backup og meta

အသည်းရောင်ရောဂါ(ဘီ)သယ်ဆောင်သူက ဇနီး/ခင်ပွန်းကိုမကူးစက်အောင်ဘယ်လိုကာကွယ်မလဲ

သင့်တွင် အသည်းရောင်ရောဂါ(ဘီ)ရှိသည်ဟု သိခဲ့လျှင် သင်၏အိမ်ထောင်ဖက်မှာ သင့်ကိုစောင့်ရှောက်သူ၊ အားပေးသူ၊ သင်မှီခိုရမည့်သူဖြစ်သည်။ အိမ်ထောင်ဖက်က အနားတွင် နီးကပ်စွာရှိခြင်း ကရောဂါကူးစက်နိုင်ခြေများသည်။ အောက်ပါနည်းလမ်းများနှင့် အိမ်ထောင်ဖက်ကို ရောဂါပိုးမကူးစက်အောင် ကာကွယ်နိုင်သည်။

အသည်းရောင်ရောဂါ(ဘီ)ဘယ်လိုပျံ့နှံ့သလဲ။

အသည်းရောင်ရောဂါ(ဘီ)ပိုးသည် သင်၏အိမ်ထောင်ဖက်သို့ သင်၏သွေး၊ သုတ်ပိုး၊ အခြားခန္ဓါကိုယ်အရည်များမှတစ်ဆင့် ကူးစက်နိုင်သည်။ အပ်၊ aဆးထိုးပြွန်များမျှသုံးခြင်း၊ သင်တုံးဓါး၊ သွားတိုက်တံမျှသုံးခြင်း၊ လိင်ဆက်ဆံခြင်းတို့မှ ရောဂါရနိုင်သည်။ ထို့အပြင် သင်၏သွေး၊ ပေါက်ပြဲဒဏ်ရာများကိုထိတွေ့ခြင်း၊ အပ်နှင့် အခြားထက်သောအရာများနှင့် ထိမိခြင်းမှလည်း ကူးစက်နိုင်သည်။

အိမ်ထောင်ဖက်ကိုဘယ်လိုကာကွယ်မလဲ။

သင်၏အိမ်ထောင်ဖက်ကိုသွေးစစ်ရန်သတိပေးပါ။ အိမ်ထောင်ဖက်သည် လိင်ဆက်ဆံခြင်းဖြင့် သင့်ဆီမှ ရောဂါပိုးကူးစက်ရန် များပါသည်။ သင်နေမကောင်းဖြစ်ပါက အကြောင်းကြားရန် လိုအပ်ပါသည်။ ရောဂါကာကွယ်ရန်အတွက် သင်၏အိမ်ထောင်ဖက်ကို ဆရာဝန်နှင့်တွေ့ဆုံ၍ သွေးစစ်ရန်သတိပေးရမည်။ သင်တို့နှစ်ယောက်လုံးသည် ရောဂါကာကွယ်နည်းများ လိုက်နာသော်လည်း ပုံမှန်သွေးစစ်ဆေးခြင်းသည် အရေးကြီးပါသည်။ သင့်အိမ်ထောင်ဖက်တွင် ရောဂါမရှိပါက ကာကွယ်ဆေးထိုးရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ ကာကွယ်ဆေးက အသည်းရောင်ရောဂါ(ဘီ)ကို ပို၍ကောင်းစွာ ကာကွယ်နိုင်သည်။ ကာကွယ်ဆေး ရက်ပြည့်အောင်ထိုးပြီးသော်လည်း သွေးထပ်စစ်ကာ ဆေးအောင်မအောင်သေချာစစ်ရမည်။

လိင်ဆက်ဆံသည့်အခါကွန်ဒုံးသုံးပါ။

သင်၏အဖော် ကာကွယ်ဆေးထိုးပြီးလျှင်တောင်မှ လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးသုံးရန်လိုအပ်ပါသည်။ မည်သည့်ဆက်ဆံသည့်နည်းမဆို ရာဘာကွန်ဒုံး လိုအပ်သည်။ ကွန်ဒုံးအပြင် ချောဆီသုံးခြင်းက ကွန်ဒုံးပေါက်ပြဲခြင်းကို လျော့နည်းစေသည်။ ထို့အပြင် ချောဆီသည် လိင်တံ (သို့) မိန်မကိုယ်တွင် ပွတ်တိုက်မှုကြောင့်ဖြစ်သော အနာဖြစ်ပွားမှုနှုန်းကို လျော့စေသည်။ သင်နှင့် သင့်အိမ်ထောင်ဖက်ပါ လိင်ဆက်ဆံမှုအစအဆုံးတွင် ကွန်ဒုံးသုံးရမည်။ ဆက်ဆံပြီးပါက သင်၏အိမ်ထောင်ဖက် ကွန်ဒုံးလွှင့်ပစ်လျှင် ဂရုစိုက်ရန်သတိပေးရမည်။

ကာကွယ်ခြင်း

အကယ်၍ သင်၏အိမ်ထောင်ဖက်မှ သင့်သွေးနှင့်မတော်တဆထိမိခဲ့လျှင် ကြိုတင်ကာကွယ်မှုများ လုပ်ရမည်။ အသည်းရောင်ရောဂါ(ဘီ)ကာကွယ်ဆေးနှင့် HIBGကို ၇-၁၄ ရက်အတွင်း ထိုးပြီး(ဘီ)ပိုးကို ကာကွယ်ရမည်။

သင်နှင့် သင့်အိမ်ထောင်ဖက်တို့သည် အသည်းရောင်ရောဂါ(ဘီ)ကာတွယ်သည့် နည်းလမ်းများကို လိုက်နာရန် အရေးကြီးပါသည်။ ဘီပိုးကို နေ့စဉ်လှုပ်ရှားနေထိုင်ရင်း အိမ်ထောင်ဖက်ကို ကူးစက်နိုင်သောကြောင့် ထိုကူးစက်ရောဂါမှ မည်သို့ကာကွယ်ရမည်ကို သိရှိထားသင့်သည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.who.int/features/qa/76/en/

http://www.webmd.com/hepatitis/default.html

http://www.mayoclinic.org/diseases-conditions/hepatitis- c/basics/definition/con-20030618

http://www.mayoclinic.org/diseases-conditions/hepatitis- b/basics/definition/con-20022210

http://www.mayoclinic.org/diseases-conditions/hepatitis- a/basics/definition/con-20022163

ယခုပုံစံ

25/08/2022

Dr. Kaung Thar မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းကင်ဆာပြီးနောက် အစာစားချင်စိတ်ကို ဘယ်လို မြင့်တင်မလဲ

အသည်းရောင်ရောဂါအမျိုးမျိုး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement