backup og meta

Zestoretic (ဇက်စ်တိုရီတစ်)

အသုံးပြုပုံများ

Zestoretic (ဇက်စ်တိုရီတစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Zestoretic ဆေးဟာ lisinopril နဲ့ hydrochlorothiazide ပါဝင်တဲ့ဆေးတစ်မျိုးပဲဖြစ်ပါတယ် ။ linsopril ဟာတော့ angiotensin converting enzyme ကိုပိတ်ပေးပြီး သွေးကြောများကို ပြေလျော့စေခြင်းဖြင့် သွေးကူလွယ်ကူစွာစီးဆင်းစေပါတယ်။

Hydrochlorothiazide ကတော့ သင့်ရဲ့ခန္ဓါကိုယ်မှာ ရေတွေဆားတွေအရမ်းများပြီး အန္တရာယ်ရှိလာတဲ့အခါ ဆီးများများသွားစေသော ဆီးဆေးပဲဖြစ်ပါတယ် ။

Zestoretic ကို သွေးပေါင်တက်၍ဆေးတစ်မျိုးတည်းနဲ့ထိန်း၍မနိုင်တော့သည့်အခါ အသုံးပြုပါသည် ။

Zestoretic (ဇက်စ်တိုရီတစ်) ဘယ်လိုသောက်သုံးသင့်သလဲ

ပါးစပ်မှသောက်သုံးရာတွင်..

– ဆရာဝန်ညွှန်ကြားထားသော ဆေးပမာဏနှင့် ဆေးသောက်ရန် အစီအစဉ်အတိုင်းဆေးကိုသောက်သုံးရပါမယ် ။

– ဆေးမသောက်ခင် ဆေးညွှန်းကိုသေချာဖတ်ရပါမယ် ။

– ဆေးညွှန်ကို သေချာနားမလည်လျှင် ဆရာဝန်ကို မေးမြန်းရပါမယ် ။

Zestoretic (ဇက်စ်တိုရီတစ်) ဘယ်လိုသိမ်းဆည်းရမလဲ

Zestoreticဆေးကို အလင်းရောင်နှင့် စိုစွတ်မှုများကင်းဝေးသော အခန်းအပူချိန်မှာထားတာဟာ အကောင်းဆုံးပါ။ ဆေးတွေကိုမပျက်ဆီးစေရန် ရေချိုးခန်း နှင့် ရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းမျိုးရှောင်ကျဉ်ရပါမည်။ ဆေးအမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းမှုပုံစံတွေကွဲပြားနိုင်ပါတယ်။

သိမ်းဆည်းရာတွင်ဆေးတွင်ပါဝင်သောအညွှန်းကို သေချာဖတ်ရင်အရေးကြီးပါသည်။ ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်ပါသည်။ ဆေးဝါးတွေကိုလည်း ကလေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေဆီမရောက်စေရန် သိမ်းဆည်းထားရန်အရေးကြီးပါသည်။

ဆေးကို အိမ်သာတွေ ရေမြာင်းတွေထဲမှာ ညွှန်ကြားမထားပဲ သွန်ပစ်ခြင်းမျိုးကိုမလုပ်ရပါဘူး။ ဆေးကိုမလိုတော့တဲ့အခါ သို့ ဒိတ်ကုန်သွားတဲ့အခါသေသေချာချာစွန့်ပစ်ဖို့အရေးကြီးပါသည်။ သင့်ရဲဆေးကိုဘယ်လိုသေသေချာချာစွန့်ပစ်သင့်သလဲဆိုတာ ဆရာဝန်ဆီမှာမေးမြန်းတိုင်ပ်သင့်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zestoretic (ဇက်စ်တိုရီတစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍သင့်တွင်…

– zestoretic ပါဝင်သောပစ္စည်းများနှင့် ဓါတ်မတည့်ခြင်း။

– ဆေးဝါးများ ၊ဆိုးဆေးများ ၊အစားအစာများ ၊တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း ။

– zestoreticနှင့်ဓါတ်မတည့်သောဆေးများသုံးစွဲနေလျှင် သို့ ဓါတ်မတည့်သောကျန်းမာရေးအခြေအနေများရှိလျှင်…

ဆေးမသုံးစွဲမီဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zestoretic (ဇက်စ်တိုရီတစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် ၊နို့တိုက်စဉ်မှာဆေးသုံးစွဲခြင်းဟာ အန္တရာယ်ကင်းမကင်း သေသေချာချာ လေ့လာစမ်းသပ်မှုတွေမရှိသေးပါဘူး။zestoretic ဆေးသုံးစွဲခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေကို သေချာသိရအောင် ဆရာဝန်နဲ့ဗချာတိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ zestoretic သုံးစွဲခြင်းဟာ US Food and Drug Administration (FDA) အရ အန္တရာယ်ရှိတဲ့အဆင့် C ထဲမှာပါဝင်ပါတယ်။ အဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်….

A – အန္တရာယ်မရှိ ။

B – အချို့လေ့လာချက်များအရ အန္တရာယ်ရှိသည် ။

C – အန္တရာယ်အချို့ရှိနိုင်သည် ။

D – အန္တရာယ်ရှိကြောင်း သေချာသည် ။

X – လုံးဝမသုံးရပါ ။

N – အန္တရာယ် ရှိ ၊ မရှိ မသိပါ ။

ဘေးထွက်ဆိုးကျိုးများ

Zestoretic (ဇက်စ်တိုရီတစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Zestoretic ဆေးဟာလည်ယ အခြားဆေးတွေလိုပဲဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ အများစုကတော့ ဖြစ်ခဲပြီးတော့ ထပ်ပြီးကုသမှုတွေခံယူစရာမလိုပါဘူး။ ဒါပေမယ့်လည်း ဆေးသုံးစွဲပြီးတဲ့အခါ ပြသနာတစ်ခုခုဖြစ်ပေါ်ခဲ့လျှင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့အရေးကြီးပါတယ်။

ဘေးထွက်ဆိုးကျိုးအချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

– သတိလွတ်သွားသလိုခံစားရခြင်း ၊ မျက်လုံးများနာကျင်ခြင်း ၊ အမြင်အာရုံပြဿနာများ ၊ ပိုတက်စီယမ်များခြင်း(နှလုံးခုန်နှုန်းနှေးခြင်း ၊ သွေးခုန်နှုန်းနည်းခြင်း ၊ ကြွက်သားများချိနဲ့ခြင်း ၊ စူးစူးရှရှခံစားရခြင်း) ၊ ပိုတက်စီယမ်နည်းခြင်း( စိတ်ရှုပ်ထွေးခြင်း ၊ နှလုံးခုန်နှုန်းမမှန်ခြင်း ၊ ရေငတ်ခြင်း ၊ ဆီးများစွာသွားခြင်း ၊ ခြေထောက်များမသက်မသာဖြစ်ခြင်း ၊ ကြွက်သားများအားနည်းခြင်း) ၊ ပါးစပ်များခြောက်ခြင်း ၊ ပျို့အန်ချင်ခြင်း ၊ အားနည်းခြင်း ၊ ရီဝေဝေဖြစ်ခြင်း ၊ ဂနာမငြိမ်ဖြစ်ခြင်း ၊ အရေပြားပေါ်တွင် အနီကွက်များပေါ်ခြင်း ၊ အရေပြားများနီမြန်း၍ကွာကျခြင်း ၊ အရေပြားနှင့် မျက်လုံးများဝါခြင်း ၊ ဆီးသွားနည်းခြင်း သို့ လုံးဝမသွားခြင်း ၊ ရောင်ရမ်းခြင်းများ ၊ အလေးချိန်တက်လာခြင်း ၊ အသက်ရှူစိတ်လာခြင်း ၊ တုတ်ကွေးလက္ခဏာများ ( ဖျားခြင်း ၊ ချမ်းတုန်ခြင်း ၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း) ၊ ချောင်းဆိုးခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ စိတ်ဓါတ်ကျခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အမြင်အာရုံဝေဝါးခြင်း ၊ ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်း ၊အစာအိမ်မအီမသာဖြစ်ခြင်း တို့ပဲဖြစ်ပါတယ် ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Zestoretic (ဇက်စ်တိုရီတစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zestoretic ဟာသင်လက်ရှိသောက်နေတဲ့ဆေးတွေနဲ့ဓါတ်ပြုပြီး ဆေးရဲ့အလုပ်လ်ုပုံတွေပြောင်းလဲခြင်းသို့ ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးအချင်းချင်းမတည့်တာတွေကိုရှောင်ရှားနိုင်ဖို့ သင်အသုံးပြုနေတဲ့ဆေးတွေကိုစာရင်းပြုလုပ်ထားပြီးဆရာဝန်ကိုအသိပေးဖို့လိုအပ်ပါတယ်။

