သုတေသနတစ်ခုမှာတော့ DHA စားသုံးမှုက မှတ်ဉာဏ်မကောင်းတော့တဲ့ သက်ကြီးပိုင်းအရွယ် တွေမှာ မှတ်ဉာဏ်စွမ်းရည်တိုးတက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Rush Institute for Health Aging နဲ့ MIND Center for Brain Health တို့ရဲ့ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ Martha Clare Morris ရဲ့သုတေသနအရ တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေတယ်လို့သိရပါတယ်။
ဆော်လမွန်၊တူနာ၊ မက်ကရယ်၊ ငါးသလောက်နဲ့ ဆာဒင်းတို့လို အဆီများတဲ့ငါးတွေမှာ DHA ကြွယ်ဝပါတယ်။ စားသောက်ပုံအာဟာရထဲမှာ အဆီဓာတ် အထူးသဖြင့် ပြည့်ဝဆီနဲ့ trans fats တွေထက် ဟင်းရွက်ဆီကို ပိုစားတဲ့အခါ ဦးနှောက်အာရုံကြောယိုယွင်းမှုရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
ငါးကို ဘာကြောင့် စားသင့်တာလဲ
အရိုးစူးမှာကြောက်လို့၊ အလုပ်ရှုပ်လို့၊ အနံ့ညှီမှာစိုးလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ငါးဟင်းမစားရရေး တို့အရေး လုပ်နေသူတွေ မရနိုင်တဲ့ အကျိုးကျေးဇူးတွေပါ။ ဉာဏ်ကောင်းအောင် ငါးစားရမယ်လို့ လူကြီးတွေပြောကြတာ အလကားမဟုတ်ပါဘူးနော်။ ဘာကြောင့်လဲ ဆက်ပြီးဖတ်ကြည့်လိုက်ရအောင်။
ကြီးထွားဖွံ့ဖြိုးမှု
ငါးရဲ့အရေးပါဆုံးအကျိုးကျေးဇူးတစ်ခုက ပရိုတင်းပါဝင်မှုပမာဏပါပဲ။ တစ်ခါစားပမာဏလောက်မှာပဲ တစ်နေ့တာလိုအပ်တဲ့ပရိုတင်းပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကျော်ကျော်ကိုဖြည့်တင်းပေးလိုက်နိုင်ပါတယ်တဲ့။ ပရိုတင်းဓါတ်ဟာ ကိုယ်တွင်းအင်္ဂါတွေ၊ အမြှေးပါးတွေ၊ ဆဲလ်တွေနဲ့ ကြွက်သားတွေကို ထိုက်သင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်လာအောင်တိုက်ရိုက်အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ကြွက်သားကြံ့ခိုင်ဖို့၊ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုအဆင်ပြေစေဖို့လည်း ပရိုတင်းကိုလိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။