backup og meta

ဆီးချိုသွေးချိုရောဂါ - အမျိုးသားများတွင်ဖြစ်သောလက္ခဏာများ

ဆီးချိုသွေးချိုရောဂါ - အမျိုးသားများတွင်ဖြစ်သောလက္ခဏာများ

ဆီးချိုရောဂါဆိုတာသင့်ခန္ဓါကိုယ်ကလုံလောက်တဲ့ အင်ဆူလင်ကိုမထုတ်နိုင်တာ၊ အင်ဆူလင်ကိုအသုံးမပြုနိုင်တာ၊ ဒီနှစ်မျိုးစလုံးဖြစ်တာစတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ သွေးထဲကသကြားဓါတ်ဟာအမြဲတက်နေတတ်ပြီးမထိန်းချုပ်ဘဲနေရင် နောက်ဆက်တွဲတွေ ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲဖြစ်နိုင်ခြေတွေဟာဆိုးရွားတတ်ပါတယ်။ ကောင်းတဲ့အချက်ကဒီပြသနာတွေကို ကြိုတင်ကာကွယ်ပြီးသတိထားဂရုပြုပြီးကုသနိုင်ပါတယ်။

ဆီးချိုရောဂါ၏ အစောပိုင်းလက္ခဏာများ

အစောပိုင်းလက္ခဏာတွေဟာသိပ်မပြင်းထန်တာမို့ သတိမထားမိတတ်ပါဘူး။ အောက်ပါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။

  • ကိုယ်အလးချိန်ကျခြင်း (ပုံမှန်စားနေလျက်)
  • မကြာခဏဆီးသွားခြင်း
  • အမြင်မကြည်လင်ခြင်း
  • ပုံမှန်မဟုတ်ဘဲမောပန်းနွမ်းနယ်ခြင်း
  • လက်နှင့်ခြေထောက်ထုံကျင်ခြင်း
  • ဒီအဆင့်မှာဆီးချိုကိုမကုဘဲထားရင် နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။
  • လိင်အင်္ဂါတောင့်တင်းမှုမရှိခြင်း။ လိင်အင်္ဂါ တောင့်တင်းလာမှုမရှိဘဲ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာဟာသွေးတိုးခြင်း၊ စိတ်ဖိအားများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးဝါးများသောက်သုံးနေရခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးလည်ပတ်မှုနဲ့ အာရုံကြောရောဂါစတဲ့ ကျန်းမာရေးအခြေအနေမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုရှိသူအမျိုးသားများဟာဒိပြသနာရှိနိုင်ခြေများပါတယ်။ ဆီးချိုရှိသူ ၂၀ ကနေ ၇၅ ရာခိုင်နှုန်းလောက်အထိ ဖြစ်တတ်ပါတယ်။ တကယ်လို့သင့်မှာဒီပြသနာရှိနေရင် ဆီးချိုကို ဖြစ်နိုင်ခြေအနေနဲ့ စဉ်းစားရပါမယ်။
  • အလိုအလျောက်အာရုံကြောစနစ် ပျက်စီးခြင်းဒီပျက်စီးမှုကနေလိင်ပိုင်းဆိုင်ရာ ပြသနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ အမျိုးသားလိင်အင်္ဂါထဲကသွေးကြောနဲ့ အာရုံကြောတွေကိုပျက်စီးစေရင်လိင်အင်္ဂါတောင့်တင်းမှု မရှိတဲ့ပြသနာ ဖြစ်လာနိုင်ပါတယ်။
  • နောက်ကြောင်းပြန်သုတ်ထွက်ခြင်း။ ဆီးချိုရှိသူအမျိုးသားများမှာသုတ်ရည်ဟာနောက်ကြောင်းပြန်ပြီးဆီးအိမ်ထဲထွက်စေတတ်ပါတယ်။ ပုံမှန်ထက်နည်းပြီးသုတ်ထွက်တာနည်းရင် ဒီပြသနာကိုစဉ်းစားသင့်ပါတယ်။
  • ဆီးလမ်းကြောင်းပြသနာ။ ဆီးချိုကြောင့် အာရုံကြောထိခိုက်ရင် ဆီးလမ်းကြောင်း ပြသနာတွေ ဖြစ်တတ်ပါတယ်။ ဆီးအိမ်အလုပ်လုပ်လွန်တာ၊ ဆီးမထိန်းနိုင်တာ၊ ဆီးလမ်းကြောင်းမှာပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။

အမျိုးသားတွင် ဖြစ်နိုင်ခြေများသောအရာများ

ဆီးချိုကနေနောက်ဆက်တွဲပြသနာတွေ ဖြစ်လာနိုင်ခြေတဲ့ အကြောင်းအရာတွေ အများကြီးအနက်မှာ-

  • ဆေးလိပ်သောက်ခြင်း
  • သွေးတိုးခြင်း၊ ကိုလက်စထရောမြင့်ခြင်း
  • ကိုယ်အလေးချိန်များခြင်း
  • ကိုယ်လက်လှုပ်ရှားမလုပ်ခြင်း
  • အသက် ၄၀ကျော်လာခြင်း စတဲ့အခြေအနေတွေ ပါဝင်ပါတယ်။

သင့်မှာသွေးတွင်းသကြားဓါတ်များနေရင်၊ ဆီးချိုဖြစ်နိုင်ခြေများရင် ဆရာဝန်နဲ့ တိုင်ပင်ဆေးနွေးသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diabetes in Men. http://www.webmd.com/diabetes/diabetes-men#1. Accessed January 7 th , 2017.

Men and Type 2 Diabetes. http://www.webmd.com/men/guide/diabetes-men#1. Accessed January 7 th , 2017.

ယခုပုံစံ

12/05/2020

Written by Dr. Thant Zin

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့

ဆီးချိုဆေး အမျိုးအစားများ နဲ့ အလုပ်လုပ်ပုံများ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement