Kremil-S Extra Strength® (ခရီးမေးလ် အက်စ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019 . 4 mins read
Share now

အသုံးပြုပုံများ

Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Kremil-S Extra Strength ကို အများဆုံးအသုံးပြုကြသည်မှာ

  • အစာအိမ်နာ၊ အစာအိမ်ရောင်၊ အစာရေပြွန်ရောင်၊ အစာမကြေခြင်းတို့နှင့် ဆက်စပ်သည့် အစာချေအက်စစ်များသည့်ရောဂါများတွင် လက္ခဏာများသက်သာအောင် သုံးပါသည်။
  • လေပွလေနိုင်ဆေးအဖြစ် အက်စစ်များခြင်းနှင့် ဆက်စက်သည့် လေပွခြင်း၊ လေအောင့်ခြင်းများတွင်လည်း အသုံးပြုနိုင်၏။
  • H2 Blocker သို့မဟုတ် ပရိုတွန်ပန့်ပိတ်ဆေးများနှင့် တွဲဆက်ကာ အစာအိမ်နာ အလျင်အမြန်သက်သာစေရန်အတွက် အသုံးပြုနိုင်ပါသည်။

Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်သုံးရမည့်ပုံစံအတွက် –

  • Kremil-S Extra Strength အား ရေမပါပဲနှင့် ဝါးစားပြီးမျိုချ၍သော်လည်းကောင်း ရေနှင့် အလုံးလိုက်မျောချ၍သော်လည်းကောင်း ဆရာဝန်ညွှန်ကြားသည့် ပမာဏနှင့်အချိန်အတိုင်း သောက်ပါ။
  • Kremil-S Extra Strength ကိုမသောက်ခင် အညွှန်းကို သေချာဖတ်ပါ။
  • အညွှန်းတွင်ပါသည်များကို သေချာနားမလည်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Kremil-S Extra Strength ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Kremil-S Extra Strength ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။ Kremil-S Extra Strength ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

Kremil-S Extra Strength အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Kremil-S Extra Strength အားရေခဲသေတ္တာထဲ၌ သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့် အေးခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ရှိနေလျှင် Kremil-S Extra Strength အား မသုံးခင် ဆရာဝန်ကို ပြောပါ။

  • ဓါတ်မတည့်ခြင်း – Kremil-S Extra Strength ၊ ၎င်းတွင်းပါသော ပစ္စည်းများနှင့် မတည့်လျှင်၊ ထိုပစ္စည်းများကို အညွှွန်းစာတွင် ဖတ်ရှုနိုင်ပါသည်။.
  • တခြားသောဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်လျှင်
  • ကလေးငယ်များ
  • လူကြီးများ

Varogel နှင့် ဓါတ်ပြုနိုင်သည့် တခြားသော ကျန်းမာရေးအခြေအနေများ ဥပမာ –

  • အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ
  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • ဆားမပါသည်များကို စားသောက်နေရသူ
  • အစာအိမ်သွေးကြောပေါက်ခြင်း သို့မဟုတ် ပိတ်ခြင်း
  • aluminum hydroxide, magnesium hydroxide, simethicone နှင့် တခြားသောဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများနှင့် ဓါတ်မတည့်လျှင်
  • ကိုယ်ဝန်ရှိလျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် အစီစဉ်ရှိလျှင်
  • နို့တိုက်နေလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးများကဲ့သို့ပင် Kremil-S Extra Strength တွင်လည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ ရှိပါသည်။ အများစုမှာ ဖြစ်တာရှားပြီး နောက်ထပ်ကုသမှုခံရသည်အထိ မဖြစ်ပါ။ သို့သော် သင့်၌ဆေးသောက်ပြီးနောက် ပြဿနာများ ဖြစ်လာပါက ဆရာဝန်ကိုတင်ပြရန် အရေးကြီးပါသည်။

တစ်ချို့သော ဘေးထွက်ဆိုးကျိုးများမှာ –

  • မြေဖြူဝါးရသလို အရသာဖြစ်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • လိပ်ခေါင်းထွက်ခြင်း
  • အပိန့်များထခြင်း၊ ယားခြင်း၊ အင်ပြင်ထခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာများ ဖူးယောင်ခြင်း စသည့် ဓါတ်မတည့်မှုလက္ခဏာများ
  • အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း
  • စိတ်ရှုပ်ထွေးခြင်း၊ ဂဏာမငြိမ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ပျို့ခြင်း အန်ခြင်း
  • ပုံမှန်မဟုတ်ပဲ မောပန်းခြင်း အားနည်းခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Kremil-S Extra Strength သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။ ဥပမာ –

  • Amphetamine;
  • ပဋိဇီဝဆေးများ
  • Captopril;
  • Delavirdine;
  • Gabapentin;
  • နှလုံးဆေးများ – digoxin or digitoxin;
  • Hyoscyamine;
  • Iron salts;
  • Isoniazid;
  • အသက်ရှုခက်ရာတွင်သုံးသော ဆေးများ ipratropium နှင့် tiotropium;
  • ဆီးချိုဆေးများ
  • မှိုသတ်ဆေးများ itraconazole နှင့် ketoconazole;
  • အရိုးပွရာတွင်သုံးသောဆေးများ alendronate, etidronate, risedronate နှင့် tiludronate;
  • ဆီးရွှင်လွန်းသော ဆီးအိမ်အတွက်သုံးသည့်ဆေးများ oxybutynin နှင့် tolterodine;
  • အတက်ရောဂါကျောက်ဆေးများ ethotoin နှင့် phenytoin;
  • Methenamine;
  • Mycophenolate;
  • Pancrelipase;
  • Penicillamine;
  • Phenothiazines များ – chlorpromazine, mesoridazine, prochlorperazine, thioridazine;
  • Quinidine;
  • Rosuvastatin;
  • Sodium fluoride;
  • Sodium polystyrene sulfonate;
  • Sotalol;
  • Sucralfate;
  • Tacrolimus;
  • Thyroid hormones like levothyroxine;
  • Ursodiol;
  • ဗီတာမင် D;
  • Zalcitabine;

အစားအသောက်တွေနဲ့ အရက်က Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) နဲ့ ဓါတ်ပြုနိုင်သလား

Kremil-S Extra Strength က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Kremil-S Extra Strength ၏ ဆေးပမာဏနှင့်ပါတ်သတ်၍ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

တစ်ချို့ဖြစ်ရပ်များအတွက် ရည်ညွှန်းပမာဏမှာ အစာစားပြီးတိုင်း သို့ အိပ်ယာဝင်ချိန်တွင် ၁-၂ ပြား သောက်ရမည်ဖြစ်သည်။ သို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်း သောက်ပါ။

ကလေးတွေအတွက် Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Kremil-S Extra Strength ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

ဝါးစားနိုင်သည့်ဆေးပြား – Aluminum Hydroxide 356 mg, Magnesium Hydroxide 466 mg and Simethicone 20 mg.

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Kremil-S Extra Strength ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင့်အတွက် ရွေးချယ်ထားသည်

Kremil-S® (ခရီးမေးလ် အက်စ်)

Kremil-S® (ခရီးမေးလ် အက်စ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. Hlaing Min Ko Ko
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018 . 4 mins read