ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Vaccine Mmr (ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး) နဲ့ ဓါတ်ပြုနိုင်သလဲ
Vaccine MMR ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
ကာကွယ်ဆေးနဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးတွေကတော့
- စတီးရွိုက်ဆေးများ (သောက်ဆေး၊နှာခေါင်းဖြန်းဆေး၊ရှုဆေး၊ထိုးဆေး ပုံစံအားလုံးပါဝင်ပါတယ်)။
- psoriasis ရောဂါ၊rheumatoid အဆစ်အမြစ်ရောင်ရောဂါ ဒါမှမဟုတ် ခုခံအားစနစ်ကမောက်ကမဖြစ်ခြင်းကြောင့် မိမိခန္ဓါကိုယ်က တစ်ရှုးတွေကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါတွေကို ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေ (ဥပမာ azathioprine (Imuran), etanercept (Enbrel), leflunomide (Arava) စသည်)။
- ခန္ဓါကိုယ်အစိတ်အပိုင်း အစားထိုးတဲ့အခါ အစားထိုးတဲ့အစိတ်အပိုင်းကို ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က တိုက်ထုတ်ပစ်မှာကို ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုတဲ့ ဆေးတွေ (ဥပမာ basiliximab (Simulect), cyclosporine (Sandimmune, Neoral, Gengraf), muromonab-CD3 (Orthoclone), mycophenolate mofetil (CellCept), sirolimus (Rapamune), သို့မဟုတ် tacrolimus (Prograf))။
တကယ်လို့ သင့်အနေနဲ့ အထက်ဖော်ပြပါဆေးတွေကို သုံးစွဲနေမယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့ မသင့်တော်တဲ့အတွက် ဒီဆေးတွေရပ်လိုက်တဲ့အချိန်မှသာ ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။
အစားအသောက်တွေနဲ့ အရက်က Vaccine Mmr (ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး) နဲ့ ဓါတ်ပြုနိုင်သလား
Vaccine MMR က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Vaccine Mmr (ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး) နဲ့ ဓါတ်ပြုနိုင်သလဲ
Vaccine MMR ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ ဥပမာ
- ပန်းနာရင်ကျပ်ကဲ့သို့သော နာတာရှည်ရောဂါများ သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ။
- ဆီးချိုရောဂါ။
- ကျောက်ကပ်ရောဂါ။
- သွေးအားနည်းရောဂါအပါအဝင် သွေးဆဲလ်ဆိုင်ရာပြဿနာများ။
- ကင်ဆာ၊HIV၊AIDS စသည့် ရောဂါများ၊စတီးရွိက်ကဲ့သို့သော ဆေးများ၊ဓါတ်ကင်ခြင်း၊ကင်ဆာဆေးသွင်းနေရခြင်းတို့ကြောင့် ခုခံအားစနစ်ကို ပြင်းထန်စွာ ထိခိုက်ခြင်း။
- သွေးမွှားဥများ ပျက်စီးသောရောဂါ (သွေးခြေဥလွယ်ခြင်း၊အလွယ်တကူ သွေးယိုစီးခြင်း)။
- တီဘီရောဂါ လတ်တလော ခံစားနေရခြင်း။
- အတက်ရောဂါ ခံစားဖူးခြင်း။
- ဦးနှောက်ကို ထိခိုက်စေသော ရောဂါများရှိခြင်း (သို့မဟုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးစဉ်က ဓါတ်မတည့်သော လက္ခဏာများ ပြခြင်း)။
- ရောဂါများ၊ရိုးတွင်းချဉ်ဆီအစားထိုးလဲလှယ်ခြင်း၊အချို့သော ဆေးများ သို့မဟုတ် ကင်ဆာဆေးများကြောင့် ခုခံအားနည်းနေခြင်း။
- တနှစ်အတွင်း သွေး သို့မဟုတ် သွေးတွင်ပါဝင်သော ဓါတ်ပစ္စည်းတခုခုကို သွင်းဖူးခြင်း။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Vaccine Mmr (ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ပါးချိတ်ရောင်ရောဂါ ကာကွယ်ရန်အတွက် : သတ်မှတ်ထားသော ပမာဏမှာ ဝ.၅ စီစီကို အရေပြားအောက်ထိုးဆေးအဖြစ် တကြိမ်ထိုးရပါမယ်။
ဂျိုက်သိုးရောဂါ ကာကွယ်ရန်အတွက် : သတ်မှတ်ထားသော ပမာဏမှာ ဝ.၅ စီစီကို အရေပြားအောက်ထိုးဆေးအဖြစ် တကြိမ်ထိုးရပါမယ်။
ဝက်သက်ရောဂါ ကာကွယ်ရန်အတွက် : သတ်မှတ်ထားသော ပမာဏမှာ ဝ.၅ စီစီကို အရေပြားအောက်ထိုးဆေးအဖြစ် တကြိမ်ထိုးရပါမယ်။
ကလေးတွေအတွက် Vaccine Mmr (ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အသက်၁နှစ်နဲ့အထက် ကလေးတွေမှာ ပါးချိတ်ရောင်ရောဂါကို ကာကွယ်ရန်အတွက် : သတ်မှတ်ထားသော ပမာဏမှာ ဝ.၅ စီစီကို အရေပြားအောက်ထိုးဆေးအဖြစ် တကြိမ်ထိုးရပါမယ်။
အသက်၁နှစ်နဲ့အထက် ကလေးတွေမှာ ဂျိုက်သိုးရောဂါကို ကာကွယ်ရန်အတွက် : သတ်မှတ်ထားသော ပမာဏမှာ ဝ.၅ စီစီကို အရေပြားအောက်ထိုးဆေးအဖြစ် တကြိမ်ထိုးရပါမယ်။
အသက်၁နှစ်နဲ့အထက် ကလေးတွေမှာ ဝက်သက်ရောဂါကို ကာကွယ်ရန်အတွက် : သတ်မှတ်ထားသော ပမာဏမှာ ဝ.၅ စီစီကို အရေပြားအောက်ထိုးဆေးအဖြစ် တကြိမ်ထိုးရပါမယ်။
Vaccine Mmr (ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး) ကိုဘယ်လိုရရှိနိုင်သလဲ
vaccine MMR ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
တခါထိုးစာ ဝ.၅ စီစီ ပါဝင်သော ဆေးပုလင်း။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
ကာကွယ်ဆေးထိုးဖို့ ရက်ကျော်သွားရင် ဆရာဝန်ကို အသိပေးပါ။ သတိရရချင်းမှာ နောက်တကြိမ်အတွက် ထိုးပါ။ အစ က ပြန်ထိုးစရာ မလိုပါဘူး။ သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကာကွယ်ဆေးကို ပြည့်အောင်ထိုးပါ။ အကြိမ်ရေမပြည့်ရင် ကာကွယ်ဆေးအာနိသင်ကို အပြည့်အဝ ရမှာ မဟုတ်ပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။