အသုံးပြုပုံများ
Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Mefenamic acid ကို ကာလတို သာမန်နာကျင်ကိုက်ခဲခြင်းများအတွက် အသုံးပြုပါသည်။ ဓမ္မတာလာနေစဉ်ကာလတွင် နာကျင်ကိုက်ခဲမှုများ လျော့ပါးစေရန်နှင့် သွေးဆုံးရှုံးမှု နည်းပါးစေရန်အတွက်လည်း mefenamic acid ကို သုံးစွဲနိုင်ပါသည်။
mefenamic acid သည် nonsteroidal anti-inflammatory drug (NSAID) ဆေးအုပ်စုဝင် ဆေးဖြစ်သည်။
အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် mefenamic acid ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။
Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ဘယ်လိုသောက်သုံးသင့်သလဲ
mefenamic acid ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့် တနေ့လျှင် ၄ကြိမ်) ရေတဖန်ခွက်အပြည့်ဖြင့် သောက်ပါ။ ဆေးသောက်ပြီး အနည်းဆုံး ၁၀မိနစ်ခန့်အကြာထိ လဲလျောင်းခြင်းမပြုရ။ အစာအိမ်ထိခိုက်ခြင်းမှ ကာကွယ်ရန် ဆေးကို အစာ၊နွားနို့တို့နှင့် တွဲသောက်ပါ။ အချို့သော antacid များသည် သွေးထဲသို့ စုပ်ယူသော mefenamic acid ၏ ပမာဏကို ပြောင်းလဲစေသဖြင့် ဆရာဝန် ညွှန်ကြားထားခြင်း မရှိဘဲ mefenamic acid ကို antacid များနှင့် တွဲမသောက်ရပါ။
ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ဘေးထွက်ဆိုးကျိုးများကို တတ်နိုင်သရွေ့ လျှော့ချနိုင်ရန်နှင့် အစာအိမ်သွေးယိုခြင်းမှ ကာကွယ်ရန်အတွက် ဆေးကို ဖြစ်နိုင်သမျှ အနည်းဆုံးပမာဏဖြင့် စတင်ပြီး ဖြစ်နိုင်သမျှ ကာလအတိုဆုံးသောက်သင့်သည်။ ဆရာဝန် ညွှန်ကြားထားသည့်ပမာဏ သို့မဟုတ် ကာလ ထက် ပိုသောက်ခြင်း မပြုရ။mefenamic acid ကို တခါသောက်လျှင် ၇ရက်ထက် ပိုမသောက်ရပါ။
အကယ်၍ သင်သည် mefenamic acid ကို ပုံမှန်သုံးစွဲနေခြင်း မဟုတ်ဘဲ လိုအပ်မှ သုံးစွဲသည်ဆိုလျှင် အကိုက်အခဲပျောက်ဆေးများသည် စ,နာသည်နှင့် ချက်ချင်း သောက်ပါက အကောင်းဆုံးဖြစ်ပြီး ပိုမို နာကျင်လာသည့်အချိန်မှ သောက်လျှင် လိုအပ်သည့် ဆေးအာနိသင်လုံလောက်စွာမရ ဖြစ်တတ်ကြောင်းကို သိထားရမည်။
အကယ်၍ သင်သည် mefenamic acid ကို ဓမ္မတာလာစဉ် ကိုက်ခဲခြင်းအတွက် သုံးစွဲလျှင် ဓမ္မတာစလာသည်နှင့် သို့မဟုတ် စတင်နာကျင်သည်နှင့် ဆေးကို အမြန်ဆုံးသောက်ပါ။ အများအားဖြင့် ဓမ္မတာလာသော ပထမ နှစ်ရက်သုံးရက် ခန့်တွင်သာ သောက်ရန် လိုအပ်လေ့ရှိပါသည်။
သင့်ရောဂါ အခြေအနေ မသက်သာလျှင်ဖြစ်စေ၊ ပိုဆိုးလာလျှင်ဖြစ်စေ ဆရာဝန်ကို အသိပေးရမည်ဖြစ်သည်။
Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ဘယ်လိုသိမ်းဆည်းရမလဲ
[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Mefenamic acid ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Mefenamic acid ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Mefenamic acid ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Mefenamic acid ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Mefenamic acid ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
mefenamic acid ကို မသုံးစွဲမီ
-သင့်အနေဖြင့် mefenamic acid ၊ aspirin သို့မဟုတ် အခြား NSAIDများ (ဥပမာ။ ။Ibuprofen (Advil, Motrin)၊ naproxen (Aleve, Naprosyn)) ၊ mefenamic acid တွင်ပါဝင်သော ပစ္စည်းများ သို့မဟုတ် အခြားဆေးဝါးတမျိုးမျိုးနှင့် ဓါတ်မတည့်ခြင်းများရှိပါက ဆရာဝန်ကို ကြိုပြောပါ။mefenamic acid တွင်ပါဝင်သည့် ပစ္စည်းများကို သိရှိနိုင်စေရန် ဆရာဝန်ကို မေးမြန်းပါ။
-သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။ အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။
antacids; angiotensin-converting enzyme (ACE)
inhibitors such as benazepril (Lotensin), captopril (Capoten), enalapril (Vasotec),
fosinopril (Monopril), lisinopril (Prinivil, Zestril), moexipril (Univasc), perindopril
(Aceon), quinapril (Accupril), ramipril (Altace), and trandolapril (Mavik); amiodarone
(Cordarone, Pacerone); atazanavir (Reyataz); clopidogrel (Plavix); diuretics ('water
pills'), efavirenz (Sustiva); fluconazole (Diflucan); fluvastatin (Lescol); metronidazole
(Flagyl); lithium (Eskalith, Lithobid); lovastatin (Mevacor); methotrexate
(Rheumatrex); ritonavir (Norvir, in Kaletra); sulfamethoxazole (in Bactrim, in Septra);
sulfinpyrazone (Anturane); trimethoprim (Proloprim); and zafirlukast (Accolate). သို့မှသာ သင့်ဆရာဝန် အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက်စောင့်ကြည့်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
-သင့်တွင် ပန်းနာရင်ကြပ်ရှိလျှင် အထူးသဖြင့် နှာခေါင်းပိတ်ခြင်း၊နှာရည်ယိုခြင်း သို့မဟုတ် နှာခေါင်းအတွင်းသားရောင်ရမ်းခြင်းများ မကြာခဏဖြစ်ပါက၊ခြေလက်များ ဖောရောင်ပါက၊ ကျောက်ကပ် သို့မဟုတ် အသည်းရောဂါများရှိပါက ဆရာဝန်ကို ကြိုပြောပါ။
ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ပြောပြပါ။
-သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက mefenamic acid သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)
ဘေးထွက်ဆိုးကျိုးများ
Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
အောက်ပါလက္ခဏာများ ခံစားရပါက mefenamic acid သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
-ရင်ဘတ်အောင့်ခြင်း၊အားနည်းခြင်း၊အသက်ရှုမဝခြင်း၊စကားပီပီသသ မပြောနိုင်တော့ခြင်း၊ အမြင်အာရုံ သို့မဟုတ် ခန္တာကိုယ်ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿနာများ ခံစားရခြင်း။
-ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများ သွားခြင်း။
-ချောင်းဆိုးသွေးပါခြင်း သို့မဟုတ် ကော်ဖီအနှစ်ရောင်များ အန်ခြင်း။
-ဆီးနည်းသွားခြင်း သို့မဟုတ် လုံးဝ မသွားတော့ခြင်း။
-ဆီးပူ၊ဆီးကျဉ်၊ ဆီးအောင့်ခြင်း။
-ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အပေါ်ပိုင်း နာ/အောင့်ခြင်း၊ယားယံခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးမည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊မျက်စိ သို့မဟုတ် အသားဝါခြင်း။
-သွေးခြေဥခြင်း၊ပြင်းထန်စွာ ထုံနာကျဉ်နာဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း။
-ဖျားခြင်း၊လည်ချောင်းနာခြင်း၊ခေါင်းကိုက်ခြင်း၊အနီစက်များထွက်ခြင်း ၊အရည်ကြည်ဖုများ ၊ပြင်းထန်စွာ ထခြင်း၊အရေခွံကွာခြင်း။
သာမန်ဘေးထွက် လက္ခဏာများမှာ
-ဗိုက်နာ/အောင့်ခြင်း၊ အနည်းငယ် ရင်ပူခြင်း သို့မဟုတ် အစာအိမ်နာခြင်း၊ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း။
-လေထခြင်း။
-ခေါင်းကိုက်၊မူးဝေထိုင်းမှိုင်းခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း။
-အသားယားခြင်း သို့မဟုတ် အစက်များထွက်ခြင်း။
-အာခြောက်ခြင်း။
-ချွေးထွက်များခြင်း၊နှာစေးခြင်း။
-အမြင်အာရုံဝေဝါးခြင်း။
-နားထဲတွင် အသံများ ကြားနေရခြင်း။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Mefenamic acid ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
စိတ်ကျရောဂါပျောက်ဆေးများ ဖြစ်ကြသော citalopram (Celexa), duloxetine
(Cymbalta), escitalopram (Lexapro), fluoxetine (Prozac, Sarafem, Symbyax), fluvoxamine
(Luvox), paroxetine (Paxil), sertraline (Zoloft), or venlafaxine (Effexor).တို့ကို မသုံးစွဲမီ ဆရာဝန်နှင့် ဦးစွာ တိုင်ပင်ပါ။ အဆိုပါဆေးများကို NSAID များနှင့် တွဲဖက်သောက်သုံးခြင်းဖြင့် သွေးခြေဥခြင်း၊သွေးထွက်ခြင်းများကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပါသည်။
အခြားသော ဆေးများ သုံးစွဲနေပါကလည်း ဆရာဝန်ကို ပြောပြပါ။ အထူးသဖြင့်
သွေးကျဲဆေးများ (warfarin, Coumadin);
ဆီးဆေးများ
Cyclosporine (Gengraf, Neoral, Sandimmune);
Lithium (Eskalith, Lithobid);
Methotrexate (Rheumatrex, Trexall);
Steroids (prednisone and others); or
Aspirin or nsaids (non-steroidal anti-inflammatory drugs) such as diclofenac
(Voltaren), etodolac (Lodine), fenoprofen (Nalfon), flurbiprofen (Ansaid), ibuprofen
(Advil, Motrin), indomethacin (Indocin), ketoprofen (Orudis), ketorolac (Toradol),
meclofenamate (Meclomen), meloxicam (Mobic), nabumetone (Relafen), naproxen (Aleve, Naprosyn), piroxicam (Feldene)
အစားအသောက်တွေနဲ့ အရက်က Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလား
Mefenamic acid က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Mefenamic acid ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
-သွေးအားနည်းရောဂါ။
-ပန်းနာရင်ကြပ်ရောဂါ။
-သွေးနှင့်ဆိုင်သော ပြဿနာများ။
-သွေးခဲခြင်း။
-ဖောရောင်ခြင်း။
-ရုတ်တရက် နှလုံးရပ်ဖူးခြင်း။
-နှလုံးရောဂါရှိခြင်း။
-သွေးတိုးရှိခြင်း။
-ကျောက်ကပ် သို့မဟုတ် အသည်းရောဂါရှိခြင်း။
-အစာအိမ် သို့မဟုတ် အူအနာရှိခြင်း သို့မဟုတ် ထိုအနာမှ သွေးယိုခြင်း။
-လေဖြတ်ဖူးခြင်း —–> အခြေအနေကို ပိုဆိုးစေတတ်သဖြင့် သတိထားသုံးပါ။
-အက်စ်ပရင် ဆေးပြားကြောင့် ပိုဆိုးစေသော ပန်းနာရင်ကြပ်ရှိလျှင်။
-ပြင်းထန်သော ကျောက်ကပ်ရောဂါ။
-နှလုံးခွဲစိတ်ခြင်း ——> ခွဲစိတ်မှု မပြုလုပ်မီ သို့မဟုတ် ပြုလုပ်ပြီးချိန်တွင် အနာသက်သာစေရန် mefenamic acid ကို အသုံးမပြုရပါ။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
နာကျင်ခြင်းအတွက်
၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ လိုအပ်သလို ဆက်သောက်ရမည်။ ၇ရက်ထက် ပိုမသောက်ရပါ။
ဓမ္မတာလာစဉ် ကိုက်ခဲခြင်းအတွက်
၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ သောက်ရမည်။ ဓမ္မတာစလာသော ပထမဆုံးနေ့မှ စတင်ပြီးသောက်ရမည်။
ကလေးတွေအတွက် Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးငယ်တွေမှာ Mefenamic acid ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)
-နာကျင်ခြင်းအတွက်
၁၄ နှစ်မှ ၁၈နှစ် အထိ : ၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ လိုအပ်သလို ဆက်သောက်ရမည်။ ၇ရက်ထက် ပိုမသောက်ရပါ။
Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ကိုဘယ်လိုရရှိနိုင်သလဲ
Mefenamic acid ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သောက်ဆေးတောင့် : ၂၅၀မီလီဂရမ်။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Mefenamic acid ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။