မင်္ဂလာပါ ဒေါက်တာ
အသက်၂၀ ပါ Stress ကြောင့် ရာသီမလာလို့ အသားဆေး၂လုံးထိုးထားပါတယ် ဆေးထိုးပြီးဘယ်နှရက်လောက်နေမှအာနိသင်ပြလဲရှင့် stress ကြောင့်မလာ မလာလို့ပို stressပိ ဖြစ်နေလို့ပါ Dr
အသက်၂၀ ပါ Stress ကြောင့် ရာသီမလာလို့ အသားဆေး၂လုံးထိုးထားပါတယ် ဆေးထိုးပြီးဘယ်နှရက်လောက်နေမှအာနိသင်ပြလဲရှင့် stress ကြောင့်မလာ မလာလို့ပို stressပိ ဖြစ်နေလို့ပါ Dr
မှတ်ချက် 1ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။
ရာသီမလာတိုင်း ဆေးထိုးစရာမှ မလိုပါ။
အဲ့လိုထိုးလို့ရာသီလာတာကလည်း သဘာဝအတိုင်းလာတာ မဟုတ်ဘူးလေ။
စိတ်ဖိစီးမှုများလို့ရာသီမလာရင် စိတ်ဖိစီးမှုနည်းအောင် နေရမှာပါ။
ပြောတာမှာကိုက အဖြေပါနေပြီ။ စိတ်ဖိစီးလို့ ရာသီမလာ၊ ရာသီမလာလို့ စိတ်ဖိစီးနဲ့ သံသရာလည်နေတာ။ ကိုယ်ဝန်ကြောင့်၊ ရောဂါကြောင့်မဟုတ်ရင် တစ်လတလေ ရာသီမလာတာ ပြဿနာမဟုတ်ပါ။ မလာတဲ့ရာသီကို အတင်းလာေအာင် လုပ်စရာမလိုပါ။ ရာသီလာစရာမရှိလို့ မလာတာဖြစ်တာကြောင့် အထဲမှာ သွေးအောင်းနေတာမျိုးကိုလည်း စိုးရိမ်စရာမလိုပါ။
ဒီလောက်ရှည်ရှည်ဝေးဝေး ရှင်းပြနေတာ ရာသီမလာတိုင်း ဆေးထိုးနေတာကို တွေ့နေရလို့ပါ။ လိုမှမလိုတာ။
ဆေးထိုးပြီး ရက်ပိုင်းလောက်ဆို သွေးဆင်းပါလိမ့်မယ်။ ဘယ်နှရက်လဲဆိုတာကတော့ ကိုယ့်ေဟာ်မုန်းနဲ့သာ ဆိုင်ပါတယ်။