hiv စစ်ဆေးခြင်း

ကျတော်လေ hivအတွက် ထိတွေ့ပီး ရက် ၁၀၀မှာ Hiv စစ်တယ် ပိုးမတွေ့ဘူး ဒါပေမယ့် လျှာဖြူတာရယ် ဂလင်းရောင်တာရယ်က ၂လလောက်ကြာနေပီ ထပ်စစ်ဖို့လိုသေးလားဗျ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
100
4

မှတ်ချက် 4ခု

HIVမှာ window periodဆိုတာ ရှိတဲ့အတွက် ထိတွေ့တဲ့အချိန်ကစပြီး ၆လပြည့်တဲ့အခါ တစ်ခေါက်လောက်တော့ ထပ်စစ်ကြည့်လိုက်ပါ။ ကိုယ့်ဘာသာကိုယ်စစ်တာထက်စာရင် HIV ဆေးခန်းတွေမှာ စစ်ကြည့်လိုက်တာက ပိုပြီးစိတ်ချရပါတယ်။

လျှာဖြူတာ၊ ဂလင်းရောင်တာတွေက တခြားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကိုလည်း HIV ဆေးခန်းမှာ တစ်ခါတည်း ပြပြီး တိုင်ပင်လို့ရပါတယ်။

လွန်ခဲ့သော 3 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Zayar Phyo

လက္ခဏာမပျောက်သေးဘူးဆိုရင်တော့ သမားတော်တစ်ယောက်ယောက်နဲ့ ပြန်ပြသင့်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ပြောခဲ့သလို HIVအပြင် တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်လို့ပါ။ သွားပြတဲ့အခါ ဆေးစစ်ချက်တွေပါ တစ်ခါတည်း ယူသွားလိုက်ပါနော်။


လွန်ခဲ့သော 3 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဆရာခဗျ ၆လပြည့်တော့လဲစစ်ပီးသွားပီ non ပဲ လက္ခဏာတွေတော့မပျောက်သေးဘူး hiv မရှိတာသေချာလောက်ပီလားခဗျ

ဆေးသွားစစ်တာ SMLမှာသွားစစ်ခဲ့ပါတယ်ခဗျ

လွန်ခဲ့သော 3 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဟုတ်ကဲ့ကျေးဇူးပါဆရာ

လွန်ခဲ့သော 3 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။