သွေးအုပ်စုအမျိုးအစားလေးမျိုးရှိပါတယ်။ အေ ( A ) ,ဘီ ( B ) ,အေဘီ ( AB )နဲ့ အို (O) တို့ပါ။
စိတ်ပိုင်းဆိုင်ရာ ။ ။ဒိန်းမတ်နိုင်ငံရဲ့ သုတေသနတစ်ခုအရ သွေးအုပ်စု ‘AB’ သွေးပိုင်ရှင်တွေရဲ့ (၈၂) ရာခိုင်နှုန်းလောက်ဟာ မှတ်ဉာဏ်ပျောက်ဆုံးလွယ်ပါတယ်။ အသက်ကြီးရင့်သူ ‘AB’ သွေးပိုင်ရှင် တွေဟာ စိတ်ကစဉ့်ကလျားဖြစ်နိုင်ချေနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ (စိတ်ရောဂါ) ဖြစ်နိုင်ချေများပါတယ်။
သန္ဓေအောင်နိုင်ခြေ ။ ။အမေရိကန်နိုင်ငံ နယူးပြည်နယ်က တက္ကသိုလ်တွေမှာ ပြုလုပ်ခဲ့တဲ့လေ့လာချက်တွေအရ ‘O’ သွေးပိုင်ရှင်အမျိုးသမီးတွေဟာ မျိုးအောင်နိုင်ချေနည်းပါးပါတယ်။ သူတို့ရဲ့ ‘မ’မျိုးဉပမာဏနဲ့ အရည်အသွေးဟာ တခြားသော သွေးအမျိုးအစားပိုင်ရှင်တွေထက် မကောင်းတဲ့ဘက်ကို ရောက်နေပါတယ်။
အစာအိမ်ကင်ဆာ။ ။‘AB’ သွေးပိုင်ရှင်တွေဟာ ‘B’ နဲ့ ‘O’ သွေးထက် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေ (၂၆)ရာခိုင်နှုန်းများပါတယ်။ ‘A’သွေးပိုင်ရှင်တွေကတော့ ‘B’ နဲ့ ‘O’ သွေးပိုင်ရှင် တွေထက် (၂၀) ရာခိုင်နှုန်းပိုများပါတယ်လို့ဆိုထားပါတယ်။ ‘A’ နဲ့ ‘AB’ သွေးတွေဟာ ဆေးလိပ် သောက်ခြင်းနဲ့ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့်ဖြစ်လာနိုင်တဲ့ရောဂါတွေ ခံစားရနိုင် ချေလည်းများပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။