သင့်ရဲ့လုံခြုံစိတ်ချရမှုအတွက် ဆရာဝန်ခွင့်ပြုချက်မပါဘဲ ဆေးများစတင်သုံးစွဲခြင်း ၊ရပ်တန့်ခြင်း သို့ ဆေးပမာဏပြောင်းလဲခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။ zestoretic နဲ့ဓါတ်ပြုနိုင်တဲ့ဆေးတွေကတော့..

Digoxin, dofetilide, or ketanserin

Everolimus or sirolimus

Eplerenone, potassium preparations, potassium-sparing diuretics (e.g., triamterene)

Salt substitutes containing potassium

Trimethoprim

Nonsteroidal anti-inflammatory drugs (NSAIDs) (e.g., celecoxib, ibuprofen, indomethacin)

Adrenocorticotropic hormone (ACTH)

Barbiturates (e.g., phenobarbital)

Corticosteroids (e.g., prednisone)

Dextran sulfate

Diazoxide, diuretics (e.g., furosemide)

Narcotic pain medicine (e.g., codeine)

Other medicines for high blood pressure

Aliskiren or angiotensin receptor blockers (arbs) (e.g., losartan)

Certain gold-containing medicines (e.g., sodium aurothiomalate)

Cholestyramine, colestipol, or salicylates (e.g., aspirin)

Lithium or thiopurines (e.g., azathioprine)

Insulin or other diabetes medicines (e.g., glyburide) တို့ပဲဖြစ်ပါတယ် ။

အစားအသောက်တွေနဲ့ အရက်က Zestoretic (ဇက်စ်တိုရီတစ်) နဲ့ ဓါတ်ပြုနိုင်သလား

Zestoreticဟာ အစားအစာတွေ အရက်တွေနဲ့ဓါတ်ပြုပြီး အလုပ်လုပ်တဲ့ပုံစံပြောင်းလဲသွားခြင်း သို့ ဘေးထွက်ဆိုးကျိုးများပိုဆိုးစေခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့်ဆေးမသုံးစွဲမီ ဓါတ်ပြုနိုင်တဲ့အစားအစာတွေအကြောင်းကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Zestoretic (ဇက်စ်တိုရီတစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zestoretic ဟာသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့သက်ရောက်ခြင်းတွေရှိနိုင်ပါတယ်။ ဒီလိုသက်ရောက်ခြင်းဟာ ဆေးရဲ့အလုပ်လ်ုပုံ သို့ ဆိုးကျိုးတွေကို ပိုပြီးဆိုးဝါးစေနိုင်ပါတယ်။ ဒါကြောင့် သင့်မှာရှိနေတဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်ကိုအသိပေးရန်လိုအပ်ပါတယ်။ ထိုကျန်းမာရေးအခြေအနေတွေကတော့..

