ဘယ်သမားတော်နဲ့ပြသင့်သလဲ
၂၀၂၃ ခုနှစ် ဧပြီလမှာ ခြေဖဝါးနဲ့ခြေမျက်စိမှာ ဖောယောင်လာပါတယ်။သွေးဆီး ကျောက်ကပ် အကုန်စစ်ခဲ့ပေမယ့် ပုံမှန်ပဲလို့အဖြေထွက်ပါတယ်။ ဆရာဝန်ပေးတဲ့ဆေးတွေလည်း သောက်ခဲ့ပါတယ်။ခြေထောက်ယောင်တာ မကျပါဘူး။ ၂၀၂၄ မှာ သွေးဆီး Ultrasound xray အပြင် KUB ပါရိုက်ပြီးစစ်ခဲ့ပေမယ့် ကျောက်ကပ် ကကောင်းတယ်လို့ပဲအဖြေထွက်ပါတယ်။ အခုဆို ၃နှစ်ရှိပါပြီယောင်နေတာ တခြားဘာရောဂါတွေဖြစ်နိုင်သလဲ။ ဘာတွေစစ်ဖို့လိုသလဲ ။ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးနိုင်တဲ့သမားတော်နဲ့ပြချင်မိပါတယ်။ သမားတော် ဘယ်သူနဲ့ပြသင့်သလဲရှင့်။ ကျေးဇူးပါ ရှင့်။














