အသုံးပြုပုံများ
Erythromycin (အယ်ရီသရိုမိုင်ဇင်) ကို ဘာအတွက်အသုံးပြုကြသလဲ
Erythromycin ကို ဘက်တီးရီးယားများကြောင့်ဖြစ်သောရောဂါများကို ကာကွယ်ရန်နှင့် ကုသရန်အတွက်အသုံးပြုကြပါသည်။macrolide အမျိုးအစားဖြစ်ပါသည်။ ဘက်တီးရီးယားများ၏ကြီးထွားမှုကို ကာကွယ်ပေးပါသည်။
ဘက်တီးရီးယားများအတွက် ကုသရန်သာအသုံးပြုပါသည်။ အအေးမိခြင်း၊တုပ်ကွေး စသော ဗိုင်းရပ်စ်များကြောင့်ဖြစ်သော ရောဂါများအတွက်အသုံးမဝင်ပါ။ မလိုအပ်ဘဲသုံးစွဲခြင်းနှင့် အလွန်အကျွံသုံးစွဲခြင်းက ဆေး၏အာနိသင်ကို ထိခိုက်နိုင်ပါသည်။
အထက်ပါ ဖော်ပြထားသော ရောဂါများအပြင် အခြားသောရောဂါများအနေနှင့် လည်း အသုံးပြုနိုင်ပါသည်။ ထိုသို့အသုံးပြုရန်ဆရာဝန်နှင့် တိုင်ပင်ပါ။
Erythromycin ကို အစာမကြေခြင်းစသော အစာအိမ်ရောဂါများနှင့်ပတ်သက်၍လည်းအသုံးပြုနိုင်ပါသည်။
Erythromycin (အယ်ရီသရိုမိုင်ဇင်) ဘယ်လိုသောက်သုံးသင့်သလဲ
ယခုပိုးသတ်ဆေးသည် အစာမရှိလျှင် စုပ်ယူအားပိုကောင်းပါသည်။
အော့အန်ခြင်းများရှိလျှင် အစာသို့မဟုတ် နွားနို့နှင့်တွဲ၍သောက်သုံးနိုင်ပါသည်။
ဆေးသည် အနည်းငယ်ခါးသည်။ ထို့ကြောင့် ဆေးလုံးလိုက်သောက်သုံးသင့်ပါသည်။ ဝါးမစားရပါ။
ဆေးပမာဏနှင့် ကြာချိန်သည် ရောဂါအခြေအနေပေါ်မူတည်ပါသည်။ ကလေးများတွင် ခန္ဓါကိုယ်အလေးချိန်နှင့် အသက်ပေါ်မူတည်ပါသည်။
ပိုးသတ်ဆေးသည် ခန္ဓါကိုယ်ထဲတွင် တစ်သမတ်တည်းရှိပါက အစွမ်းအထက်ဆုံးဖြစ်ပါသည်။ ထို့ကြောင့် အချိန်မှန်သောက်သုံးရပါမည်။
မိမိရောဂါလက္ခဏာ သက်သာသွားသည့်တိုင် ဆေးကို သတ်မှတ်ထားသောရက်အတိုင်း ပုံမှန်သောက်သုံးရပါမည်။ ဆေးကြိုဖြတ်လိုက်ပါက ရောဂါပိုးမွှားများပို၍ ပေါက်ပွှားနိုင်ပါသည်။ အခြေအနေဆိုးလာလျှင် ဆရာဝန်ဆီသွားပါ။
Erythromycin (အယ်ရီသရိုမိုင်ဇင်) ဘယ်လိုသိမ်းဆည်းရမလဲ
ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Erythromycin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Erythromycin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Erythromycin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။
Erythromycin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Erythromycin (အယ်ရီသရိုမိုင်ဇင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဆေးမသုံးမီ
-ယခုဆေးသို့မဟုတ်အခြားသောဆေးများ(azithromycin (Zithromax), clarithromycin (Biaxin), dirithromycin (Dynabac),)နှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။
-အစားအသောက်၊ ဆိုးဆေး တာရှည်ခံပစ္စည်းများ တိရစ္ဆာန်များနှင့် ဓါတ်မတည့်ပါက လည်းကြိုတငိ၍ အသိပေးရပါမည်။ Asprin စသောသွေးကျဲဆေးများ အခြားသော အရောင်ကျဆေးများ ဆီးဆေး Lithum ပိုတက်ဆီယမ် သောက်သုံးနေရလျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။ အခြားဆေးများအနေနှင့် astemizole (Hismanal), carbamazepine (Tegretol), cisapride (Propulsid), clozapine (clozaril), cyclosporine (Neoral, Sandimmune), digoxin (Lanoxin), disopyramide (Norpace), ergotamine, felodipine (Plendil), lovastatin (Mevacor), phenytoin (Dilantin), pimozide (Orap), terfenadine (Seldane), theophylline (Theo-Dur), triazolam (Halcion), နှင့် ဗီတာမင်ဆေးများနှင့် ဓါတ်မတည့်ခြင်းရှိပါက ကြိုတင်ပြောပြရပါမည်။
-အသည်းရောဂါ၊ အသားဝါခြင်း၊ မျက်စိရောဂါ ၊ အစာမြိုရခက်သော အသက်ရှူရခက်သောရောဂါ ရှိလျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။
-ကိုယ်ဝန်ဆောင်နေလျှင၊် နို့တိုက်မိခင်ဖြစ်လျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။
-သွားနှုတ်ခြင်း စသော လုပ်ငန်းစဉ်များပြုလုပ်မည်ဆိုပါက မိမိသည် Erythromycin သောက်သုံးနေကြောင်း ကြိုတင်အသိပေးရပါမည်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Erythromycin (အယ်ရီသရိုမိုင်ဇင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကို မသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Erythromycin (အယ်ရီသရိုမိုင်ဇင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဓါတ်မတည့်သောရောဂါလက္ခဏာများဖြစ်သော အရေပြားတွင် အကွက်များဖြစ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မျက်နှာ၊ နှုတ်ခမ်းနှင့် လျှာတို့ရောင်ရမ်းလာလျှင် အရေးပေါ်ကုသမှုခံယူပါ။
ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများမှာ
-ရင်ပူခြင်း အောင့်ခြင်း၊ နာခြင်း၊ သွေးစိမ့်ထွက်ခြင်း အခြားသောအရေပြားရောဂါများဖြစ်ခြင်း တို့ဖြစ်ပါသည်။
အတန်အသင့်ရှိသော ဘေးထွက်ဆိုးကျိုးများမှာ
-အရေပြားအနည်းငယ်ယားနာခြင်း
-အသားအရည်ခြောက်သွေ့ခြင်း နှင့် အဆီပြန်ခြင်း
-ယားခြင်း
-အရေခွံလန်ခြင်း
-မျက်လုံးစပ်ခြင်း တို့ဖြစ်ပါသည်။
ထိုသို့သောဘေးထွက်ဆိုးကျိုးများသည်လူတိုင်းတွင်မတွေ့ရ တတ်ပါ။ ဘေးထွက်ဆိုးကျိုးလက္ခဏာများပေါ်ပေါက်ခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Erythromycin (အယ်ရီသရိုမိုင်ဇင်) နဲ့ ဓါတ်ပြုနိုင်သလဲ
Erythromycin ဟာ သင်အခု လောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်း တွေမပြုလုပ်ပါနဲ့။ ဖြစ်လေ့ရှိသောဆေးများမှာ-
- ဗိုင်းရပ်စ်သတ်ဆေးများ( အသည်းရောဂါ၊ HIV AIDSရောဂါများ)
- မှိုရောဂါသတ်ဆေးများ
- ပိုးသတ်ဆေးများ
- ကင်ဆာဆေးများ
- အဆီကျဆေးများ
- ငှက်ဖျားရောဂါသတ်ဆေးများ
- သွေးတိုးကျဆေးများ
- သွေးကျဆေးများ
- အစားထိုးခွဲစိတ်ကုသမှုများတွင် အသုံးပြုသောဆေးများ
- စိတ်ရောဂါကုဆေးများ တို့ဖြစ်ပါသည်။
ထိုဆေးများ အပြင် အခြားသောဆေးများလည်းရှိနိုင်ပါသည်။ ဆရာဝန်ညွှန်ကြားထားသော မညွှန်ကြားထားသော ဆေးများအားလုံးပါနိုင်ပါသည်။ မိမိသောက်သောဆေး အစုံအလင်ကို ဆရာဝန်ထံပြသင့်ပါသည်။
အစားအသောက်တွေနဲ့ အရက်က Erythromycin (အယ်ရီသရိုမိုင်ဇင်) နဲ့ ဓါတ်ပြုနိုင်သလား
Erythromycin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Erythromycin (အယ်ရီသရိုမိုင်ဇင်) နဲ့ ဓါတ်ပြုနိုင်သလဲ
Erythromycin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
အထူုးသဖြင့်
- နှလုံးခုန်နှေးခြင်း
- နှလုံးဖောက်ခြင်း
- နှလုံးရောဂါ
- နှလုံးခုန်မမှန်ခြင်း
- ပိုတက်ဆီယမ်ဓါတ်နည်းခြင်း
- မဂ္ဂနီဆီယမ်ဓါတ်နည်းခြင်း
- အသည်းရောဂါ
- ကြွက်သားအားနည်းသည့်ရောဂါ
ထိုသို့သောရောဂါများတွင် သတိထား၍သုံးရပါမည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Erythromycin (အယ်ရီသရိုမိုင်ဇင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အရွယ်ရောက်ပြီးသူတွေမှာ Erythromycin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
-Campylobacter ကြောင့်ဖြစ်သောအစာအိမ်ရောဂါအတွက်
မပြင်းထန်သောသရောဂါ အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ် ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
Chancroid (ရှန်ကရိုက်) လိင်မှတစ်ဆင့် ကူးစက် ရောဂါအတွက်
မပြင်းထန်သောရောဂါ အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ် ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
Lymphogranuloma Venereum ဟုခေါ်သော ကလက်မိုင်ဒီးယားရောဂါ (လိင်မှတစ်ဆင့်ကူးစက်ရောဂါ)အတွက်
မပြင်းထန်သော ရောဂါ အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
Mycoplasma (မှိုပိုး)ကြောင့်ဖြစ်သော နမိုးနီးယားရောဂါအတွက်
အတန်အသင့်ဖြစ်သော ရောဂါ အခြေအနေ
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
ဆီးပူညောင်းကျပိုး ကြောင့် မဟုတ်သော ဆီးရောဂါ အတွက်
မပြင်းထန်သော အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
နားပြွန်အလယ်ပိုင်းရောင်သော otitis media ရောဂါအတွက်
မပြင်းထန်သော အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
လည်ချောင်းနာရောဂါအတွက်
မပြင်းထန်သော အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
ရိုးရိုးနမိုးနီးယားရောဂါအတွက်
မပြင်းထန်သော အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
အရေပြားနှင့် တစ်ရှူးကြောင့်ဖြစ်သောရောဂါ အတွက်
မပြင်းထန်သော အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
အစောအဆင့်ကာလသားရောဂါအတွက်
မပြင်းထန်သော အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအတွက်
မပြင်းထန်သော အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
လေပြွှန်ရောင်ရောဂါအတွက်
မပြင်းထန်သော အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
Chlamydia ကလက်မိုင်ဒီးယားရောဂါအတွက်
မပြင်းထန်သော အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
Lyme disease ကြောင့်ဖြစ်သောရောင်ရမ်းသောရောဂါအတွက်
မပြင်းထန်သော အခြေအနေအတွက်
၂၅၀-၅၀၀ မီလီဂရမ် သို့မဟုတ် ၄၀၀-၈၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါသည်။
ပြင်းထန်သောရောဂါအတွက်
ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
Legionella ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါအတွက်
တိကျသောစမ်းသပ်မှုနှင့် ပမာဏသက်မှတ်မှုမရှိသော်လည်း ထိုးဆေး တစ်နေ့လျှင် ၁-၄ ဂရမ်ကို ၆နာရီခြားတစ်ခါ သုံးနိုင်ပါသည်။
နှလုံးအတွင်းနံရံပိုးဝင်ရောင်ရမ်းခြင်း (bactereial endocarditis ) ရောဂါ ကာကွယ်ရန်အတွက်
