ဆရာ ဘာမှမဖြစ်ပဲတာဆေးသောက်ရင်ကောဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲဆရာ

ကောင်မလေးနဲ့အကာအကွယ်မပါ ထိပ်ပိုင်းလေးထည့်မိတယ်သုတ်ရည်တော့မထွက်ပါဘူး ဆရာ ကိုယ်ဝန်ရနိုင်လားဆရာ ဆေးသောက်ဖို့ကျ သူကမရနိုင်ဘူးပြောနေလို့မလိုအပ်ပဲသောက်ရင်ဆိုးကျိုးတွေရ်ှတယ်ပြောနေတာဟုတ်လားဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
1

မှတ်ချက် 1ခု

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။


ဒါပေမဲ့ ဒါက အသက်အန္တရာယ်ထိခိုက်စေတတ်တာမျိုး မဟုတ်တော့ မလိုချင်ဘဲ ကိုယ်ဝန်ရသွားပြီး ဖျက်ချလိုက်ရတာထက်စာရင် အများကြီး တော်ပါသေးတယ်။


မြန်မာနိုင်ငံမှာ မိခင်ကျန်းမာရေးအခြေအနေကလွဲပြီး တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်မပြုလို့ပါ။


မိန်းမကိုယ်ထဲကို လိင်တံထည့်လိုက်ရင် သုက်ရည်မထွက်တောင် အရည်ကြည်မှာ ရံဖန်ရံခါ သုက်ကောင်လေးတွေ ပါနိုင်ပါတယ်။ သားဥကြွေတဲ့ရက်နားမှာ နေဖြစ်တယ်ဆိုရင်တော့ အရေးပေါ်တားဆေးသောက်ဖို့ လိုပါတယ်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။