Allan-Herndon-Dudley Syndrome (အလန်ဟန်ဒန်ဒတ်လေ ရောဂါလက္ခဏာစု)က ဘာလဲ။
အလန်ဟန်ဒန်ဒတ်လေ ရောဂါလက္ခဏာစုဆိုတာ ရှားပါးတဲ့ ဦးနှောက်ပိုင်းရောဂါဖြစ်ပြီး ဉာဏ်ရည်ချို့တဲ့မှု၊ လှုပ်ရှားသွားလာမှုတွေမှာ ပြသနာရှိနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီပြသနာဟာ ယောက်ျားလေးတွေမှာပဲ ဖြစ်ပွားပြီး မမွေးခင်ကပဲ ဖွံ့ဖြိုးကြီးထွားမှုကို နှောင့်နှေးစေပြီး စတင်ဖြစ်ပွားပါတယ်။ ရောဂါရှိသူ ယောက်ျားလေးတွေဟာ စကားကောင်းကောင်း မပြောနိုင်ခြင်း၊ လူအများနဲ့ ဆက်သွယ်ပြောဆိုရန် ခက်ခဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။