဖတ်ပါ။
—>ကလေးသူငယ်များ
ပုံမှန်နေ့စဉ်လိုအပ်သောပမာဏအတိုင်းအသုံးပြုခြင်းအားဖြင့်ကလေးသူငယ်များတွင်မည်သည့်ပြဿနာမှကြုံတွေ့ရခြင်းမရှိသေးပါဘူး။ ပုံမှန် ဖြည့်စွက်စာမဟုတ်သောအားဆေးတခုခုကိုသင့်ကလေးအားတိုက်ကျွေးမည်ဆိုလျှင်နားလည်တတ်ကျွမ်းသောဆေးပညာရှင်များနှင့်တိုင်ပင်ရန်လိုပါသည်။ သို့မှသာကလေးအနေဖြင့်လိုအပ်သောဗီတာမင်ဓါတ်များကို တစ်နည်းနည်းဖြင့်ရရှိမည်ဖြစ်ပါသည်။ လေ့လာတွေ့ရှိချက်များအရလမစေ့ဘဲမွေးသောကလေးငယ်များတွင် Vitamin-E ဓါတ်နည်းပါးကြောင်းတွေ့ရှိရပါသည်။ ထိုအခြေအနေမျိုးတွင်သင့်ဆရာဝန်အနေဖြင့်သင့်ကလေးအား ဖြည့်စွက်Vitamin-Eပေးရင်ညွှန်ကြားပါလိမ့်မည်။
—>သက်ကြီးရွယ်အိုများ
ပုံမှန်နေ့စဉ်လိုအပ်သောပမာဏအတိုင်းအသုံးပြုခြင်းအားဖြင့်သက်ကြီးရွယ်အိုများတွင်မည်သည့်ပြဿနာမှကြုံတွေ့ရခြင်းမရှိသေးပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Vitamin E (ဗီတာမင် အီး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကိုမသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Vitamin E (ဗီတာမင် အီး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာသို့မဟုတ်လည်ချောင်းတို့ရောင်ရမ်းခြင်းအစရှိသောဓါတ်မတည့်သည့်လက္ခဏာများခံစားလာရပါကအရေးပေါ်ကုသမှုကိုခံယူရပါမည်။
အောက်ပါလက္ခဏာများခံစားရပါကVitamin-Eသောက်သုံးခြင်းကိုချက်ချင်းရပ်ပြီးဆရာဝန်နှင့်အမြန်ပြသပါ။
• ခေါင်းကိုက်ခြင်း၊ထိုင်းမှိုင်းမူးဝေခြင်း၊အမြင်အာရုံပြောင်းလဲခြင်း။
• အားနည်း၍မူးမေ့လဲတော့မယောင်ခံစားရခြင်း။
• ပုံမှန်မဟုတ်သောပင်ပန်းနွမ်းနယ်မှု၊အားနည်းမှုကိုခံစားရခြင်း။
• ဝမ်းလျှောခြင်း၊ဗိုက်နာ၊ဗိုက်အောင့်ခြင်း။
• အလွယ်တကူသွေးခြည်ဥခြင်း၊သွေးယိုစီးခြင်း (နှာခေါင်းသွေးလျှံခြင်း၊သွားဖုံးသွေးယိုခြင်း)

Vitamin-E၏ ဖြစ်လေ့ရှိသောဘေးထွက်လက္ခဏာများမှာ
• ပျို့ခြင်း။
• နုံးချိပင်ပန်းသလိုခံစားရခြင်း။
• ခေါင်းကိုက်ခြင်း။
• အနီစက်ကလေးများအနည်းငယ်ထွက်ခြင်း။

ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Vitamin E (ဗီတာမင် အီး) နဲ့ ဓါတ်ပြုနိုင်သလဲ

Vitamin Eဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးများကိုယေဘုယျအားဖြင့် Vitamin-E နဲ့တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော်အချို့သောအခြေအနေများတွင်မူသုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ဆေးနှစ်မျိုးလုံးကိုသောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့်ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ်ဆေးသောက်ရမည့်အကြိမ်ရေကိုပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။
• Dicumarol
အောက်ဖော်ပြပါဆေးများသည် Vitamin-E ၏ဘေးထွက်ဆိုးကျိုးများကိုပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော်အတူတကွသုံးစွဲခြင်းဖြင့်အကောင်းဆုံးသောကုသမှုရလာဒ်ကိုလည်းရစေနိုင်သည်။ အကယ်၍ဆေးနှစ်မျိုးလုံးကိုသောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့်ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ်ဆေးသောက်ရမည့်အကြိမ်ရေကိုပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။
• Warfarin

