Menstruation ရက်သိပ်မမှန်လို့ပါ
Menstruation ရက်သိပ်မမှန်တာ ၂လလောက်ရှိပါပြီ
ရက််နောက်ကိုဆုတ်''သွားတာပါ diet လည်းလုပ်နေ စာတွေလည်းလုပ်နေရလို့ ဒီရက်ပိုင်း ကျန်းမာရေးကလည်းချူချာနေလို့ ဆရာပြောသလိုပင်ပန်းပြီးမလာတာဖြစ်နိုင်လားဆရာ အသိထဲမှာ ဆယ်ကျော်သက်နဲ့အလုံးတည်တာမျိုးတွေရှိလို့ အဲ့လိုဖြစ်မှာကြောက်လို့ပါဆရာ အကယ်၍ အားနည်းပြီးမလာတာဆိုရင်တောင် ဘာအစားစားရမလဲလမ်းညွှန်ပေးပါ
















ရာသီရက်တွေက ရှေ့တိုးတာ နောက်ဆုတ်တာ ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ တစ်လတစ်ခါ ပုံမှန်လာနေတယ်။ ဆင်းတဲ့ပမာဏ အနည်းအများမပြောင်းဘူး၊ ကိုက်တာခဲတာ မပြင်းထန်ဘူး၊ အရင်လိုပဲဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး။
Diet လုပ်နေတယ်ဆိုရင် အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်တွေ အများကြီး ချတာမျိုးကို ရှောင်ပါ။ တစ်ပတ်ကို ၁-၂ပေါင်လောက်ပဲ ချပါ။ အစားလည်း သိပ်မရှောင်ပါနဲ့။ အာဟာရပြည့်အောင်စားပါ။
သားအိမ်အလုံးတည်ရင်တော့ ရာသီသွေးဆင်းတာ အရင်ကထက် များတာ၊ ကိုက်တာခဲတာ ပိုဆိုးတာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ သတိထားပါ။