အမေရိကန် ဆီးချို အဖွဲ့အစည်းက လမ်းများများ လျှောက်လေလေ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်လေလေလို့ အကြံပြုပြောကြားထားတာ ရှိပါတယ်။ ဒါကြောင့် လမ်းလျှောက်ခြင်းက ဆီးချိုရောဂါကာကွယ်မှုကို အသိပေးတဲ့ နည်းလမ်းတစ်ခု အဖြစ် သတ်မှတ်လို့ ရပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၂၂ ခုနှစ်က Helloဆရာဝန် မြန်မာနိုင်ငံ မိသားစုက နှစ်စဉ် ကျင်းပနေကျ ဖြစ်တဲ့ Global Diabetes Walk 2022 ကမ်ပိန်းမှာ ပါဝင်ခဲ့ပြီး ဆီးချိုရောဂါ ကာကွယ်ဖို့အတွက် ခြေလှမ်း ၃၀၀၀ ကျော် လမ်းလျှောက်ခဲ့ကြပါတယ်။
Global Diabetes Walk: ဆီးချိုရောဂါ ကာကွယ်စောင့်ရှောက်ရေး အသိပေးမှုကို ၂၀၀၄ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်
Global Diabetes Walkကို ၂၀၀၄ ခုနှစ်က ရိုးစင်းတဲ့ အတွေးတစ်ခုကနေ စတင်လာခဲ့တာ ဖြစ်ပြီး အခုချိန်ထိဆိုရင် ၁၈ နှစ်အထိ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကမ်ပိန်းကို စတင် လုပ်ဆောင်ချိန်ကစပြီး အခုချိန်ထိ လူ ၅ သန်းကျော် ပါဝင်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အသက်တွေကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဆီးချိုအကြောင်း ပိုသိလာလေလေ ကာကွယ်မှုအတွက် ဗဟုသုတ ပိုရှိလာလေလေ ဖြစ်ပြီး အချို့ကိစ္စတွေမှာ လူထုတွေရဲ့ အယူအဆတွေကိုလည်း ပြောင်းလဲစေဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဆီးချို ကာကွယ်ဖို့ လမ်းလျှောက်တာကို နိုဝင်ဘာလရဲ့ ဘယ်ရက်မှာမဆို လုပ်ဆောင်လို့ ရပါတယ်။ များသောအားဖြင့်ကတော့ ကမ္ဘာ့ဆီးချိုရောဂါနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လျှောက်ကြတာများပါတယ်။
ဆီးချို ကာကွယ်ဖို့ လမ်းလျှောက်မှုမှာ Hello ဆရာဝန်က ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံက လူတိုင်းယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးဝဘ်ဆိုက် တစ်ခုဖြစ်တဲ့ Helloဆရာဝန် အနေနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုဟာ စိုးရိမ်စရာကောင်းပြီး ကြီးထွားလာနေတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာ ဖြစ်လာနေတယ်ဆိုတာကို အသိအမှတ်ပြုပါတယ်။ စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုနှုန်းဟာ အတော်လေး မြင့်တက်နေတာကို တွေ့ရပါတယ်။
ရာခိုင်နှုန်း အတိအကျ ပြောရမယ်ဆိုရင် ဆီးချို ခံစားနေရသူ အမျိုးသား အရေအတွက်က အယောက် ၁၀၀ မှာ ၁၀.၈ ရာခိုင်နှုန်း ကနေ ၁၁.၅ ရာခိုင်နှုန်း အထိရှိပြီး အမျိုးသမီးအရေအတွက်က အယောက် ၁၀၀ မှာ ၉.၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။
ဆီးချိုရောဂါ အကြို လက္ခဏာ ခံစားနေရသူ အရေအတွက်က အယောက် ၁၀၀ မှာ အမျိုးသား ၁၆.၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒီအရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် တော်တော်လေးကို များပြားလှတဲ့ပမာဏပါ။