၁ ဂရမ် သို့မဟုတ် ၈၀၀ မီလီဂရမ် ကို ခွဲစိတ်မှု မပြုမီ ၂နာရီမတိုင်ခင် သောက်ရမည်။ ပထမတစ်ကြိမ်သောက်ပြီး၆နာရီအကြာတွင် တစ်ဝက်သောက်သုံးရပါမည်။
အစာအိမ်ဆေးရန်အတွက် ၁ ဂရမ် ကို ၁နာရီ ၂နာရီ နှင့် ၁၁နာရီ အချိန်တို့တွင် မခွဲစိတ်မီတစ်ရက်ကြိုတင်၍သောက်သုံးထားရပါမည်။(ခွဲစိတ်ချိန်ကို မနက် ၈နာရီဟုသတ်မှတ်ပါ။) ဝမ်းနှုတ်ဆေး၊ neomycin ပိုးသတ်ဆေးသောက်နဲ့တွဲသောက်ရမည် ဖြစ်သည်။
လေးဘက်နာရောဂါအတွက် ကာကွယ်ရန် ၂၅၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် သောက်သုံးရပါမည်။
ကလေးတွေအတွက် Erythromycin (အယ်ရီသရိုမိုင်ဇင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
နှလုံးအတွင်းနံရံပိုးဝင်ရောင်ရမ်းသော (bacterial endocarditis)ရောဂါကာကွယ်ရန်အတွက်
ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ဆေး ၂၀ မီလီဂရမ် နှုန်းသောက်သုံးရပါမည်။ ခွဲစိတ်မှု မပြုမီ ၂နာရီမတိုင်ခင် သောက်ရမည်။ ပထမတစ်ကြိမ်သောက်ပြီး ၆နာရီအကြာတွင် တစ်ဝက်သောက်သုံးရပါမည်။
အစာအိမ်ဆေးရန်အတွက် ၁ ဂရမ် ကို ၁နာရီ ၂နာရီ နှင့် ၁၁နာရီ အချိန်တို့တွင် မခွဲစိတ်မီတစ်ရက်ကြိုတင်၍ သောက် သုံးထားရပါမည်။(ခွဲစိတ်ချိန်ကို မနက် ၈နာရီဟုသတ်မှတ်ပါ။) ဝမ်းနှုတ်ဆေး၊ neomycin ပိုးသတ်ဆေးများနှင့် တွဲသောက်ရပါမည်။
လေးဘက်နာရောဂါအတွက် ကာကွယ်ရန် ၂၅၀ မီလီဂရမ်ကို တစ်နေ့နှစ်ကြိမ် သောက်သုံးရပါမည်။
နမိုးနီးယားအဆုတ်ရောင်ရောဂါအတွက်-
အဆုတ်ရောင်ရောဂါများအတွက် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၅၀ မီလီဂရမ် တစ်နေ့၆နာရီနှင့် အနည်းဆုံး ၂ပတ်သောက်သုံးရပါမည်။
Chlamydia (ကလက်မိုင်းဒီးယား)ကြောင့်ဖြစ်သော မျက်စိနာရောဂါနှင့် အဆုတ်ရောင်ရောဂါများအတွက် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၅၀ မီလီဂရမ် တစ်နေ့၆နာရီနှင့် အနည်းဆုံး ၂ပတ်သောက်သုံးရပါမည်။
လေးဘက်နာရောဂါကာကွယ်ရန် အတွက် ၂၅၀ မီလီဂရမ်ကို တစ်နေ့နှစ်ကြိမ် သောက်သုံးရပါမည်။
ဆုံဆို့ကြက်ညှာရောဂါအတွက်-
ကိုယ်အလေးချိန် ၁ ကီလိုဂရမ် လျှင် ၄၀-၅၀ မီလီဂရမ် တစ်နေ့၆နာရီကို ၁၄ရက်သောက်သုံးရပါမည်။ အများဆုံးသောက်နိုင်သောပမာဏမှာ တစ်နေ့လျှင် ၂ ဂရမ် ဖြစ်ပါသည်။(တစ်လအောက်ငယ်သောကလေးများမသုံးသင့်ပါ။)
Erythromycin (အယ်ရီသရိုမိုင်ဇင်) ကိုဘယ်လိုရရှိနိုင်သလဲ
Erythromycin ကို
- အာနိသင်တဖြည်းဖြည်းချင်းပြသော ၂၅၀ မီလီဂရမ် ဆေးတောင့် (base) များ
- အကြောတွင်း ထိုးဆေး (lactobionate) ၅၀၀-၁၀၀၀ မီလီဂရမ်
- သောက်ဆေး အရည် (ethylsuccinate ) ၅ မီလီလီတာ လျှင် ၂၀၀ မီလီဂရမ် အချိုးအစား နှင့် ၄၀၀မီလီဂရမ် အချိုးအစား
- ဆေးလုံး(base) ၂၅၀- ၅၀၀ မီလီဂရမ် ဆေးလုံး
- ဆေးလုံး(Ethylsuccinate) ၄၀၀ မီလီဂရမ်
- ဆေးလုံး ( stearate) ၂၅၀ မီလီဂရမ်
- အာနိသင်တဖြည်းဖြည်းချင်းပြသော ဆေးလုံး (base) ၂၅၀၊ ၃၃၃ ၊၅၀၀ မီလီဂရမ် အမျိုးအစားတို့ဖြင့်ရရှိနိုင်ပါသည်။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ ဖြစ်စေ သွားရောက်ကုသမှုခံယူပါ
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Erythromyicn ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။