အစားအသောက်တွေနဲ့ အရက်က Vitamin E (ဗီတာမင် အီး) နဲ့ ဓါတ်ပြုနိုင်သလား

ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Vitamin E (ဗီတာမင် အီး) နဲ့ ဓါတ်ပြုနိုင်သလဲ

Vitamin E ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေ များနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။ အထူးသဖြင့်
—->သွေးနှင့်ပတ်သက်သော ပြဿနာများ (Vitamin-Eကိုတစ်နေ့လျှင်၈၀၀ယူနစ်ထက်ပိုပြီးကာလကြာရှည်စွာသုံးစွဲပါကသွေးယိုစီးမှုပြဿနာများကိုပိုဆိုးစေသည်)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Vitamin E (ဗီတာမင် အီး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Vitamin-E ချို့တဲ့ခြင်းအတွက်
ကုသခြင်း။။၆၀မှ၇၀ယူနစ်အထိတနေ့လျင်တကြိမ်သောက်ပါ။
ကာကွယ်ခြင်း။။၃၀ယူနစ်တနေ့လျင်တကြိမ်သောက်ပါ။

Tardive Dyskinesia ရောဂါအတွက်
၆၀၀မှ၁၆၀၀ယူနစ်တနေ့လျင်တကြိမ်သောက်ပါ။

Sickle cell anaemia (သွေးအားနည်းရောဂါတမျိုးအတွက်)
၄၅၀ယူနစ်တနေ့လျင်တကြိမ်သောက်ပါ။

အယ်လ်ဇိုင်းမားရောဂါအတွက်
၁၀၀၀ယူနစ်တနေ့လျင်နှစ်ကြိမ်သောက်ပါ။

ဖြည့်စွက်အားဆေးအဖြစ်
သောက်သုံးရသောဆေးရည်ပုံစံ (AQUA-E) :၂၀၀ယူနစ် (၁၀စီစီခန့်) တနေ့လျင်နှစ်ကြိမ်သောက်ပါ။

ကလေးတွေအတွက် Vitamin E (ဗီတာမင် အီး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Vitamin-Eချို့တဲ့ခြင်းအတွက်
ရေနှင့်ဖျော်နိုင်သော Vitamin-E 1unit/kg/day သောက်ပါ။ျက်စိရောဂါမှကာကွယ်ရန်
လမစေ့ဘဲမွေးဖွားလာခြင်းကြောင့် ဖြစ်ပွားတတ်သောမျက်စိရောဂါသို့မဟုတ်အောက်ဆီဂျင်ပေးရာမှ ဖြစ်ပွားတတ်သောအသက်ရှုလမ်းကြောင်းရောဂါတို့ကိုကာကွယ်ရန်အတွက် : 15 to 30units/kg/day.(100units/kg/day ခန့်အထိလိုအပ်နိုင်သည်)။ဤအသုံးပြုမှုသည်ရောဂါအကြောင်းစူးစမ်းရန်သာအသုံးပြုသင့်ပြီးပုံမှန်အသုံးမပြုသင့်ပါ။

Cystic fibrosis ရောဂါအတွက်
၁၀၀မှ၄၀၀ယူနစ်အထိတနေ့လျင်တကြိမ်သောက်ပါ။

ဖြည့်စွက်အားဆေးအဖြစ်
Vitamin-E တစ်ယူနစ်သည် dl-alpha-tocopherol acetate တစ်မီလီဂရမ်နှင့်ညီမျှသည်။

လုံလောက်သောပမာဏ :
အသက်တစ်လမှခြောက်လအထိ : နေ့စဉ်၄ယူနစ်စီသောက်ပါ။
အသက်ခြောက်လမှတစ်နှစ်အထိ : နေ့စဉ်၅ယူနစ်စီသောက်ပါ။

နေ့စဉ်စားသင့်သောပမာဏ:
အသက်၁နှစ်မှ၃နှစ်အထိ : နေ့စဉ်၆ယူနစ်
အသက်၄နှစ်မှ၈နှစ်အထိ : နေ့စဉ်၇ယူနစ်
အသက်၉နှစ်မှ၁၃နှစ်အထိ :နေ့စဉ်၁၁ယူနစ်
အသက်၁၃နှစ်အထက် : နေ့စဉ်၁၅ယူနစ်

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက်သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ)

Vitamin E (ဗီတာမင် အီး) ကိုဘယ်လိုရရှိနိုင်သလဲ

Vitamin Eကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။
• အရည်
• ဖျော်ရည်
• ဆေးပြား
• ဆေးတောင့်(အထဲတွင်အရည်ပါဝင်သည်)
• ဝါးစားနိုင်သောဆေးပြား
• ဖျော်သောက်ရန်အမှုန့်
• ရိုးရိုးဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Vitamin Eကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 9, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။