please answer

ဟုတ်ကဲ့ပါ ကျေးဇူးပြု၍ဖြေပေးပါခင်ဗျ

မနှစ်က ဘယ်ဘက်အဆုတ်ထဲရေဝင်လို့

ဆရာဝန်ညွှန်ကြားချက်နဲ့tbဆေး၆လသောက်ခဲ့ပါတယ် အလုပ်နဲ့ကြောင့် အစာမစားခင် မနက်၅ခွဲသောက်ရာကနေ ၆နာရီပြောင်းသောက်လိုက်ပါတယ် အဲဒီလိုပြောင်းသောက်ခြင်းကအမှားဖြစ်ပါသလားဗျ


ဆေး၆လပြည့်တော့ဆရာဝန်သွားပြတယ်

ဒါပေမဲ့ပြနေကျဆရာဝန်ကပြောင်းသွားတော့နောက်ဆရာဝန်နဲ့ပဲပြခဲ့ရတယ်ဗျာ ကျွန်တော်ကဘယ်ဘက်ခြမ်းနဲနဲတော့အောင့်သလိုလိုရှိသေးတယ်ပြောတော့ ဆေးတောက်လျှောက်သောက်လာတာမို့ အောင့်တာဖြစ်ပြီး ကြာရင်တောပျောက်မယ်လို့တော့ပြောတယ်


ဒါပေမဲ့အခုဖြစ်နေတာက ဘယ်ဘက်ရင်ဘက်က အမြဲတမ်းလိုအောင့်နေတယ် ပုံမှန်အောင့်တာထက်တော့ပိုပြီးတော့မအောင့်ဘူးဗျ လူလည်းသွားရလာရအခတ်အခဲတော့မဖြစ်ဘူး နဲနဲပဲအောင့်နေတာဆရာ။ ခါးကုန်းကုန်းနဲ့ ထိုင်ပြီးအလုပ်လုပ်တာမျိုုးဆိုရင် ဘယ်ဘက်နောက်ကျောတည့်တည့်က ပူရှိန်းရှိန်းနဲ့ နေရခတ်တယ်ဆရာ လူကတော့ပုံမှန်အတိုင်းပဲဆရာ အဲဒါနဲ့ပတ်သက်ပြီးစိတ်ခံစားနေရလို့

ကျေးဇူးပြူ၍ဖြေပေးပါဦးဗျ

ဘယ်တွေဆောင်ပြီး ဘာတွေရှောင်ရမလဲခင်ဗျ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
18
3

မှတ်ချက် 3ခု

-အမြဲတမ်း ၆နာရီဝန်းကျင်လောက်မှာပဲ သောက်ဖြစ်ရင် ပြဿနာမရှိပါ။

-ဆေးသောက်တာ ၆လပြည့်တော့ အဆုတ်ထဲမှာ ရေကျန်သေးလား။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ကြည့်ပါ။ ရောဂါအသစ်လား ဒါမှမဟုတ် အရင်ရောဂါအဟောင်းရဲ့ ဒဏ်တွေလားဆိုတာ စစ်ဆေးကြည့်လို့ရအောင်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဟုတ်ကဲ့ပါDr

၆လပြည့်တော့ ရင်ဘက်ဓါတ်မှန်ရိုက်ပါတယ်

Resultအရ ဆရာဝန်ပြောတော့ အဆုတ်ထဲမှာ

ရေလည်းမရှိသလို spotတောင်မရှိဘူးပြောပါခင်ဗျ

ဆေးပြီးလို့ ၅လကျော်ရှိနေပါပြီ

ဒါပေမဲ့ဘယ်ဘက်နောက်ကျော လက်ပြန်ကျောရဲ့အောက်က ပူရှိန်းရှိန်းနဲ့ ကြက်သီးမွှေးညှင်းထသလိုပဲဗျာ နေရထိုင်ရတစ်မျိုးကြီးပဲဗျ ပြီးတော့ ရေဝင်ထားတဲ့ဘယ်ဘက်က ညာဘက်လိုပေါ့ပါးမနေဘူးဒေါက်တာ

နောက်ထပ်လည်အဲလိုဆေးတွေမသောက်ချင်တော့ဘူးခင်ဗျ အန္တရာယ်ရှိလားဒေါက်တာဖြေပေးပါဦးခင်ဗျ


လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။