– မျက်နှာ ၊နှုတ်ခမ်း ၊ လျှာ ၊လည်ပင်း ၊ လက်များ သို့ ခြေထောက်များ ဖောရောင်ခြင်း ၊

– ဆီးမသွားနိုင်ခြင်း ၊

– ဆီးချို သွေးချိုရှိခြင်း ၊

– မွေးရာပါဖောရောင်ခြင်းများရှိခြင်း ၊

– ကျောက်ကပ်ပြသနာများရှိခြင်း ၊

– ပန်းနာရင်ကျပ်ရောဂါရှိခြင်း ၊

– သွေးကြောဆိုင်ရာရောဂါများ ၊

– နှလုံးရောဂါ၊

– သွေးထဲတွင် မက်ဂနီစီယမ် ၊ပိုတက်စီယမ် ၊ဆိုဒီယမ်များနည်းနေခြင်း ၊

– ရေဓါတ်ခမ်းခြောက်ခြင်း ၊ အန်ခြင်း သို့ ဝမ်းသွားခြင်း ၊

– ရေတိမ်ရှိခြင်း ၊

– ဂေါက်ရောဂါရှိခြင်း ၊

-နှလုံး သို့ သွေးကြောဆိုင်ရာ ရောဂါများ ၊

– ကယ်စီယမ်များခြင်း ၊

– ကိုလက်စ်ထရော များခြင်း ၊

– အသည်းရောဂါများ ၊

– အမြင်အာရုံပြဿနာမျး ၊

– autoimmune ရောဂါ…တွေပဲဖြစ်ပါတယ် ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zestoretic (ဇက်စ်တိုရီတစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးပမာဏကိုသေချာသိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်မေးမြန်းသင့်ပါတယ် ။

နှလုံးရောဂါ။

အစပိုင်းတွင်သတ်မှတ်ထားတဲ့ပမာဏကတော့ တစ်နေ့ကို ၁ လုံးဖြစ်ပါတယ် ။

သက်သာမှုကိုထိန်းသိမ်းထားရန်ပမာဏကတော့ တစ်ခါသောက်လျှင် အများဆုံး၂လုံး တစ်နေ့ကို ၂ကြိမ် ဖြစ်ပါတယ် ။

သွေးတိုးခြင်း။

အစပိုင်းတွင်သတ်မှတ်ထားတဲ့ပမာဏကတော့ တစ်နေ့ကို ၁ လုံးဖြစ်ပါတယ် ။

သက်သာမှုကိုထိန်းသိမ်းထားရန်ပမာဏကတော့ တစ်ခါသောက်လျှင် အများဆုံး၂လုံး တစ်နေ့ကို ၂ကြိမ် ဖြစ်ပါတယ် ။

ကလေးတွေအတွက် Zestoretic (ဇက်စ်တိုရီတစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများသောက်သုံးရန်ပမာဏကိုတော့ဖော်ပြမထားဘူး။ ဆေးသုံးစွဲခြင်းဟာ ကလေးကိုအန္တရာယ်ရှိစေနိုင်ပါတယ်။ ဆေးမသုံးစွဲခင်မှာဆေးရဲ့စိတ်ချရမှုကို သေသေချာချာသိရှိနားလည်ထားဖို့လိုအပ်ပါတယ် ။ အသေးစိတ်သိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ် ။

Zestoretic (ဇက်စ်တိုရီတစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Zestoretic ဆေးကို အောက်ဖော်ပြပါ ဆေးပမာဏနဲ့ပုံစံအတိုင်းရနိုင်ပါတယ် ။

linsinopril 10 mg နှင့် hydrochlorothiazide 12.5 mg

– linsinopril 20mg နှင့် hydrochlorothiazide 12.5 mg

– linsinopril 20 mg နှင့် hydrochlorothiazide 25 mg

ဟူ၍ရနိုင်ပါတယ် ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အနီးစပ်ဆုံးအရေးပေါ်ဝန်ဆောင်မှုကို ခေါ်ခြင်း သို့ အနီးစပ်ဆုံးအရေးပေါ်အခန်းကိုသွားရောက်ခြင်းများ ပြုလုပ်ရပါမယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

အကယ်၍ဆေးသောက်ရန်မေ့လျော့ခဲ့ပါက သတိရရခြင်းသောက်သင့်ပါတယ်။ သတိရတဲ့အချိန်ဟာ နောက်တကြိမ်ဆေးသောက်ရမယ့်အချိန်ဖြစ်နေရင်တောင်မှ ပုံမှန်အတိုင်းဆက်သောက်သင့်ပါတယ်။ ၂ ဆသောက်ခြင်းမျိုးတော့မပြုလုပ်ရပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Zestoretic® (Hydrochlorothiazide/Lisinopril). http://www.mayoclinic.org/drugs-supplements/lisinopril-and-hydrochlorothiazide-oral-route/description/drg-20069073. Accessed November 14, 2016.
Zestoretic® (Hydrochlorothiazide/Lisinopril). http://www.webmd.com/drugs/2/drug-2622/lisinopril-hydrochlorothiazide-oral/details. Accessed November 14, 2016.
Zestoretic® (Hydrochlorothiazide/Lisinopril). https://www.drugs.com/pro/Zestoretic.html. Accessed November 14, 2016.

ယခုပုံစံ

12/05/2020

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement