ကိုယ်ဝန်တားခြင်း

မင်္ဂလာပါရှင်

တာဆေးကဒ်ကိုခုမှစသောက်လို့ နားမလည်တာလေးတွေ မေးချင်လို့ပါရှင်🙏

ညီမက လက်မောင်းတားဆေးထည့်ထားတာ ၁.၂.၂၅ မှာပြည့်ပါတယ်ရှင်

ရာသီက ၃နှစ်လုံးမလာပါဘူးရှင် ဒါကြောင့် ရာသီတစ်ခေါက်လာပြီးမှ သောက်ဆေးကဒ်ပြောင်းမယ်ဆိုပြီး နေနေလိုက်ပါတယ်ရှင်

၈.၃.၂၅ မှာ ရာသီစလာပါတယ်ရှင် ဒါပေမယ့် တားဆေးကဒ်ကို ၂၅.၃.၂၅ မှာစသောက်ပြီး ၂၉ ၃.၂၅ မှာအတူနေမိလိုက်ပါတယ်ရှင်

အခုမှ ကိုယ်ဝန်ရနိုင်ချေရှိနိုင်မလားဆိုပြီး သိချင်လို့ပါရှင် ကလေးလဲ ထပ်မယူချင်တော့လို့ပါ

သောက်ဆေးကတော့ Marvelon 28 သောက်တာပါရှင်❤️

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6
1

မှတ်ချက် 1ခု

ရာသီစလာတဲ့ရက်ကနေ ၅ရက်ကျော်မှသောက်တာဆိုရင် ၇ရက်ရက်ရှောင်ပြီးမှ အတူနေလို့ ရမှာပါ။ အခုကတော့ တားဆေးအာနိသင်မရခင် နေလိုက်မိတဲ့ သဘောပါပဲ။ အရေးပေါ်တားဆေးတော့ သောက်လို့ မီပါသေးတယ်။ သောက်ပါ။ အရေးပေါ်တားဆေးသောက်တဲ့ရက်မှာ တားဆေးလည်း ဆက်သောက်ပါ။ အရေးပေါ်တားဆေးကြောင့် ဒီရက်ထဲ သွေးဆင်းနိုင်ပါတယ်။ ဆေးကတ်ကုန်လို့ ၁ပတ်ကြာတဲ့အထိ ရာသီမလာရင် ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်