ဒါကြောင့်ပဲ Helloဆရာဝန် မိသားစုဝင်တွေက Global Diabetes Walk မှာ ခြေလှမ်း ၃၀၀၀ ပါဝင်လျှောက်ရင်း ကျန်းမာရေး အသိပေးမှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လမ်းလျှောက်မှုကို Hello ဆရာဝန်အဖွဲ့ဝင်တွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေပါ အတူပါဝင်ခဲ့ကြပါတယ်။
ဆီးချိုရောဂါ ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် ဆီးချိုရောဂါ ကာကွယ်ရေးက Helloဆရာဝန်ရဲ့ ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်လာပါတယ်
Helloဆရာဝန်ဟာ မြန်မာနိုင်ငံသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ကျန်းမာစေဖို့အတွက် ဆေးဖက်ဆိုင်ရာ အချက်အလက်တွေကို သေချာစိစစ် အတည်ပြူထားတဲ့ ဆောင်းပါးတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော နိုင်ငံတွင်း ကျန်းမာရေးဝဘ်ဆိုက် တစ်ခုအဖြစ် ဂုဏ်ယူမိပါတယ်။
ဆီးချိုရောဂါရဲ့ ပြင်းထန်မှုတွေကြောင့် ဆီးချိုရောဂါဟာ Helloဆရာဝန် ဝဘ်ဆိုက်ရဲ့ ဦးစားပေး ကျန်းမာရေးအခြေအနေတွေထဲက တစ်ရပ်ဖြစ်လာသလို ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ၊ ကုသစောင့်ရှောက်မှုတွေ၊ ဂရုစိုက်နည်းတွေ နဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို စာဖတ်သူတွေအနေနဲ့ ဝဘ်ဆိုက်မှာ အသေးစိတ် ရှာဖွေနိုင်စေဖို့ လုပ်ဆောင်ပေးထားပါတယ်။
ဒါတွေအပြင် ဆရာဝန်တွေကိုယ်တိုင် စိစစ်တည်းဖြတ်ထားပေးတဲ့ ဆောင်းပါးတွေကို ဖတ်နိုင်သလို ကျန်းမာရေး အခြေအနေတွေကို စစ်ဆေးနိုင်မယ့် ကျန်းမာရေးစစ်ဆေးမှု ကိရိယာတွေကိုလည်း ဝဘ်ဆိုက်မှာ လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့ ဝဘ်ဆိုက်မှာ ရှိတဲ့ ဆီးချို ဖြစ်နိုင်ခြေကို စစ်ဆေးတဲ့ ကျန်းမာရေးစစ်ဆေးမှု ကိရိယာကို အသုံးပြုပြီး စစ်ဆေးနဲ့အခါ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် ပိုများနေမယ်ဆိုရင်တောင် ဆီးချို ဖြစ်နေပြီလို့တော့ တထစ်ချ မှတ်ယူလို့ မရသေးပါဘူး။ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ထပ်မံ လုပ်ဆောင်ဖို့တော့ လိုပါမယ်။
ဆီးချိုရောဂါ ရှိပြီးကြောင်း စစ်ဆေး သိရှိပြီးသူတွေအတွက်တော့ ဒီစစ်ဆေးမှုက အတော်လေး အထောက်အကူပြုနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဆီးချိုစောင့်ရှောက်မှု နည်းလမ်းတွေက ဆီးချိုရှိသူတွေအတွက် ဘယ်လို အထောက်အကူပြုနိုင်သလဲ ဆိုတာကိုတော့ ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ပါ။
ကမ္ဘာ့ဆီးချိုရောဂါနေ့နဲ့အတူ စာဖတ်သူတွေကို ဆီးချိုနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ကျန်းမာရေး စစ်ဆေးမှု ကိရိယာတွေ နဲ့ ဆီးချိုအဖွဲ့အစည်းတွေကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်စေဖို့ spotlight page တစ်ခု လုပ်ဆောင်ပေးထားပါတယ်။
ဆီးချို ဘယ်လို ကာကွယ်မလဲ
ဆီးချိုကို ကာကွယ်ဖို့ဆိုရင်
- ကိုယ်အလေးချိန် ထိန်းပါ
- ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ
- အစားအသောက် ဂရုစိုက်ပါ
- အိပ်ရေးဝဝ အိပ်ပါ
- စိတ်ဖိစီးမှုကို ဖြေလျှော့ပါ
- ရေလုံလောက်အောင် သောက်ပါ
- အမျှင်ဓာတ် ကြွယ်ဝအောင် စားပါ
- ဆေးလိပ်ဖြတ်ပါ။
သတင်းစကား
[embed-health-tool-bmi]