ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ

    ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ တွေကို အတူတူ လေ့လာရအောင်လေ။ ဆီးချိုရောဂါရဲ့ အစောဆုံးလက္ခဏာရပ်တွေကသွေးတွင်းသကြားဓါတ်တစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်ပမာဏက ပုံမှန်ထက်မြင့်တက်နေတာပဲဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်ကာစလက္ခဏာတွေက သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။ အချို့သူတွေမှာဆိုရင် အချိန်ကြာလာတာနဲ့အမျှ ခန္ဓါကိုယ်မှာ ထိခိုက်ယိုယွင်းတာတွေဖြစ်လာတဲ့အခါမှ ဆီးချိုရောဂါခံစားနေရတာကိုသိသွားတာမျိုးလည်းရှိပါတယ်။

    ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ

    ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ တွေကတော့

    အမျိုးအစား-၁ ဆီးချိုရောဂါမှာတော့လက္ခဏာရပ်တွေဖြစ်ပေါ်မှုက မြန်ဆန်လေ့ရှိပြီးတော်တော်လေးလည်း ပြင်းထန်တတ်ပါတယ်။ ရက်ပိုင်းအတွင်း ဒါမှမဟုတ်ရင် သီတင်းပတ်အနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာတွေ ကိုသိရတာမျိုးတွေလည်းရှိပါတယ်။

    အမျိုးအစား-၁ ဆီးချိုရောဂါခံစားနေရသူအများစုဟာ ကလေးအရွယ်နဲ့အရွယ်ရောက်စမှာကတည်းက ရောဂါခံစားနေရတာကိုသိရှိနိုင်ပြီးရောဂါလက္ခဏာတွေက အရွယ်သုံးပါးစလုံးမှာအတူတူပဲဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ ကလေးငယ်တွေလိုမျိုးရောဂါခံစားနေရမှုကိုမြန်မြန်ဆန်ဆန် အတည်မပြုနိုင်ပါဘူး။

    အတွေ့များတဲ့ရောဂါလက္ခဏာရပ်တွေ

    ဆီးချိုရောဂါအမျိုးအစား၂ရပ်စလုံးမှာ ရောဂါခံစားနေရတယ်လို့သိရှိနိုင်တဲ့အချက်အချို့ကခပ်ဆင်ဆင် ဖြစ်နေတတ်ပါတယ်။

    ဆာလောင်ခြင်းနဲ့ပင်ပန်းနွမ်းလျခြင်း – ခန္ဓါကိုယ်က စားသုံးလိုက်တဲ့အစားအသောက်တွေကို ဆဲလ်တွေက စွမ်းအင်အနေနဲ့ အသုံးပြုနိုင်မယ့် ဂလူးကို့စ်တွေအဖြစ်ပြောင်းလဲပေးပါတယ်။ တကယ်လို့ ခန္ဓါကိုယ်က အင်ဆူလင်ပမာဏကိုလုံလောက်အောင်မထုတ်ပေးနိုင်ရင်ဖြစ်ဖြစ် ဆဲလ်တွေက ခန္ဓါကိုယ်ကထုတ်လုပ်တဲ့ အင်ဆူလင်ကို ခုခံနေတဲ့အနေအထားမျိုးဖြစ်နေရင်ပဲဖြစ်ဖြစ် ဂလူးကို့စ်ကဆဲလ်တွေထဲကိုမရောက်ရှိနိုင်တော့ဘဲ အားမရှိသလိုခံစားရစေမှာဖြစ်ပါတယ်။ အဲ့လိုအခါမျိုးမှာ ပိုမိုဆာလောင်စေပြီး ပုံမှန်ထက်ပိုပင်ပန်းတယ်၊လို့ခံစား ရမှာ ဖြစ်ပါတယ်။ ဆီးချိုဝေဒနာခံစားနေရသူတွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေက ဆာလောင်မှုကို လျော့ပါးသက်သာစေဖို့အတွက်နဲ့သွေးတွင်းဂလူးကို့စ်ပမာဏကိုထိန်းညှိရာမှာ အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားလေ့ရှိပါတယ်။

    ဆီးခဏခဏသွားခြင်းနဲ့ပုံမှန်ထက်ရေပိုငတ်ခြင်း- လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် ၂၄ နာရီအတွင်း ဆီးကို ၄ ကြိမ်ကနေ ၇ ကြိမ်အထိ သွားလေ့ရှိတယ် ဆိုပေမယ့် ဆီးချိုဝေဒနာ ခံစားနေရသူတွေကတော့ ဆီးသွားတဲ့ အကြိမ်ရေက ပိုများနေနိုင်ပါတယ်။

    ခံတွင်းခြောက်ခြင်းနဲ့အရေပြားယားယံခြင်း – ဆီးခဏခဏ သွားရတဲ့အခါ ခန္ဓါကိုယ်ရဲ့အခြား ကဏ္ဍတွေ အတွက် အစိုဓါတ် လျော့နည်းသွားပြီး ရေဓါတ်ခမ်းခြောက်တာနဲ့ ခံတွင်းခြောက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ အရေပြား ခြောက်သွေ့တာက ယားယံခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

    အမြင်အာရုံဝေဝါးခြင်း – ခန္ဓါကိုယ်ထဲက အရည်ပမာဏ ပြောင်းလဲမှုက မျက်လုံးအိမ် အတွင်းမှာ ရှိတဲ့ မှန်ဘီလူးကို ရောင်ကိုင်းစေပြီး ပုံရိပ်ရဲ့အရွယ်အစားကိုပြောင်းလဲစေနိုင်သလို အာရုံစိုက်နိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

    အမျိုးအစား-၂ ဆီးချိုရောဂါရဲ့လက္ခဏာရပ်များ

    သွေးတွင်း ဂလူးကို့စ်ပမာဏ အချိန်ကြာမြင့်စွာ မြင့်တက်နေတဲ့အခါ အောက်ပါ ရောဂါလက္ခဏာရပ်တွေ ခံစားရနိုင် ပါတယ်။

    မှိုပိုးကူးစက်ခြင်း (Yeast infections) – ဆီးချိုဝေဒနာ ခံစားနေရတဲ့ အမျိုးသားရော၊ အမျိုးသမီးမှာပါ မှိုပိုး ကူးစက်မှု ကို ခံစားရနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက လက်ချောင်းခြေချောင်းတွေ ကြား၊ ရင်သားအောက်ဘက် နဲ့ လိင်အင်္ဂါ အတွင်းနဲ့ လိင်အင်္ဂါ တဝိုက်မှာ အဖြစ်များ ပါတယ်။

    အနာကျက်နှေးခြင်း- သွေးတွင်းသကြားဓါတ် မြင့်မားနေမှုက သွေးစီးဆင်းမှုကို ထိခိုက်စေပြီး အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတာကြောင့် အနာကျက်နှေးစေတာဖြစ်ပါတယ်။

    အမျိုးအစား-၁ ဆီးချိုရောဂါလက္ခဏာရပ်များ

    အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျဆင်းနေခြင်း- ခန္ဓါကိုယ်က အစားအစာတွေကနေ စွမ်းအင်ကို မရရှိတဲ့ အခါ စွမ်းအင်အတွက် ကြွက်သားနဲ့ အဆီတွေကို စတင် လောင်ကျွမ်းစေပါတယ်။ ဒီလို အခြေအနေမျိုးမှာ အစားအသောက်ပုံစံ ပြောင်းလဲတာမျိုး မရှိဘဲ ကိုယ်အလေးချိန် ကျဆင်းတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    မအီမသာဖြစ်ခြင်း နဲ့ ပျို့အန်ခြင်း –ခန္ဓါကိုယ်က အဆီ လောင်ကျွမ်းမှု အပေါ်မှာပဲ အားပြုထားရတဲ့အခါ ketones လို့ခေါ်တဲ့ သွေးတွင်းအက်ဆစ် ထုတ်လွှတ်မှုကိုဖြစ်ပေါ်စေပါတယ်။ သွေးထဲမှာ ketones ပမာဏက အန္တရာယ် ဖြစ်စေနိုင်တဲ့ အတိုင်းအတာ အထိ မြင့်တက်လာတဲ့အခါ diabetic ketoacidosis လို့ခေါ်တဲ့ ဆီးချို ရောဂါရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါကို ခံစားရစေပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement