ကိုယ်ဝန်ပျက်ကျခြင်း
ကိုယ်ဝန်၇ပတ် မှာ မူးပီးခဏခဏအန်နေရာကနေ တရက်မှာဝမ်းကိုက်ပါတယ် ဝမ်းကိုက်နေရင်းနဲ့ သွေးအနဲငယ်စဆင်းပါတယ် နောက်သုံးနာရီလောက်အကြာမှာ တောက်လျောက်စဆင်းပါတယ် နောက်ရက်တွေမှာ အခဲတွေ အများကြီး ဆင်းပါတယ် ၂ပတ်လောက်တောက်လျောက်သွေးဆင်းပီး နောက် အညိုပုတ်အရောင်တွေနဲနဲဆင်းပါတယ် နောက်ပိုင်းဘာမှမဆင်းတော့ပါဘူး အခုလေးရက်နောက်ပိုင်းမှ ပထမရက်သွေးဆင်းတာ အရင်ရာသီလာသလိုဆင်းပါတယ် ဒုတိယရက် တတိယရက် စတုတ္ထရက်မှာ သွေးက အရင်ကိုယ်ဝန်ပျက်ကျခါစကလို အများကြီးဆင်းပါတယ် ငြိမ်ငြိမ်လေးထိုင်နေရင် သိပ်မဆင်းပေမယ့် မတ်တပ်ထရပ်တာ လမ်းနဲနဲလျောက်တာနဲ့ ရှူးထွက်ကျသလိုအများကြီးဆင်းပါတယ် အခဲတုံးတွေတော့မပါပါဘူး အနီရောင်ပဲဆင်းတာပါ