ရေအိတ်တည်ခြင်း

ဆရာ သမီး က အရင်တုန်း ရာသီလာတာများလို့ ဆေးရုံမှာသွားပြဖူးတယ် လာရင်လဲရက်ကြာလို့ သွားပြတော့ သားအိတ်ရေစက်သေးသေးလေးတွေရှိနေတယ်ပြောတယ် ဆရာမက စိုးရိမ်စရာမရှိဘူး တားဆေး၆လ သောက်ခိုင်းတယ် အာ့သောက်ပြန်ပြဖို့ပြောတယ် အဲ့ကြားတည်းမှာပုံမှန်သောက်ခဲ့ပါတယ် အမေကအိမ်ထောင်ကျရင် ခလေးမရမှာစိုးတာကြောင့် ဆေးကိုမသောက်ဖို့ပြောပါတယ် အဲ့နောက်ပိုင်းလဲအရင်လောက် ရာသီသွေး အရမ်းမဆင်းတော့ပေမဲ့ပုံမှန်လတိုင်းလာပါတယ် အာ့နဲ့ 2022မှာ ဂျပန်ရောက်လာတယ်ဆရာ အလုပ်မှာ ပင်ပန်းတာနဲ့ အတွေးများတာကြောင့် ရာသီမမှန်တော့ဘူး အလေးပင်မပန်းတဲ့အပတ်ဆို သွေးနဲနဲဆင်းတယ်ပြီးရင်မလာတော့ဘူး ဆေးခန်းပြတော့ သူတို့ကစိတ်ဖိစီးလို့ပါ ပြောပြီ ဆေးပေးတယ် ရာသီလာပြန်ပြဆ်ုပြီး ဒါမဲ့ လာတော့သူက သားဥကြွေဆေးဆ်ုပြီးသောက်ခိုင်းတယ် ရာသီက မတရားဆင်းတယ်အဲ့ဆေးကို ၃ရက်စာကျန်တာတောင်မသောက်နိုင်ဘူးဆရာ နောက်မြန်မာ​ဆေးနဲ့ ပဲသောက်ကြည့်တယ် အာ့လဲမလာဘူး ကောင်လေးနဲ့အတူတူနေပြီး ဆေးသောက်မှရာသီကပြန်ဆင်းတယ် ပြီးတော့မလာပြန်ဘူး နောက်တခေါက်အတူနေပြီနောက်ပိုင်းမှာပုံမှန်ပြန်ဆင်းတယ်ဆရာ ကြားထဲမှာ၄လခြားပါတယ် ကောင်လေးနဲ့တွေ့ရင် သတိထားပြီး လာတဲ့ရက်ကိုမှတ်ပြီး မြန်မာဆေးသောက်တာ လာတယ်ဒါမဲ့ ဆေးကြောင့်လား ဘာကြောင့်မှန်းမသိပေမဲ့ စလာတဲ့ရက်သွေးကအညိုဘတ်ကိုသွားတယ် စိတ်ပူပြီ အလုပ်ကအသိသွားပြတော့ ရေအိတ်ရှိတယ်ပြေတယ် ရာသီသွေး ဆင်းရင်ပြန်လာပြလို့ပြောပေမဲ့ဒီကြားတဲ့အလုပ်မအားလို့ မပြဖြစ်ဘူးဆရာ ရာသီက ၁၀လပိုင်းမှာဆင်ပေမဲ့ နည်းနည်းလေးမှနည်းနည်းလေး ကုန်းကွအလေးမှပင်ပန်းတဲ့နေ့ဆိုအရောင်ပြလောက်ပဲဖြစ်ပြီး ပြီးရင်မလာတော့ဘူး ရောဂါ​ကြောင်းတွေဖတ်ပေမဲ့ ဘာဆေးသောက်သင့်လဲဆရာ တားဆေးလဲမသောက်ချင်ဘူးဆရာ နောက်ပိုင်း၃နှစ်ပြည့်ရင် အိမ်ထောင်ပြုမှာဆိုခလေးလဲတန်ယူချင်တာ အဲ့ ရေအိတ်ကိုဘယ်လိုပျောက်အောင်လုပ်ရမလဲ စိတ်ညစ်နေပြီ ဝိတ်ကတော့ 75kg ကနေ69kgထိကျသွားပြီ ဝိတ်လဲချနေပါတယ် ရာသီပြန်လာအောင်ဘယ်လိုလုပ်ရမလဲ သောက်ဆေးပျောက်နိုင်မယ်ဆို လမ်းညွှန်ပေးပါအုံး အခုရာသီမလာတော့ မြန်မာဆိုင် ကနေတားဆေး ဝယ်သောက်မလို့ဆရာ သောက်သင့်မသောက်သင့်အကြံပြုပေးပါအုံး😔

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
46
3

မှတ်ချက် 3ခု

တားဆေးနဲ့ ကလေးမရတာနဲ့ မဆိုင်ဘူးနော်

အဲ့မှာတည်းက စလွဲနေပြီ


ကောင်လေးနဲ့ အတူနေပြီး ေဆးသောက်တာက ဘာဆေးလဲ၊ အရေးပေါ်တားဆေးလား


ဆရာမ ပြောပြမယ်

ကိုယ်စိတ်ပူတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ အရင်တိုင်ပင်

ဆေးကို ကိုယ့်သဘောနဲ့ကိုယ် သောက်လိုက်ရပ်လိုက်၊ တခြားဆေးတွေ သောက်လိုက်လုပ်နေရင် အဲ့မှာပဲ လည်နေပြီး ဘာမှဆက်ဖြစ်လာမှာမဟုတ်ဘူး။


တားဆေးကြောင့် ကလေးမရနိုင်တာမဟုတ်ဘူးနော်။ ဘယ်တားဆေးကမှ မမြုံစေဘူး။


အခု အိုဂျီနဲ့ဖြစ်ဖြစ် ပြန်ပြ၊ သူညွှန်တဲ့အတိုင်းလုပ်လိုက်။ တားဆေးဆိုတာ ကိုယ်ဝန်တားဖို့အတွက်ပဲ သုံးတာ မဟုတ်ဘူး။ ဟော်မုန်းတွေကို ပြန်ညှိဖို့အတွက်လည်း သုံးတယ်နော်။

ကလေးမရမှာစိုးလို့ တားဆေးနဲ့ မကုချင်တာဆို ခုရှင်းပြထားတော့ အဲ့ပြဿနာပြေလည်မယ်လို့ ထင်ပါတယ်.။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@momiji

ရေအိတ်အတွက် အိုဂျီနဲ့ ပြကြည့်ပါ။ အများစုက ဆေးလပိုင်းလောက်သောက်ရင် ရပါတယ်။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

Dr Htet Htet Zaw Win

ဟုတ်ကဲ့ ရေအိတ်တည်တာကိုရောဘယ်လိုလုပ်ရမလဲဆရာမ အတူနေပြီးသောက်တာက အရေးပေါ်တားဆေးပါ တစ်လုံးဆေးပါ ရေအိတ်တည်တာသက်သာဖို့နဲ့ ရာသီပြန်မှန်ဖို့တားဆေးသောက်ရင်ရောအဆင်ပြေနိုင်လားဆရာမ

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။