- စိတ်ရှုပ်ထွေးခြင်း
- မောပန်းခြင်း
- ချမ်းအေးခြင်း
- အော့အန်ခြင်း
- စိတ်အခြေအနေ ပြောင်းလဲခြင်း
- အညိုမဲစွဲလွယ်ခြင်း
- ပုံမှန်မဟုတ်ဘဲ သွေးထွက်ခြင်း ( နှာခေါင်း၊ ပါးစပ် သို့မဟုတ် သွားဖုံး)
- အရေပြားတွင် ခရမ်းရောင် သို့မဟုတ် အနီရောင် အစက်များ
- ပြင်းထန်စွာ ငိုက်မျဉ်းခြင်း
- တက်ခြင်း ပိုဆိုးလာခြင်း
- သင့်ခန္ဓါကိုယ်တွင် ရောင်ရမ်းသည့် လက္ခဏာများ ( ဂလန်းများ ရောင်ခြင်း၊ တုပ်ကွေး လက္ခဏာများ၊ ပြင်းထန်စွာ ကျိန်းစပ်ခြင်း သို့မဟုတ် ထုံခြင်း၊ ကြွက်သား အားနည်းခြင်း၊ ရင်ဘတ်နာခြင်း၊ ချောင်း ဆိုးခြင်း၊ အဖျားတက်ခြင်း၊ အသက်ရှူခက်ခြင်း)
- ပြင်းထန်သော အရေပြား တုံ့ပြန်မှုများ ( အဖျားတက် ခြင်း၊ လည်ချောင်းနာခြင်း၊ မျက်နှာ သို့မဟုတ် လျှာ ရောင်ရမ်းခြင်း၊ မျက်လုံး ပူခြင်း၊ အရေပြားနာခြင်း၊ အနီ သို့မဟုတ် ခရမ်းရောင် အရေပြား အဖုများ ထွက်လာပြီး အရေပြားဖောင်းကြွခြင်း၊ အလွှာလိုက် ကွာခြင်းကို ဖြစ်စေသည်)
- အသည်း သို့မဟုတ် သရက်ရွက် ရောဂါလက္ခဏာ များ ( အစာစားချင်စိတ် မရှိခြင်း၊ အစာအိမ် အပေါ် ပိုင်းအောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဆီးအရည် မည်းခြင်း၊ မျက်နှာ ရောင်ခြင်း၊ အသား ဝါခြင်း)
ရောဂါလက္ခဏာ အသစ်များ သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်အား အကြောင်းကြားပါ။ ဥပမာ- စိတ် ခံစားမှု၊ အပြုအမှု ပြောင်းလဲခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ် ပူပန်ခြင်း၊ အနားမနေခြင်း၊ အလွန် တက်ကြွခြင်း ( စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ) သို့မဟုတ် သေကြောင်းကြံရန် သွေးခြင်း၊ မိမိကိုယ်ကို အန္တရာယ်ပြုရန် တွေးခြင်း တို့ဖြစ်သည်။
ဓါတ်မတည့်သည့် လက္ခဏာများ ဖြစ်လာပါက အရေးပေါ် ကျန်းမာရေး အကူအညီ ရယူပါ။ ( အပ်ပျဉ်၊ အဖျားတက်ခြင်း၊ ဂလန်းရောင်ခြင်း၊ ပါးစပ် အနာ၊ အသက်ရှူ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း)
၎င်းသည် ဘေးထွက်ဆိုးကျိုးများ အပြည့်အစုံ မဟုတ်ပါ။ အခြားလည်း ဖြစ်ပွားနိုင်သည်။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး ကျန်းမာရေး အကြံညဏ် ရယူရန် ဆရာဝန် အား ခေါ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Valproic acid သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။
ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
အစားအသောက်တွေနဲ့ အရက်က Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလား
Valproic acid သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Valporic acid သည် သင့်အတွက် ဘေးကင်းကြောင်း သေချာစေရန် သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။
- Genetic mitochondrial disorder ကြောင့်ဖြစ်သော အသည်းရောဂါများ
- စိတ်ဓါတ်ကျခြင်း၊ စိတ်မကျန်းမာခြင်း၊ သေကြောင်း ကြံရန် အတွေးများ သို့မဟုတ် ဆောင်ရွက်မှုများ ရှိဖူးခြင်း
- Urea cycle disorder သို့မဟုတ် အကြောင်းရင်း မသိဘဲ မွေးကင်းစ ကလေး သေဆုံးခြင်း စသည်တို့ မိသားစု မှတ်တမ်း ရှိခြင်း
- HIV သို့မဟုတ် CMV (cytomegalovirus) ရောဂါပိုး ကူးစက်ခြင်း
