Loneliness
သမီးအသက် ၁၇ပါ။ ကျောင်းစတက်တဲ့နေ့ကတည်းက အထီးကျန်လို့ဆိုပြီး ဝမ်းနည်းခဲ့ရပါတယ်။ ကျောင်းလည်း မတက်ချင်တော့ဘူး။ အဖော်မရှိ သူငယ်ချင်းလည်း မရှိဘဲ အမြဲတစ်ယောက်တည်း။ သရဲတကောင်လိုဘဲ။ ကိုယ်တည်ရှိနေတာကို အတန်းဖော်တွေက မသိကြသလိုပါဘဲ။ ပစ်ပယ်ထားကြပါတယ်။ အစမို့လို့မပြောပါနဲ့။ ရင်းနှီးတဲ့သူငယ်ချင်းနှစ်ယောက်ရှိပေမယ့် နှစ်ယောက်လုံးက အသစ်ဝင်လာသူတွေကြောင့် ကိုယ့်ကိုပစ်သွားကြပါပြီ။ ကိုယ်အများကြီးကောင်းပေူခဲ့လျက်နဲ့ ရက်စက်သွားကြတာ တကယ်ခံစားရပါတယ်။ အိမ်က မိဘတွေကလည်း အတ္တသမားတွေပါ။ သမီးစိတ်ခံစားချက် စိတ်အခြေအနေကို လုံးဝမမေးဘဲ သူတို့စိတ်ထင်ရာဘဲ အမြဲဆူပူပြောဆိုနေကြသူတွေပါ။ သမီးအရင်ကလဲစိတ်ခနခနကျပါတယ်။ အဲ့တူန်းကတော့ online က ရင်းနှီးတဲ့ သူငယ်ချင်းအချို့ရဲ့ အားပေးမှုနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီတစ်ခါတော့ မရတော့ဘူးထင်ပါတယ်။ မနှစ်က သမီးတို့ကျောင်းမာ ခုန်ချသတ်သေသွားတဲ့ကောင်လေးတယောက်ရှိပါတယ်။ အဲ့အကြောင်းတွေးမိတော့ သမီးသာ အဲ့လိုလုပ်လိုက်မယ်စို လူတွေဂရုစိုက်လာကြမယ်လို့တွေးမိလာသလို မိဘတွေကိုလဲ အရွဲ့တိုက်ပြီး နောင်တရအောင်လုပ်ချင်စိတ်တွေဝင်လာပါတယ်။ နေ့ရက်တိုင်းက အတူတူပါဘဲ။ ပျော်ရွှင်မှုလည်းမရှိတော့သလို အမြဲပူဆွေးနေရတယ်။ ဆက်ပြီး ရှင်သန်ချင်စိတ်က တဖြည်းဖြည်းပျောက်လာပါတယ်။ အရင်ကထက်ပိုပြီး အိပ်ဖြစ်တယ်။ မထချင်ဘဲ ဘာမလဲ မစားချင်သလို ဘာမမလုပ်ချင်ဘူး။ ပျောက်ကွယ်သွားရင် သိပ်ကောင်းမယ်။
သတ်သေလိုက်ရင် လူတွေ ဂရုစိုက်လာလိမ့်မယ်လို့ မထင်ပါနဲ့။ တကယ်က အဲ့လိုမဟုတ်ပါဘူး။ နာကျင်စရာတွေပဲ ထပ်ရလာမှာပါ။
စိတ်ကျရောဂါအတွွက် ဖေ့ဘွတ်မှာ Suicide Prevention Myanmarဆိုပြီး ရှာကြည့်ပါ။ အဲ့မှာ အခမဲ့ ဆွေးနွေးလို့ရပါတယ်။