မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
oxymetazoline hydrochloride ကို အများအားဖြင့် အောက်ပါအကြောင်းအရာများအတွက် အများဆုံး အသုံးပြုပါသည်။
oxymetazoline hydrochloride ကို Schistosoma mansoni သန်ကောင်ကြောင့်ဖြစ်သော သန်ရောဂါများကို ကုရန်အများဆုံး အသုံးပြုပါသည်။ ထိုရောဂါသည် အာဖရိကတိုက်တွင် ရေတွင်းရေကန်များမှ ကူးစက်သော ရှားပါးသည့်ရောဂါဖြစ်ပါသည်။
ထို့ပြင် ဆရာဝန်ညွှန်ကြားချက်နှင့် အညီအခြားသော ကုသမှုများတွင်လည်း အသုံးပြုပါသည်။
ဆေးကို နှာခေါင်းတွင်းသို့ ဖြန်းခြင်း သို့မဟုတ် ဆေးရည်ထဲ့ခြင်းဖြင့် အသုံးပြုပါသည်။
ထိုအရာများကို အသုံးမပြုမီ ပြင်ပလေထုတွင် အကြိမ်ကြိမ်ဖိနှိပ်ပါ။
ဖြန်းဆေး သို့မဟုတ် ဆေးရည်ကို နှာခေါင်းတပေါက်စီအတွင်းသို့ ဖြန်းပါ။ ခေါင်းကိုမော့ပြီး ဖြန်းပါ။
ဆေးကို မျက်သားလွှာပေါ်သို့ အစက်ချပြီး ထည့်ပါ။
မျက်သားလွှာနှင့် အစက်ချဆေး၏ ထိပ်ဝကို မထိပါစေနှင့်။
ဆေးစက်မချမီ မျက်ကပ်မှန်များကို ချွတ်ထားပါ။
မျက်စဉ်းဆေးသည် အရောင်နောက်နေခြင်း၊ အရောင်ပြောင်းနေခြင်းများရှိပါက အသုံးမပြုပါနှင့်။
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
oxymetazoline hydrochloride ကို အခန်းအပူချိန်မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ oxymetazoline hydrochloride ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ oxymetazoline hydrochloride ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
oxymetazoline hydrochloride ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
oxymetazoline hydrochloride ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။
သင့်ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဆေးကို ၃ ရက်ထက်ပိုသုံးခြင်းမျိုး မပြုလုပ်ရပါ။ ထိုဆေးကို မကြာခဏ အသုံးပြုခြင်း၊ ရေရှည် စွဲသုံးခြင်းတို့ပြုလုပ်ပါက နှာခေါင်းပိတ်ခြင်းများ မကြာခဏ ပြန်ဖြစ်ခြင်း၊ ပိုဆိုးလာခြင်းများဖြစ်တတ်ပါသည်။
ယခုဆေးကို အခြားသူများနှင့် ဝေမျှသုံးစွဲခြင်းမပြုပါနှင့်။ ရောဂါ ကူးစက်နိုင်သောကြောင့် ဖြစ်ပါသည်။
ယခုဆေးသည် ဆီးချိုသမားများတွင် သွေးတွင်းသကြားဓါတ်ကို များစေသောကြောင့် oxymetazoline hydrochloride ကို အသုံးပြုနေစဉ်တွင် ဆီးချိုဆေးများကို ဆရာဝန်က ညှိပေးရန်လိုအပ်ပါသည်။
ယခုဆေးဝါးကို အသက် ၆ နှစ်အောက် ကလေးများတွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
အောက်ပါတို့သည် ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ပါသည်။
(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
oxymetazoline hydrochloride ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါဆေးများသည် နှင့် ဓါတ်ပြုနိုင်သောဆေးများ ဖြစ်ပါသည်။
oxymetazoline hydrochloride က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
oxymetazoline hydrochloride ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
သတ်မှတ်ထားသော ပမာဏမှာ oxymetazoline hydrochloride 0.05%နှာခေါင်းဖြန်းဆေး ကို နှာခေါင်း တပေါက်စီအတွင်းသို့ ၂ ချက် ၃ ချက် ဖြန်းပါ။ ၁၀- ၁၂ နာရီခြား တနေ့လျှင် ၂ ကြိမ်အထိ ဖြန်းနိုင်ပါသည်။
သတ်မှတ်ထားသော ပမာဏမှာ oxymetazoline hydrochloride 0.05%မျက်စဉ်းဆေးကို ဖြစ်သော မျက်လုံးတွင် သို့ ၆ နာရီခြားတစ်ခါမှ လိုအပ်သလို ခတ်နိုင်ပါသည်။
အသက် ၆နှစ်နှင့် အထက်ကလေးများတွင် သတ်မှတ်ထားသော ပမာဏမှာ oxymetazoline hydrochloride 0.05%နှာခေါင်းဖြန်းဆေး ကို နှာခေါင်း တပေါက်စီအတွင်းသို့ ၂ ချက် ၃ ချက် ဖြန်းပါ။ ၁၀- ၁၂ နာရီခြား တနေ့လျှင် ၂ ကြိမ်အထိ ဖြန်းနိုင်ပါသည်။
အသက် ၆နှစ်နှင့် အထက်ကလေးများတွင် သတ်မှတ်ထားသော ပမာဏမှာ oxymetazoline hydrochloride 0.025%မျက်စဉ်းဆေးကို ဖြစ်သော မျက်လုံးတွင် သို့ ၆ နာရီခြားတစ်ခါမှ လိုအပ်သလို ခတ်နိုင်ပါသည်။
oxymetazoline hydrochloride ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
oxymetazoline hydrochloride ကိုသုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသုံးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။