ဆရာဝန်သည် သင် ဤဆေးသောက်နေစဉ်အတွင်း သင်၏ တိုးတက်မှုကို ပုံမှန်စစ်ဆေးရန် လိုအပ်သည်။ သင့် မိသားစုနှင့် အခြား စောင့်ရှောက်သူများသည် သင့် စိတ်နေ စိတ်ထားနှင့် လက္ခဏာများ ပြောင်းလဲခြင်းကို သတိပြု၍ စောင့်ကြည့်သင့်သည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- ဝက်ရူးပြန်ရောဂါ အတွက် ပုံမှန် ဆေးအချိုးအစား
Complex partial seizures:
- အစပိုင်း ဆေးအချိုးအစား။ တစ်နေ့လျှင် သောက်ဆေး သို့မဟုတ် ထိုးဆေး ၁၀-၁၅ မီလီဂရမ်/ကီလိုဂရမ်။ သွေးကြောသွင်း ထိုးသော ဆေး ပမာဏကို ခွဲ၍ ပေးနိုင်သည်။ တုံ့ပြန်မှုအပေါ် မူတည်၍ တစ်ပတ်လျှင် ၅-၁၀ မီလီဂရမ်/ ကီလိုဂရမ် တိုးပေးနိုင်သည်။
- ဆက်လက်ထိန်းသော ဆေးအချိုးအစား။ တစ်နေ့လျှင် ၁၀-၆၀ မီလီဂရမ်/ကီလိုဂရမ် ကို ဆေး ပမာဏခွဲ၍ ပေးနိုင်သည်။
Simple and complex absence seizures:
- အစပိုင်း ဆေးအချိုးအစား။ တစ်နေ့လျှင် သောက် ဆေး သို့မဟုတ် သွေးကြောတွင်း ထိုးဆေး ၁၅ မီလီ ဂရမ်/ကီလိုဂရမ် ။ သွေးကြောတွင်းထိုးသော ဆေး ပမာဏကို ခွဲ၍ ပေးနိုင်သည်။ တစ်ပတ်အကြာတွင် တက်ခြင်းအား ထိန်းနိုင်မှုနှင့် ခံနိုင်ရည်အပေါ် မူတည်ပြီး တစ်နေ့လျှင် ၅-၁၀ မီလီဂရမ်/ကီလိုဂရမ် တိုးပေးနိုင်သည်။
- အများဆုံး ပမာဏ။ တစ်နေ့လျှင် ၆၀ မီလီဂရမ်/ ကီလိုဂရမ်
- စိတ်ကြွရောဂါအတွက် ပုံမှန် ဆေးအချိုးအစား
Delayed-release capsules:
- အစပိုင်း ဆေးအချိုးအစား။ တစ်နေ့လျှင် ၇၅၀ မီလီ ဂရမ် သောက်ဆေးဖြစ်သည်။ ဆေးပမာဏကို ခွဲ၍ ပေးနိုင်သည်။
- အများဆုံး ဆေးပမာဏ။ တစ်နေ့လျှင် ၆၀ မီလီဂရမ်/ ကီလိုဂရမ် သောက်ဆေး
- ကြာချိန်။ ၃ပတ်နောက်ပိုင်းတွင် ဘေးကင်းမှုနှင့် အကျိုးရှိမှုကို အတည်ပြုထားခြင်းမရှိပါ။
- ခေါင်းတစ်ခြမ်းကိုက်ခြင်း ကာကွယ်ရန်အတွက် ပုံမှန် ဆေး အချိုးအစား
Delayed release oral capsules
အစပိုင်း ဆေးအချိုးအစား။ ၂၅၀ မီလီဂရမ် သောက်ဆေး တစ်နေ့ နှစ်ကြိမ်
ကလေးတွေအတွက် Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- ဝက်ရူးပြန်ရောဂါအတွက် ပုံမှန် ဆေးအချိုးအစား ( အသက် ၁၀ နှစ် နှင့် အထက်)
Complex partial seizures:
- အစပိုင်း ဆေးအချိုးအစား။ တစ်နေ့လျှင် သောက်ဆေး သို့မဟုတ် ထိုးဆေး ၁၀-၁၅ မီလီဂရမ်/ကီလိုဂရမ်။ သွေးကြောသွင်း ထိုးသော ဆေး ပမာဏကို ခွဲ၍ ပေးနိုင်သည်။ တုံ့ပြန်မှုအပေါ် မူတည်၍ တစ်ပတ်လျှင် ၅-၁၀ မီလီဂရမ်/ ကီလိုဂရမ် တိုးပေးနိုင်သည်။
- ဆက်လက်ထိန်းသော ဆေးအချိုးအစား။ တစ်နေ့လျှင် ၁၀-၆၀ မီလီဂရမ်/ကီလိုဂရမ် ကို ဆေး ပမာဏခွဲ၍ ပေးနိုင်သည်။
- အများဆုံး ဆေးပမာဏ။ တစ်နေ့လျှင် ၆၀ မီလီဂရမ်/ ကီလိုဂရမ်
Simple and complex absence seizures:
- အစပိုင်း ဆေးအချိုးအစား။ တစ်နေ့လျှင် သောက် ဆေး သို့မဟုတ် သွေးကြောတွင်း ထိုးဆေး ၁၅ မီလီ ဂရမ်/ကီလိုဂရမ် ။ သွေးကြောတွင်းထိုးသော ဆေး ပမာဏကို ခွဲ၍ ပေးနိုင်သည်။ တစ်ပတ်အကြာတွင် တက်ခြင်းအား ထိန်းနိုင်မှုနှင့် ခံနိုင်ရည်အပေါ် မူတည်ပြီး တစ်နေ့လျှင် ၅-၁၀ မီလီဂရမ်/ကီလိုဂရမ် တိုးပေးနိုင်သည်။
- အများဆုံး ပမာဏ။ တစ်နေ့လျှင် ၆၀ မီလီဂရမ်/ ကီလိုဂရမ်
Valproic Acid (ဗဲလ်ပိုရစ်အက်ဆစ်) ကိုဘယ်လိုရရှိနိုင်သလဲ
Valproic acid ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။
- Valproic acid ဆေးပြား ၂၅၀ မီလီဂရမ်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Valproic acid သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