၃နှစ်အရွယ်

သားသားကာ ၃နှစ် အခု ၁၀လပိုင်းမှာ ပြည့်မှာ ပါ

သူ့ကို ၂နှစ်ကတည်း က ကျောင်း ပျော်ပို့ထားတာ ပါ အခု သားသား က အရာ အားလုံး ပုံမှန် ဖွင့် ဖြိုး ပါတယ် မေမေဖေဖေ က အိမ်တွင်း စီးပွားရေမို့ အမြဲ လက်ပွန်းတသီး နဲ့ နွေးနွေးထွေးထွေး နေရတဲ့ ကလေးပါ တစ်ခါတရံ သူ့အပြုမူ မှားတဲ့အခါ

သူ့ကို နာစေချင်လို့ အသားလေး စပ် အောင် မေး​လဲမေး ရိုက်လဲ ရိုက် လုပ်ပေမဲ့ သားသား က မျက်ရည်ဝိုင်း လာတယ်ဝမ်း နည်း သွားပေမဲ့ အရယ် မပျက်ပဲ မေမေရိုက်လေ မေမေရိုက်လေ ဆိုပြိး ရယ် ပြီး ပြောတတ်တယ် ဟာသလုပ်ပလိုက်တယ် သူ့ကို ကြည့် ပြီး ကိုယ်က စိတ်မကောင်း ဖြစ်တယ်

သူ့ဆရာမ ပြော တာ ကြားဖူးတယ်

သားသား ကိူ ချစ်လို့ရိုက်တာ ချစ်လို့ ပြောတာ

ချစ်လို့ လုပ်ပေးတာ ဆိုတာမျိုး ပြော တာ ကို ကြားဖူးပါတယ် သားသားက အဲ့စကားကို စွဲ သွားပြီး အရိုက်ခံရ အဆူခံ အပြစ်ပေး ခံ ရတဲ့အခါလဲ ချစ်လို့လေ ဆိုတာကိုများ စွဲ သွားသလား

သူလဲ တခြား သူကို ရိုက်မယ် တခြား သူကရိုက်လဲ အချစ်ခံရတယ်လို့အထင်မှား သွားတာလား နောက်ဆက်တွဲ ကောင်း ကျိုး ဆိုးကျိုး ဘာ ဖြစ်နိုင်မလဲ သိပါရစေ ရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
1

မှတ်ချက် 1ခု

ကလေးက နားလည်မှု လွဲနေတဲ့ပုံပေါ်ပါတယ်

အရိုက်ခံရမှ အချစ်ခံရတယ်လို့ ယူဆနေပုံပါပဲ

ဘာလို့ ရိုက်ရတာလဲ အရိုက်ခံရတာ မကောင်းဘူးဆိုတာ သေချာရှင်းပြပါ

ကျောင်းကဆရာမကိုလည်း ပြောပြထားဖို့ လိုပါတယ်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။