backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အစားအသောက်ထဲက အချိုဓာတ်၊ ကစီဓာတ်ကို ဘယ်လိုတွက်မလဲ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


11/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အစားအသောက်ထဲက အချိုဓာတ်၊ ကစီဓာတ်ကို ဘယ်လိုတွက်မလဲ

ကစီဓာတ် (ကာဘိုဟိုက်ဒရိတ်)ကို တွက်ချက်ခြင်းဖြင့် သင့်ရဲ့ သွေးတွင်း ဂလူးကို့စ်ပမာဏကို စီမံနိုင်ပါတယ်။ အဲဒီလို တွက်ချက်ခြင်းအားဖြင့် အလွန်အကျွံ မစားမိအောင်လည်း ထိန်းနိုင်ပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ သွေးတွင်းအချိုဓာတ်၊ ကစီဓာတ်ကို ရရှိစေဖို့အတွက် ကစီဓာတ်ကို တွက်ပြီး စားဖို့ အရေးကြီးပါတယ်။

ဘယ်လောက်စားရမလဲ။

ကိုယ်ရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေ သောက်နေရတဲ့ဆေးတွေအပေါ်မူတည်ပြီး တစ်နေ့ကို ကစီဓာတ်ဘယ်လောက်ပါအောင် စားရမလဲဆိုတာ သတ်မှတ်ပါ။ ကိုယ်လက်လှုပ်ရှားမှုများတဲ့ တချို့လူတွေက ကစီဓာတ်ပိုစားဖို့ လိုပါတယ်။ ကိုယ့်ခန္ဓာကိုယ်အတွက် လိုအပ်သလောက် မျှတအောင် စားနိုင်ဖို့လိုပါတယ်။ ဒါမှသာ နေလို့ကောင်းပြီး ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ကျစေပါတယ်။

ထမင်းကြီးစားတဲ့အခါမှာတော့ ကစီဓာတ် ၄၅-၆၀ ဂရမ်ပါဝင်သင့်ပါတယ်။ ဆီးချိုမဖြစ်စေဖို့အတွက် ဒီပမာဏထက် နည်းတာများတာ ရှိနိုင်ပါတယ်။ ကိုယ်စားမယ့်အစားအစာတွေမှာ ကစီဓာတ် ဘယ်လောက် ရှိသလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။

ဘယ်အစာတွေမှာ ကစီဓာတ်ပါလဲ။

အုတ်ဂျုံ၊ နှံစားပြောင်း၊ ကောက်စပါး၊ မုရောစပါး

ဂျုံပေါင်မုန့်၊ နှံစားပြောင်းထွက်အစားအစာ၊ ဘီစကွတ်

အာလူး၊ ပဲစေ့၊ ပြောင်းဖူး

အသီးဖော်ရည်၊ သစ်သီးများ

နို့နှင့် ဒိန်ချဉ်

ပဲနို့ထွက်ပစ္စည်းများ

သကြားလုံး၊ ကိတ်မုန့်၊ ကွတ်ကီး၊ အအေးဖော်ရည်

ဘယ်လောက်ပမာဏပါဝင်လဲ။

စားသောက်ကုန်တွေမှာ ပါတဲ့အညွှန်းမှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေကနေ ကစီဓာတ်ဘယ်လောက်ပါလဲ သိနိုင်ပါတယ်။ ဒီအညွှန်းမပါရင်တော့ ကိုယ်တိုင်ခန့်မှန်းဖို့ လိုပါတယ်။

ပြောရရင် အောက်ပါအစားအသောက်မှာ ကစီဓာတ် ၁၅ ဂရမ်ပါဝင်ပါတယ်။

လတ်ဆတ်တဲ့ သစ်သီး ၄ အောင်စ

အေးခဲ့ထားတဲ့သစ်သီး ခွက်ဝက်

ပေါင်မုန့်တစ်ချပ် (၁ အောင်စ)

နှံစားပြောင်း ခွက်တစ်ဝက်

ထမင်း ခွက်သုံးပုံတစ်ပုံ

ဘီစကစ် ၄-၆ ချပ်

အသားဓါတ်နဲ့ အဆီ

ကစီဓါတ်ကို တွက်ပြီးစားတာက အသားဓါတ်နဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့အဆီကို မျှတစေပါတယ်။

အစားအသောက်ပါဝင်ပစ္စည်းအညွှန်းကြည့်နည်း

အညွှန်းပါတဲ့အစားအသောက်တွေအတွက်တော့ တွက်လိုလွယ်ပါတယ်။ ဒီထဲမှာ ဘယ်လောက်ပါတယ်။ ကိုယ်ဘယ်လောက်စားဖို့လိုတယ်တွက်ပါ။ သကြားဓာတ်၊ အမျှင်ဓာတ်နဲ့ ကစီဓာတ်ပါဝင်မှုအားလုံးတွက်ပါ။

နှလုံးရောဂါသမားများကတော့ ပြည့်ဝဆီနဲ့ အသွင်ပြောင်းအဆီကို ရှောင်ပါ။ ပြည့်ဝအဆီနဲ့ အသွင်ပြောင်းအဆီအနည်းဆုံးဖြစ်တဲ့ အစားအသောက်ကို စားပါ။ သွေးအားကောင်းတဲ့သူတွေအတွက်တော့ ဆိုဒီယမ်ပါတဲ့ အစားအသောက်ရှောင်ပါ။ နည်းတာစားပါ။

Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


11/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement