တားဆေးသုံးတာကြာရင် ကိုယ်ဝန်ရဖို့ခက်သွားနိုင်သလား။
မေမေတွေ စိုးရိမ်နေတာက တားဆေးသုံးတာကြာသွားရင် ကိုယ်ဝန်ရဖို့ခက်သွားမှာလား။ တားဆေးရပ်ပြီး ကလေးမရသေးတာ ဆေးကြောင့်လားဆိုပြီး ထင်တတ်ပါတယ်။
တကယ်က တားဆေးသောက်ဆေး၊ ထိုးဆေး၊ လက်မောင်းအောက်ထည့်တဲ့ပစ္စည်း၊ သားအိမ်ထဲထည့်တဲ့ပစ္စည်း စတာတွေအားလုံးက ကိုယ်ဝန်ကိုပဲ တားပေးတာပါ။ ကိုယ်ဝန်ကို တားပေးတာနဲ့ မြုံစေတာနဲ့က မတူပါဘူး။
တားဆေးတွေက ကိုယ်ဝန်ပဲ တားပေးပြီး မမြုံစေပါဘူး။
ဒါကြောင့် အမျိုးသမီး သန်းပေါင်းများစွာက တားဆေးမျိုးစုံကို သုံးကြတာပါ။ ဒါကြောင့် မေမေတို့ တားဆေးသုံးလို့ မြုံသွားမှာ၊ ကလေးမရမှာကို စိုးရိမ်စရာ မရှိပါဘူး။ နှစ်နဲ့ချီသုံးပေမယ့် မြုံသွားစေတာမျိုး မရှိပါဘူး။
ကလေးရဖို့ ကြာနေရတာက တစ်ဦးစီရဲ့ ဇီဝဖြစ်စဉ်တွေနဲ့
ဆိုင်ပါတယ်။ ဒါ့ပြင် တချို့တားဆေးတွေက တခြားအမျိုးအစားတွေထက် ကလေးရဖို့ ကြာတတ်ပါတယ်။
ဥပမာ ထိုးဆေးဆိုရင် ကြာတတ်ပါတယ်။ ဒါပေမယ့် ဒါက ကြာတာပဲ ဖြစ်ပြီး မရတာမဟုတ်ပါဘူး။
နောက်ပြီး မေမေတို့ တားဆေးစသုံးတဲ့အရွယ်နဲ့
တားဆေးဖြတ်ပြီး ကလေးယူတဲ့အရွယ်ကလည်း ကွာပါသေးတယ်။ အသက်ကြီးလာလေလေ ကလေးရဖို့ ခက်လေလေပဲဖြစ်ပါတယ်။
... ပိုမိုကြည့်ရှုရန်