ရာသီစောလာခြင်းနှင့်ရက်နည်းခြင်း
ရှေ့လ 17 ရက်နေ့ကကောင်မလေးနဲ့တူတူနေပြီး တားဆေး ၁ လုံးဆေးသောက်ပါတယ် 18 19 20 မှာတူတူထက်နေဖြစ်ပါတယ် condom သုံးပါတယ်။ ခုလ ၃ ရက်နေ့မှသွေးအညိုအခဲလေးတွေနည်းနည်းဆင်းပါတယ် ၃ ရက်နေ့မှာနည်းနည်းဆင်းပြီး ၄ ရက်နေ့နည်းနည်းဆင်းပြီး ၅ ရက်နေ့မှာမဆင်းတော့ပဲ ဗိုက်ကြီးကမာမာကြီးဖြစ်နေပါတယ်ဒီလရာသီလာရမှာက ခန့်မှန်းက ၆ရက်နေ့လောက်လာရမှာကို ၃ ရက်လောက်စောလာပြီး ၂ ရက်ပဲသွေးနည်းနည်းဆင်းလို့ပါ ဘာစိုးရိမ်ရလဲဗျ ကိုယ်ဝန်ကော်ဖြစ်နိုင်ပါလားဗျ

















တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။